Thursday, March 19, 2009

ခေါင်းဆောင်မှု စိန်ခေါ်သံနှင့် ဒဏ္ဍာရီ အပြင်က ခေါင်းဆောင်များ

နဂါးနှင့် သန်းမွှား
"ကမ္ဘာသမိုင်းမှာ ဒီနေ့လောက် ခေါင်းဆောင်ရှားပါးတဲ့ကာလမျိုး ရှိခဲ့ဖူးမယ်လို့ ကျွန်တော်မထင်ဘူး" မျက်မှောက်ခေတ် ပြင်သစ်သမိုင်းပညာရှင်များအနက် ထိပ်တန်းကပါဝင်သူ 'ယန်းလာကိုတူး' ၏ စကား ဖြစ်ပါသည်။ သူသည် ကမ္ဘာ့ခေါင်းဆောင်စာရင်းဝင်ဖြစ်သော ပြင်သစ်သမ္မတ ချားလ်စ်ဒီဂေါ၏ အတ္ထုပ္ပတ္တိကို ရေးသားသူလည်းဖြစ်သည်။
"ခေါင်းဆောင်တွေ တကယ်ရှိရက်သားနဲ့ ကျွန်တော်ကိုယ်တိုင် နမော်နမဲ့ဖြစ်ပြီး မတွေ့မိတာလားလို့ ပြန်ဆန်းစစ်ပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်တိုးနေရတဲ့ အခြေအနေဆိုးတွေကို ဘယ်သူကမှ ဦးဆောင်ဖြေရှင်းပေးတာ မတွေ့ရလို့ပါပဲ။ ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေလည်း ဘယ်သူမှရှေ့ ထွက်ပြီး ဦးမဆောင်ပါဘူး"
ယန်းလာကိုတူးနှင့် အမြင်တူသူ မနည်းပါလှပေ။ ယင်းတို့အနက် ဂျာမနီနိုင်ငံ ကိုလုန်းတက္ကသိုလ်က လူမှုဗေဒပါမောက္ခ အက်ဒွင်ရူးက ဤသို့ပြောသည်။
"ကမ္ဘာ့နိုင်ငံရေးလောကမှာ ရွက်ကြမ်းရေကြိုတွေပဲ ဦးဆောင်နေပုံပေါက်ပါတယ်။ စီးပွားရေး လုပ်ငန်း နယ်ပယ်မှာ ရှိတဲ့ ပီတာနိယာမ (Peter Principle) ဟာ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်မှာပါ မှန်ကန်နေပုံပဲ။ ပီတာနိယာမက ဘာပြောသလဲဆိုတော့ လူရည်ထက်တွေကို ရွေးချယ်စရာမရှိရင် ရွက်ကြမ်းရေကြိုတွေပဲ တက်လာမှာပဲတဲ့"
၁၉၉၃ ခုနှစ် သမ္မတကလင်တန် အစိုးရဖွဲ့ပြီး လပိုင်းအကြာတွင် American Enterprise မဂ္ဂဇင်းကြီးက စစ်တမ်း တစ်ခု တင်ပြခဲ့သည်။ ထိုအချိန်မှာ ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ခုနစ်နိုင်ငံ (G7) တို့က တိုကျိုတွင် အစည်းအဝေးလုပ်ရန် စိုင်းပြင်းနေချိန်ဖြစ်၏။ မိမိတို့ နိုင်ငံရေးခေါင်းဆောင်၏ ပဲ့ကိုင်ခေါ်ဆောင်ရာနောက်သို့ လိုက်ပါနေရသည့် မိမိတို့နိုင်ငံ၏ လားရာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူပြည်သားတို့ထံ ဆန္ဒခံယူရာ အမေရိကန် ၇၁ ရာခိုင်နှုန်း၊ ကနေဒါ ၇၀ ရာခိုင်နှုန်း၊ ဗြိတိန် ၆၃ ရာခိုင်နှုန်း၊ ပြင်သစ် ၆၁ ရာခိုင်နှုန်းက 'သဘောမကျ၊ မလိုလားကြောင်း' တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ်းလှမ်းလာသည့် ထိပ်တန်းရာထူးတစ်ခုကို လက်သင့်မခံ ငြင်းဆန်ခဲ့သူ မိုက်ကယ်မန်ဒယ်ဘောင်းက 'တိုကျိုမှာလုပ်မယ့် အစည်းအဝေးဟာ ကမ္ဘာပေါ်မှာ အားအကြီးဆုံးနိုင်ငံတွေရဲ့ အစည်းအဝေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အားအပျော့ဆုံးခေါင်းဆောင်တွေရဲ့ အစည်းအဝေးလည်း ဖြစ်တယ်' ဟု ရက်ရက်စက်စက် ဝေဖန် ပြောဆို ခဲ့ခြင်းဖြစ်သည်။
စစ်တမ်းယူခဲ့သည့် အဆိုပါနိုင်ငံကြီးများတွင် ခေါင်းဆောင်ဖြစ်ဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပါ။ နိုင်ငံသား အများစု၏ ရွေးချယ်တင်မြှောက်မှုဖြင့်သာ ခေါင်းဆောင်ဖြစ်ရသော စနစ်အောက်တွင် နိုင်ငံသားအများစု သဘောကျနှစ်သက်နှိုင်သည့် အရည်အသွေးများ မြင်သာထင်သာအောင် ပြသနှိုင်ဖို့ လိုသည်။ အထူးသဖြင့် G7 ၀င်နိုင်ငံမျိုးက နိုင်ငံသားတို့အနေနှင့် ကမ္ဘာကို ၀င်ဆန့်နှိုင်သည့် ပုဂ္ဂိုလ်မျိုးကိုသာ သူတို့ ခေါင်းဆောင်အဖြစ် လိုလားမည် အမှန်ပင်။ ထိုသို့ စိစိစစ်စစ် ရွေးချယ်ခဲ့ပါလျက် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိပြီး ဖင်မနွေးခင်မှာပင် နိုင်ငံသားအများစုတို့က မနှစ်လို့တော့ကြောင်း ပြသပြန်သည်ကား မှန်းချက်နှင့် နှမ်းထွက် မကိုက်မှုကြောင့်ဟုပင် ဆိုရပါလိမ့်မည်။
လန်ဒန်တိုင်းသတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် နောမန်စတုန်းက ယင်းအခြေအနေကို ဂျာမန် ဒဿနဆရာကြီးနီရှေး၏ စကားဖြင့် ဤသို့သရုပ်ဖော်သည်။ 'စိုက်ပျိုးတုန်းက နဂါးများ၊ ရိတ်သိမ်းရတော့ သန်းမွှား' ဟူ၍တည်း။

ခေါင်းဆောင်မှု စိန်ခေါ်သံ

ပြောင်းလဲမှုအရှိန်အဟုန် မြန်လွန်းထန်လွန်းသော မျက်မှောက်ကမ္ဘာကြီးအတွင်း၌ ခေါင်းဆောင်ရှားပါးမှုသည် ဖြစ်နှိုင်ကောင်းသော ခြင်းရာတစ်ရပ်ဟု ဆိုရမည်။ ပြောင်းလဲမှုနှင့်အတူ စိန်ခေါ်မှုအသစ်များ ပြဿနာ အသစ်များလည်း ဘွားကနဲ ဘွားကနဲ ဒွန်တွဲပေါ်ထွန်းလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ခေါင်းဆောင်တစ်ယောက်၏အဖြစ်မှာ 'မဗေဒါက တစ်ပင်တည်း' ဆိုသည့်အဖြစ်ထက် ပိုမိုဆိုးဝါးဖွယ်ရှိသည်။ ပန်းပန်ဖို့ဝေးစွ၊ အထောင်အသောင်းသော ပြဿနာဘဲအုပ်တို့၏ အယက်အကန်ကြားဝယ် အပိုင်းပိုင်း ပြတ်တောက်ကြေမွပြီး လွင့်ပျောက်မသွားဖို့ပင် အတော်ကြီး ဘုရားတနေရမည့်ကိန်း။
သို့သော် စိန်ခေါ်နေသောပြဿနာတို့ကို အကောင်းဖက်မှ ရှုမြင်နှိုင်ပါသေးသည်။ စိန်ခေါ်မှုကို အခွင့်အလမ်း ကောင်းအဖြစ် ခံယူပြီး အောင်မြင်မှုကို ရယူနှိုင်ပါသည်။ အကြပ်အတည်းက ခေါင်းဆောင်ကို မွေးဖွား ပေးသည်ဆိုသော စကားသည် ဤသို့သော အလှည့်အပြောင်းကို ရည်ညွှန်းခြင်းမဟုတ်လော။ စိန်ခေါ်မှုတို့ကို ဦးဆောင်ရင်ဆိုင်၍ အောင်မြင်မှုကို ဦးဆောင်ရယူသူကိုပင် ခေါင်းဆောင်ဟု ခေါ်ဝေါ်သမုတ်ခြင်း မဟုတ် ပါလော။ စိန်ခေါ်မှုတို့ကြောင့် ခေါင်းဆောင်များရှိနှိုင်သကဲ့သို့ သစ်ထွန်းလာသော ခေါင်းဆောင်များလည်း ရှိမည် အမှန်ပင်။
စိန်ခေါ်မှုတို့ကား ကမ္ဘာ့နိုင်ငံရေးနယ်ပယ်၌သာ ရှိသည်မဟုတ်ပေ။ နယ်ပယ်အသီးသီးတွင် ရှိနေသည်။ နယ်ပယ်အသီးသီးတွင် ပြဿနာမျိုးစုံနှင့် ရှုပ်ထွေးပွေလီနေသောကြောင့် လက်ရှိကမ္ဘာ့အနေအထားကို ကမ္ဘာ့ပုံစံပျက်အသစ် (The New World Disorder) ဟုပင် ခေါ်ဝေါ်သူများ ရှိနေသည်။ သို့သော် နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်သံပေါင်းစုံ ထွက်ပေါ်နေခြင်းကို လူသားတိုင်းအတွက် ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အလမ်းများဟု မျှော်လင့်နှိုင်သည်။ လူမှုရေး စီးပွားရေး အိမ်ထောင်ရေးမှသည် ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေးအဆုံး နယ်ပယ်အသီးသီးမှ သောသောညံညံ ထွက်ပေါ်နေသော စိန်ခေါ်သံတို့သည် ခေါင်းဆောင်သစ်တို့ကို လက်ယပ်ဖိတ်ခေါ်နေခြင်းပင်တည်း။

ဒဏ္ဍာရီနှင့် အမှန်တရား
ခေါင်းဆောင်မှုအတွက် စိန်ခေါ်သံတို့မည်မျှညံနေသော်လည်း လူများစုသည်ကား ကိုယ်နှင့်မဆိုင်သယောင် ဖာသိဖာသာနေကြသည်။ ဤသည်ပင် 'ခေါင်းဆောင်ရှားကမ္ဘာကြီး' အတွက် အနာဂတ်မဲ့ဖို့ အလားအလာဖြစ်နေသည်။ လူများစုအနေနှင့် ခေါင်းဆောင်မှုကို ရှောင်ရှားခြင်းသည် ဒဏ္ဍာရီတို့ လွှမ်းမိုးမှုကြောင့်ဟု ခေါင်းဆောင်မှုပညာရှင်တို့က ထောက်ပြကြသည်။ သူရသတ္တိကင်းမဲ့ခြင်းကြောင့်မဟုတ်။ စွမ်းဆောင်ရည်ချို့တဲ့သောကြောင့်မဟုတ်။ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လွဲလွဲမှားမှား ဒဏ္ဍာရီစကားတို့ကို ယုံမှတ်လက်ခံထားသောကြောင့်သာဟု ဆိုသည်။ ယုံတမ်းဒဏ္ဍာရီတို့ကား အမှန်တရားကို ဖုံးကွယ် ဖျောက်ဖျက် သည့် ကိရိယာတစ်မျိုး ဖြစ်၏။
ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် တန်ခိုးသိဒ္ဓိနှင့် ပြည့်စုံသော မဟာပါရမီရှင်များဖြစ်သည်ဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့၏စွမ်းအားသည် တန်ခိုးသိဒ္ဓိမှ လာသည်မဟုတ်။ ရည်မှန်းချက်တစ်ခုအပေါ် ပြင်းထန်စွာ သက်ဝင်ယုံကြည်မှုမှ လည်းကောင်း၊ မိမိ၏ ယုံကြည်ချက်ကို လက်တွေ့ အကောင်အထည် ဖော်လိုသည့် ဆန္ဒမှလည်းကောင်း ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။
ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် တမန်တော်ပရောဖက်များကဲ့သို့ လာမည့်အနာဂတ်ကို အတိအကျ ဟောဖော်ညွှန်ပြနှိုင်သူဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်ထံတွင် အနာဂတ်ရုပ်ပုံတစ်ခုရှိသည်ဆိုရာ၌ ယင်းအနာဂတ်ရုပ်ပုံသည် ထူးခြားဆန်းကြယ်သည့် စိတ်တန်ခိုးမှ ထွက်ပေါ်လာခြင်းမဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်နှင့် မိမိ၏ကိုယ်ပိုင်အတွေးအခေါ်တို့မှ ထွက်ပေါ်လာခြင်းသာဖြစ်သည်။
ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် အံ့မခန်းစွန့်စားမှုတို့ဖြင့် နောက်လိုက်တို့ကို ဆွဲဆောင်ကာ သူအလိုရှိရာသို့ ခေါ်သွားတတ်သူဟု ဆိုသည်။ အမှန်မူကား စွန့်စားခန်းတို့ဖြင့် ဆွဲဆောင်ခြင်းမဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်များကို လေးလေးစားစား တန်ဖိုးထားသောကြောင့် သူထံပါးသို့ နောက်လိုက်များ ၀န်းရံချဉ်းကပ်လာခြင်းသာ ဖြစ်သည်။
ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် ထိပ်ဆုံးတွင် တစ်ကိုယ်တည်း တည်ရှိသူဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့သည် နောက်လိုက်များနှင့် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်သူဖြစ်သည်။
ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် သူတပါးကို ထိမ်းချုပ်သူဖြစ်သည်ဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင် တို့သည် သူတစ်ပါးကို မထိမ်းချုပ်။ သူတစ်ပါးကို အစွမ်းထက်ထက် အလုပ်လုပ်လာနှိုင်အောင် အားပေး ကူညီသူသာ ဖြစ်သည်။
ဒဏ္ဍာရီတို့သည် ခေါင်းဆောင်ကို လူ့လောက၏အထက်သို့ ပို့ဆောင် ထားကြသည်။ ကောင်းကင်ဆန်သော အထွတ်အမြတ်နေရာ၌ တစ်သီးတစ်သန့် ထားကြသည်။ သို့သော် ခေါင်းဆောင်မှုသည် နေရာဌာနတစ်ခုမဟုတ်။ သက်ဝင်လှုပ်ရှားမှုဖြစ်စဉ်တစ်ခုသာ ဖြစ်၏။ ခေါင်းဆောင်၏ အနှစ်သာရကို နေရာဌာနဖြင့် ဖော်ကျူး၍မရ၊ လက်တွေ့အလုပ်တို့ဖြင့်သာ ဖော်ကျူးရပါမည်။

ခေါင်းဆောင်တို့၏ မဂ္ဂင်၅ပါး
ဒဏ္ဍာရီမာယာတို့၏ လွှမ်းမိုးဖမ်းစားမှုကို သုတ်သင်ဖယ်ရှားလိုက်မည်ဆိုလျှင် ခေါင်းဆောင်ဟူသည် လူထဲကလူသာဖြစ်ကြောင်း ထင်းထင်းကြီး မြင်သိပါမည်။ ခေါင်းဆောင်ဟူသည် မွေးရာပါ တန်ခိုးရှင်မဟုတ်။ ဗီဇပါသိဒ္ဓိရှင် မဟုတ်။ သို့သော် သူတို့၌ထူးခြားသော စွမ်းဆောင်အောင်မြင်ချက်များ ရှိသည်။ 'ခေါင်းဆောင်မှုစိန်ခေါ်သံ' ဟူသော စာအုပ်ကို ရေးသားသူ ဂျိမ်းကိုဇက်နှင့် ဘာရီပေါ့ဆနာတို့က ခေါင်းဆောင်တို့၏ ထူးကဲသော စွမ်းဆောင်အောင်မြင်ချက်များကို မြစ်ဖျားခံရာတွင် ခေါင်းဆောင်ဟူသမျှ၌ မချွတ်မယွင်းရှိနေသော ကျင့်စဉ်ငါးပါးကို တွေ့ရှိခဲ့ပါသည်။

၁။တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း
ခေါင်းဆောင်မှုသည် အသေရပ်နေသော ဖြစ်စဉ်မဟုတ်။ လှုပ်ရှားရှင်သန်နေသော ဖြစ်စဉ်ဖြစ်၏။ ခေါင်းဆောင်အများစုက သူတို့၏ အောင်မြင်မှုသည် 'အချိန်ကိုက်နေရာကိုက်ဖြစ်ခြင်း' 'အခွင့်ကောင်းနှင့် ကြုံကြိုက်ခြင်း' ဟု အကြောင်းပြတတ်သည်။ သို့သော် မည်သည့်ခေါင်းဆောင်မျှ 'ကံကြမ္မာ၏မျက်နှာသာပေးမှု' ကို ငုတ်တုတ်ထိုင်စောင့်ပြီး မျှော်တလင့်လင့် လုပ်မနေကြ။ ဒဏ္ဍာရီထဲကခေါင်းဆောင်သည် အေးဆေး တည်ငြိမ်မှုရှိသော အစုအဖွဲ့ကိုကြည့်ပြီး သာယာကြည်နူးတတ်သူဖြစ်သော်လည်း လက်တွေ့ ခေါင်းဆောင် တို့သည်ကား တည်ဆဲအနေအထားကို ပြောင်းလဲပစ်ရေးအတွက် အစုအဖွဲ့ကို လှုပ်ရမ်းသူများ ဖြစ်နေကြသည်။
ခေါင်းဆောင်တို့သည် လက်ရှိအနေအထားကို တင်းတိမ်ရောင့်ရဲခြင်း မရှိတတ်။ ပိုမိုကောင်းမွန်သော အဆင့်သို့တက်ရန် နည်းလမ်းသစ်များ ရှာဖွေတွေ့ရှိဖို့အတွက် မသိကျွမ်းသော နယ်မြေစိမ်းများဆီသို့ ခြေချလိုသူများ ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်သံကို နားစိုက်သည်။ စိန်ခေါ်ချက်ကို ရှာဖွေသည်။ သို့မဟုတ် သူကိုယ်တိုင်က စိန်ခေါ်သံပေးလေသည်။

၂။ အများကြိုက်အနာဂတ်ရုပ်ပုံကို ဖန်တီးတင်ပြခြင်း

အနာဂတ်သည် မသေချာ မရေရာမှုတို့ပြည့်နေသော နယ်မြေစိမ်းတစ်ခုဖြစ်သည်။ ယင်းနယ်မြေစိမ်းသို့ သက်သာ ချောမောစွာ သွားနှိုင်သော လမ်းမရှိ။ ကန္တာရခရီးကြမ်းနှင့် ခရောင်းတောသာရှိသည်။ ထို့ကြောင့် ခေါင်းဆောင်သည် သူ၏ အမျှော်အမြင်ဖြင့် အနာဂတ်ကို အိပ်မက်မက်ကြည့်သည်။ စိတ်ကူးပုံဖော်ကြည့်သည်။ သို့ဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော ဖြစ်နှိုင်ဖွယ်ရှိသော ဖြစ်စေချင်သော အနာဂတ်ရုပ်ပုံလွှာတစ်ခု ပေါ်ထွန်းလာသည်။ ခေါင်းဆောင်မှန်လျှင် ယင်းကဲ့သို့ အနာဂတ်ရုပ်ပုံလွှာတစ်ခုကို ကြည်လင်ပြတ်သားစွာ ပုံဖော်စိတ်ကူးနှိုင်ရမည်။
သို့သော် ကိုယ်တစ်ယောက်တည်း သိမြင်နေရုံနှင့် မလုံလောက်။ သူတစ်ပါးကို တင်ပြနှိုင်ရမည်။ အနာဂတ်ရုပ်ပုံကို ဖန်တီးပြီး အသက်သွင်းရမည်။ သူ၏ စိတ်ကူးအိပ်မက်သည် သူ့အစုအဖွဲ့၏ စိတ်ကူးအိပ်မက်အဖြစ်သို့ ရောက်ရှိရေးအတွက် ကြည်လင်ပြတ်သားသော ဖော်ကျူးတင်ပြမှုကို အားထုတ်ရမည်။ အနာဂတ်နှင့် ပတ်သက်၍ မရေမရာဖြစ်နေသူများ ၀ိုးတ၀ါးဖြစ်နေသူများ သို့မဟုတ် အနာဂတ်ပျောက်နေသူများအတွက် ခေါင်းဆောင်က တင်ပြသော အနာဂတ်ဒီဇိုင်းသည် တကယ့်အားဆေး။ 'အနာဂတ်ရုပ်ပုံမရှိလျှင် ပျက်စီးကြအံ့' ဟူသော ဘိုင်ဘယ်ကျမ်းလာစကားသည် ခေါင်းဆောင်တို့အတွက် လက်စွဲစကားဖြစ်၏။

၃။ အခြားသူတို့ ပါဝင်လုပ်ကိုင်အောင် အားပေးခြင်း

အနာဂတ်ကို အကောင်အထည်ဖော်ရာတွင် ကိုယ်တစ်ဦးတည်းနှင့် မဖြစ်နှိုင်သည်ကို ခေါင်းဆောင်တို့ သိကြသည်။ အစုအဖွဲ့အတွင်း ထူးကဲသော စွမ်းဆောင်အောင်မြင်မှုတို့ကို ရရှိနှိုင်ရေးအတွက် လုပ်ဖော်ကိုင်ဖက်များလိုအပ်သည်ကို သူတို့ မမေ့ကြ။ ထို့ကြောင့်ပင် ခေါင်းဆောင်တို့သည် မိသားစုကဲ့သို့ ရင်းနှီးခိုင်မာသော အစုအဖွဲ့များကို ဖန်တီးကြသည်။
ခေါင်းဆောင်တစ်ယောက်အဖို့ အောင်မြင်မှုဟူသည်မှာ 'မိမိ၏အောင်မြင်မှု' မဟုတ်ပေ။ 'မိမိတို့၏ အောင်မြင်မှု' သာဖြစ်သည်။ ထို့ကြောင့် စွမ်းဆောင်ချက်မှာလည်း 'မိမိ၏စွမ်းဆောင်ချက်' မဟုတ်။ 'မိမိတို့၏ စွမ်းဆောင်ချက်သာ' ဖြစ်၏။ ထို့ကြောင့် ခေါင်းဆောင်သည် မိမိ၏ နောက်လိုက်များ စွမ်းဆောင်ရည်ထက်မြက်ရေးကို အားပေးကူညီသည်။ ခေါင်းဆောင်၏ အားပေးမှုကြောင့်ပင် နောက်လိုက်များ၏ စွမ်းရည်များ တိုးပွားလာခြင်းနှင့်အတူ ထက်မြက်သော လုပ်ကိုင်မှုတို့လည်း ပေါ်ထွန်းလာခဲ့သည်။ နောက်ဆုံးတွင် ယင်းနောက်လိုက်တို့သည် ခေါင်းဆောင်များ ဖြစ်လာကြသတည်း။

၎။စံပြနမူနာဖြစ်ခြင်း
'အလုပ်အကိုင်က လုပ်ပိုင်ခွင့်ကို ပေးပြီး၊ အပြုအမူက လေးစားမှုကို ပေးသည်' ဟူသောစကားရှိ၏။ ခေါင်းဆောင်တို့က နောက်လိုက်တို့ကို အကဲဖြတ်သကဲ့သို့ နောက်လိုက်တို့ကလည်း ခေါင်းဆောင်ကို အကဲဖြတ်နေပါသည်။ နောက်လိုက်တို့အနေနှင့် ခေါင်းဆောင်၏ အပြုအမူသည် ခေါင်းဆောင်၏တန်ဖိုးကို ဖော်ပြချက်ဖြစ်သကဲ့သို့ မိမိတို့ဆောင်ရန်ရှောင်ရန် စံနမူနာများလည်း ဖြစ်နေသည်။ 'ငါတို့ခေါင်းဆောင်ဟာ သူပြောတဲ့အတိုင်း လက်တွေ့လုပ်ရဲ့လား' ဟူသောမေးခွန်းသည် နောက်လိုက်တို့သုံးသည့် မှတ်ကျောက် ပင်ဖြစ်၏။
အစုအဖွဲ့တစ်ခု၏ အောင်မြင်မှုရရှိရေးအတွက် စကားလုံးများ စီမံချက်များနှင့် လုံလောက်ခြင်းမရှိပါ။ ခေါင်းဆောင်တို့သည် မိမိ၏ယုံကြည်ချက်တို့ကို ကိုယ်တိုင် သရုပ်ဖော်ပြကြသည်။ အပြောကို လက်တွေ့လုပ်ပြကြသည်။ အပြောနှင့်အလုပ် တစ်ထပ်တည်းကျခြင်းသည်ပင် ခေါင်းဆောင်၏ ယုံကြည်စိတ်ချရမှု ဖြစ်လေသတည်း။

၅။စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း
အောင်မြင်မှုသို့သွားရာလမ်းသည် ခက်ထန်ကြမ်းတမ်းသော တောင်ထွတ်တောင်ထိပ်သို့ တက်ရသည်နှင့် အလားတူသည်။ ပင်ပန်းဆင်းရဲမှုကို ဇွဲရှိရှိနှင့် ဖြတ်ကျော်နှိုင်ဖို့ လိုအပ်သည်။ ခေါင်းဆောင် နောက် လိုက်ပါသူ တို့မှာ လမ်းခုလပ်တွင်ပင် အားအင်ကုန်ခမ်းသွားတတ်သည်။ လက်လျှော့သွားတတ်သည်။ ထို့ကြောင့် နောက်လိုက်များ ရှေ့သို့ ဆက်လက်လိုက်ပါလာအောင် ခေါင်းဆောင်တို့သည် စိတ်ဓာတ်ခွန်အား သွင်းပေး ကြသည်။
ကုမ္ပဏီကြီးတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဇဖီရိုပိုလိုက သူ၏၀န်ထမ်း ၂၀၀၀ ကျော်ကို နှစ်ပတ်လည် ဆုကြေးပေးအပ်ရာတွင် တကယ့်အခန်းအနားကြီးလုပ်ပြီး ပေးသည်။ 'ဆုကြေးပေးလျှင် စာတိုက်ကပို့ပြီး ပေးတာမျိုး မလုပ်ပါနှင့်။ အခန်းအနားနှင့် ပေးပါ' ဟူသော စကားကို သူလက်ကိုင်ထားသည့် စိတ်ဓာတ် ခွန်အားသွင်းနည်း တစ်မျိုးဖြစ်ပါ၏။
နောက်လိုက်တို့အနေနှင့် မိမိတို့လုပ်ခဲ့ပြီးသမျှအပေါ် ခေါင်းဆောင်တို့က အသိအမှတ်ပြု တန်ဖိုးထား ခြင်းလောက် စိတ်အားတတ်စရာ မရှိ။ ဤအချက်ကို ခေါင်းဆောင်တို့ သိကြသည်။ ကိုယ့်ကိုကိုယ် အောင်ပွဲနှင့် ထိုက်တန်သူများအဖြစ် သဘောပေါက်လာကြသည်။ ယင်းသို့ သဘောပေါက်သွားသူတို့အဖို့ ခေါင်းဆောင်၏ နောက်သို့ ဆက်မလိုက်ဘဲ လက်လျှော့ကျန်ရစ်ခြင်းလောက် ရှက်စရာအလုပ်မျိုးမရှိပြီ။ စိတ်ဓာတ် ခွန်အားသွင်းပေးနှိုင်သော ခေါင်းဆောင်နောက်က လိုက်ပါရခြင်းသည် စိတ်ပျက်စရာမကောင်းဘဲ ပျော်ရွှင်ဖွယ် ကောင်း နေသည်။ ထပ်ရောက်မှ ပျော်ရွှင်မှုကို ရရှိသည်မဟုတ်။ တောင်တက်ရင်းနှင့်ပင် ပျော်ရွှင်မှု ရနေသည်။ စင်စစ် ယင်းသည်ပင် အောင်မြင်မှုပေတည်း။

နောက်လိုက်တို့၏မျှော်လင့်ချက်
အစုအဖွဲ့တို့အတွင်း၌ ထူးကဲသော အောင်မြင်မှုကို ရရှိစေနှိုင်ခဲ့သော ခေါင်းဆောင်မှန်သမျှ၏ အကျင့်အကြံ ငါးမျိုးကား 'ခေါင်းဆောင်မှု' ဟူသော ဇတ်ထုပ်၏ တစ်ဝက်မျှသာဖြစ်ပါ၏။ စင်စစ် 'ခေါင်းဆောင်မှု' သည် ခေါင်းဆောင်တို့၏ အကြောင်းအရာသက်သက် မဟုတ်ပါ။ ခေါင်းဆောင်မှုတွင် နောက်လိုက်တို့၏ အကြောင်းအရာလည်း ပါဝင်ပါသည်။ တစ်စုံတစ်ယောက်ထံတွင် ခေါင်းဆောင်မှုဂုဏ်ရည်များ ရှိမရှိကို ဆုံးဖြတ်သူကား နောက်လိုက်တို့ပင် ဖြစ်ပေ၏။ မည်သူခေါင်းဆောင်ဖြစ်သင့်သည် မည်သူ ခေါင်းဆောင် ဖြစ်ထိုက်သည်ကို နောက်ဆုံး ဆုံးဖြတ်ပြဌာန်းပေးမည့်သူကား နောက်လိုက်တို့သာဖြစ်၏။ ခေါင်းဆောင်မှု ဟူသည် နောက်လိုက်တို့၏ မြင်ကွင်းထဲ၌သာ ရှိသောအရာဖြစ်ပါသည်။
အမေရိကန် စီမံခန့်ခွဲမှုအသင်းကြီးက ကြီးမှူး၍ မန်နေဂျာ ၁၅၀၀ ကို စစ်တမ်းထုတ်ခဲ့သည်။ 'မိမိ၏ အထက် ခေါင်းဆောင်ထံတွင် မည်သည့်ဂုဏ်ရည်တို့ကို အနှစ်သက်ဆုံးဖြစ်သနည်း' ဟူသောမေးခွန်းဖြင့် စစ်တမ်း ကောက်ယူခဲ့သည်။ ယင်းမေးခွန်းနှင့်အတူ ဂုဏ်ရည်ပေါင်း ၂၂၅ မျိုးကိုလည်း ဖော်ပြခဲ့သည်။ ရိုးသားမှု၊ ကျွမ်းကျင်မှု၊ ဦးဆောင်နှိုင်မှု၊ သဘောထားကြီးမှု စသည်ဖြင့်။
တစ်ဖန် ပြည်ထောင်စု စီမံခန့်ခွဲရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ကလည်း အလားတူ မေးခွန်းမျိုးနှင့်ပင် ပြည်ထောင်စု အစိုးရအတွင်းရှိ အကြီးတန်းအမှုဆောင်အရာရှိပေါင်း ၈၀၀ ကို စစ်တမ်း ကောက်ခဲ့သည်။ စင်တာကလာရာတက္ကသိုလ်နှင့် တခြားနေရာများတွင် ပြုလုပ်သော စီမံခန့်ခွဲရေး နှီးနှော ဖလှယ်ပွဲ များတွင် တက်ရောက်လာသည့် ထပ်တန်းမန်နေဂျာပေါင်း ၂၆၁၅ ယောက်ကိုလည်း အလားတူ စစ်တမ်း ကောက်ယူကြည့်သည်။ နောက်ဆုံးစစ်တမ်း၌ ရရှိသောအဖြေကား အောက်ပါအတိုင်းဖြစ်၏။
၁။ ရိုးသားမှု ၈၃%
၂။ ကျွမ်းကျင်မှု ၆၇%
၃။ ရှေ့ရေးမျှော်တွေးပြင်ဆင်မှု၆၂%
၎။ အားပေးလှုံ့ဆော်တတ်မှု
၅။ အသိပညာရှိမှု၄၃%
၆။ မျှတမှု၄၀%
၇။ သဘောထားကြီးမှု၃၇%
၈။ ပွင့်လင်းမှု၃၄%
၉။ စိတ်ကူးစိတ်သန်းကောင်းမှု၃၄%
၁၀။ မှီခိုအားထားနှိုင်မှု ၃၃%

ယုံကြည်မှု ပဓာန
စစ်တမ်းမှန်သမျှတို့တွင် နောက်လိုက်တို့ အလိုလားအနှစ်သက်ဆုံး ခေါင်းဆောင်ဂုဏ်ရည်သည် 'ရိုးသားမှု' ဖြစ်ပါသည်။ ထိုနောက်မှာ 'ကျွမ်းကျင်မှု' လိုက်သည်။ ထိုက်နောက်မှာမှ 'အမျှော်အမြင်' လိုက်သည်။ ထို့နောက်မှာမှ 'အားပေးလှုံ့ဆော်မှု' လိုက်သည်။ ထိပ်ဆုံးဂုဏ်ရည်လေးချက်ကို ပူးပေါင်းလိုက်သော် 'ယုံကြည်စိတ်ချရမှု' ဟူ၍ အဖြေထွက်လာပါတော့သည်။
နောက်လိုက်မှန်သမျှသည် ခေါင်းဆောင်တစ်ယောက်၏နောက်သို့ ယုံကြည်စိတ်ချရမှုဖြင့် လိုက်ပါနေ ခြင်းဖြစ်သည်။ ငွေကြေးသက်သက်ကြောင့် လိုက်နေခြင်းမဟုတ်။ မန်နေဂျာနှင့် ခေါင်းဆောင်တို့၏ ခြားနားချက် သည် ဤနေရာတွင် ထင်ရှားသည်။ မန်နေဂျာတစ်ယောက်သည် သူလက်အောက်ဝန်ထမ်းကို ဆုပေး ဒဏ်ပေး စနစ်ဖြင့် ခိုင်းစေပေလိမ့်မည်။ သူခိုင်းသည့်အတိုင်း လုပ်အောင် လစာတိုးပေးခြင်း၊ ရာထူးတိုးခြင်း၊ ဆုကြေး ပေးခြင်း စသည့်ဆုလာဘ်တို့ဖြင့် ဖျားယောင်းပါမည်။ လစာဖြတ်ခြင်း၊ ရာထူးလျှော့ခြင်း၊ အလုပ်ဖြုတ်ခြင်း စသည့် ပြစ်ဒဏ်တို့ဖြင့် ခြိမ်းခြောက်ပါမည်။
ခေါင်းဆောင်ကား ထိုသို့လုပ်မည်မဟုတ်။ ခေါင်းဆောင်မှု၏ အနှစ်သာရသည် လုပ်သင့် သည်ဟု သဘောပေါက် ထားသော အလုပ်တစ်ခုကို နောက်လိုက်တို့ လိုက်ပါလုပ်ဆောင်ချင်စိတ် ပေါ်လာအောင် လုပ်သည့် အတတ်ပညာ ဖြစ်၏။ ထို့ကြောင့် နောက်လိုက်တို့ကို သူနှင့်အတူ လိုက်ပါချင်စိတ်ပေါ်လာအောင် လုပ်သည့် အတတ်ပညာဖြစ်၏။ ထို့ကြောင့် နောက်လိုက်တို့ကို သူနှင့်အတူ လိုက်ပါချင်စိတ်ပေါ်လာအောင် ခေါင်းဆောင်တို့ ဦးဆုံးလုပ်သည့်အလုပ်မှာ 'နောက်လိုက်တို့၏ ယုံကြည်စိတ်ချမှု' ခံယူရရှိရေး ဖြစ်ပေသည်။ ခေါင်းဆောင်သည် 'ယုံကြည်စိတ်ချရသူ' ဖြစ်ကြောင်း အလုပ်ဖြင့် သက်သေပြသည်။ ယင်းအလုပ်တို့ကား တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း၊ အများလက်ခံနှိုင်မည့် အနာဂတ်ရုပ်ပုံကို ဖန်တီးတင်ပြခြင်း၊ အခြားသူတို့ကို ပါဝင်လုပ်ကိုင်အောင် အားပေးခြင်း၊ စံနမူနာပြဖြစ်ခြင်း၊ စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း စသည့် မဂ္ဂင်ငါးပါးပင် ဖြစ်ပေသတည်း။

အဇ္ဈတ္တမှသည် အနာဂတ်ကမ္ဘာသို့
ခေါင်းဆောင်လိုစိတ်ရှိခြင်းနှင့် ခေါင်းဆောင်နှိုင်မည်ဟု ယုံကြည်ချင်းတို့သည် ခေါင်းဆောင်မှုသို့ သွားရာလမ်း၏ တာထွက်အစ ဖြစ်ပါ၏။ ခေါင်းဆောင်မှုသည် အနုပညာတစ်ရပ်ဖြစ်သည်။ ယင်းအနုပညာကား ကိုယ်တိုင်သရုပ်ဆောင်ရသော အနုပညာ။ အနုပညာရှင်တို့၌ သူ၏အနုပညာကို ဖော်ကျူးရန် ကိရိယာကိုယ်စီ ရှိကြသည်။ ဂီတပညာရှင်၌ တူရိယာများရှိသည်။ ပန်းချီပညာရှင်၌ စုတ်တံနှင့် ဆေးများရှိသည်။ ခေါင်းဆောင်မှုအနုပညာရှင်၌ကား သူကိုယ်တိုင်သည် သူ၏ကိရိယာ ဖြစ်ပေတော့၏။ ခေါင်းဆောင်မှု အနုပညာကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဟူသည် မိမိကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းပင် ဖြစ်သည်။ အဆုံးစွန်အားဖြင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးခြင်းသည် မိမိအတ္တ တိုးတက်ဖွံ့ဖြိုးမှုပင် ဖြစ်ပေ၏။
လေ့လာချက်တို့အရ ခေါင်းဆောင်တို့တွင် ထူးခြားသော အကျင့်အကြံနှင့် ထူးခြားသော ဂုဏ်ရည်တို့ရှိကြောင်း ထင်ရှားသည်။ ထူးခြားသောအကျင့်အကြံနှင့် ထူးခြားသောဂုဏ်ရည်ဟုဆိုရသော်လည်း သာမန် လူတိုင်း စွမ်းဆောင်နှိုင်သော အကျင့်အကြံများချည်းသာ ဖြစ်၏။ သာမန်လူတိုင်း ပိုင်ဆိုင်ရရှိနှိုင်သော ဂုဏ်ရည်များသာ ဖြစ်၏။ လူထက်လွန်သော အကျင့်အကြံနှင့် ဂုဏ်ရည်များ မဟုတ်ကြ။
သို့သော် ယင်းအကျင့်အကြံနှင့် ဂုဏ်ရည်များမရှိဘဲလျက်နှင့် ခေါင်းဆောင်ဖြစ်ချင်၍ကား မရ။ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်၏။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်များအတွက်ကား အခွင့်ကောင်းဟုဆိုရပေမည်။ အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံခံယူချက်သည် 'မိမိမှတစ်ပါး အားထားကိုးကွယ်ရာမရှိ' ဟူ၍ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်သည် 'မိမိကိုယ်ကို ပိုင်နိုင်ရေး' ပင်ဖြစ်သောကြောင့်တည်း။
မျက်မှောက်ကမ္ဘာကြီးကား အရှိန်အဟုန်ကြီးစွာပြောင်းလဲနေသည်။ ယင်းပြောင်းလဲမှုသည် နယ်ပယ်အသီးသီးကို ရိုက်ခတ်နေသည်။ ပုဂ္ဂလိက တစ်ဦးချင်းမှအစ အိမ်ထောင်ရေး၊ နိုင်ငံရေး၊ ကမ္ဘာရေးအစုအဖွဲ့တို့အဆုံး ပြောင်းလဲမှုဒဏ်ကြောင့် သိမ့်သိမ့်တုန်နေသည်။ ယင်းကို 'အနာဂတ်သွေးလန့်မှု' ရောဂါအမည်တပ်သူက တပ်သည်။ သို့သော် ခေါင်းဆောင်တို့သည် အနာဂတ်ကို မထိတ်လန့်။ အဘယ်ကြောင့် ထိတ်လန့်မည်နည်း။ အနာဂတ်သည် ခေါင်းဆောင်တို့၏ ကြီးစိုးရာနယ်ပယ်ဖြစ်သည် မဟုတ်ပါလော။
'ကျွန်ုပ်သည် တောင်တန်းကြီးကို အောင်နိုင်သည်မဟုတ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းသာ ဖြစ်သည်။ ကိုယ့်ကြောက်ရွံ့စိတ်၊ ကိုယ့်သံသယစိတ်များကို အောင်နိုင်ခြင်းသာဖြစ်သည်' ဟု ဧ၀ရက်တောင်ကို ဦးဆုံး တက်ခဲ့သူ ဂျင်ဝှစ်တိတ်ကားက ပြောသည်။
ကျွန်တော်တို့လူသားများသည်လည်း မိမိကိုယ်ကို အောင်နိုင်ခြင်းဖြင့် အနာဂတ်ကမ္ဘာကြီးကို ဦးဆောင်နှိုင်ရမည် ဖြစ်ပါ သတည်း။
မောင်သာမည
Where Have All The Leaders Gone?
By James Walsh
The Leadership Challenge By J.M. Kouzed And B.Z. Posner

(အထက်ပါစာတမ်းကို ABSDF ကျောင်းသားတပ်မတော် လေ့လာရေးစာစဉ် အမှတ် (၄) တွင် ဖော်ပြခဲ့ ဖူးပါသည်။)

Tuesday, March 17, 2009

၂၀၁၀ ရွေးကောက်ပွဲက ဖန်တည်း နိုင်တဲ့ အပြောင်းအလဲ တခု


မတ်လ(၁၇) ရက်၊ ၂၀၀၉
၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ နီးလာလေလေ တချို့လူတွေ မရိုးမရွဖြစ်လေ ဖြစ်နေတာကို ဒီနေ့တွေ့နေရပါတယ်။ ပြည်သူလူထုက နည်းနည်းမှ စိတ်မဝင်စားတဲ့ ဒီရွေးကောက်ပွဲကို အင်အားစုပေါင်းစုံက အမျိုးမျိုး တုံ့ပြန် နေကြ ပုံတွေဟာ စိတ်ဝင်စားစရာတော့ အကောင်းသားလို့ ပြောရမလို ဖြစ်နေပါတယ်။

၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးမှ စစ်အစိုးရက အသိအမှတ်ပြုတာ ငြင်းပယ် ခြင်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကိစ္စကို စကားထဲတောင် ထည့်အပြောမခံပါဘူး။ ပြည်ပရောက် အင်အားစုတွေထဲမှာ တချို့က ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ကြေညာနေကြသလို တချို့ ကတော့လည်း “နှစ်ခါခေါ်မှ” ဆိုတာမျိုး ညိုမြလုပ်နေကြပါတယ်။ ပြည်တွင်းမှာလည်း နအဖက အသံလေးပေး လိုက်တာနဲ့ ချို(ဂျို) ကြွနေကြ သူတွေဟာ ရွေးကောက်ပွဲဝင်ရေးစီမံကိန်းတွေကို ပြောင်ကြေညာ လုပ်ကိုင်နေကြပါပြီ။ တချို့ကတော့လည်း ရွေးကောက်ပွဲဥပဒေ ထွက်မလာသေးလို့ဆိုပြီး လည်ပင်း ကိုးတောင်ကျော် မျှော်တော်ယောင် လုပ်နေကြပါတယ်။ ဒါ့အပြင် ပြည်တွင်းရောပြည်ပမှာပါ နအဖကတောင် မောင်မောင် မခေါ်သေးဘူး ‘ဗျာ’ ထူးပြီးနေပြီ ဆိုတဲ့လူမျိုးတွေလည်း မနည်းဘူး တွေ့နေရပါတယ်။

ပြောရရင် ဒီမျှော်တော်ယောင်လုပ်နေသူတွေအဖို့တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘာမှ ပြဿနာ မရှိပါဘူး။ သူတို့အဖို့ သူတို့လိုချင်တဲ့ အမတ်နေရာလေး တခုနှစ်ခုကိစ္စပဲ အရေးကြီးပါတယ်။ တပြည်လုံး ဘာဖြစ်သွား မလဲ ဆိုတာ အရေးမကြီးပါဘူး။ တချို့ကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်မပါတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တွေဟာ နအဖဘက်ရဲ့ အမတ်လောင်းနဲ့ ယှဉ်ပြိုင် အရွေးခံသူ ဘယ်သူ့ကိုမဆို မဲပေး မှာပဲ။ ဒါကြောင့် နိုင်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွက်ကြဟန်တူပါတယ်။ ဒါကြောင့် သူတို့တတွေက တက်ကြွနေကြတာပါ။ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံကျကျ ဆန့်ကျင်သူတွေကျတော့ နအဖရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ့်ပြဿနာကြီး ဖြစ်နေပါတယ်။

စစ်ဗိုလ်ချုပ်တွေက သေနတ်ပြပြီး မဲထည့်ခိုင်းထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိဒါန်းကနေ နောက်ဆုံး အခန်း (၁၅) အထိ ပြဿနာတွေ ဒင်းကြမ်းပဲဖြစ်ပါတယ်။ နိဒါန်းတခုလုံးရဲ့ အနှစ်သာရဟာ သူတို့ရဲ့ “အမျိုးသား ညီလာခံ” ဆိုတာကြီးက ချမှတ်တဲ့ အခြေခံမူတွေ၊ အသေးစိတ်မူတွေကို အတင်းလက်ခံခိုင်းပြီး “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” ရလဒ်ကို အတည်ပြုပေးပါတယ်လို့ အတင်းလက်ခံ သဘောတူခိုင်းတာပဲဖြစ်ပါတယ်။ တနည်း ပြောရရင် သူတို့ကြိုက်တဲ့ လူတွေနဲ့ ကြိုက်သလိုလုပ်ခဲ့ကြတဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးကိုပါ အသိအမှတ် ပြုခိုင်းတာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၄) မှာကျတော့ နဝတ-နအဖ အာဏာရစစ်ဗိုလ်ချုပ်တွေက မာရှယ်လော ခေတ်မှာ တတိုင်းပြည်လုံး ဗြောင်းဆန်အောင် သူတို့လုပ်ချင်တိုင်း လုပ်ခဲ့သမျှကို သင်ပုန်းချေ၊ လွတ်ငြိမ်းခွင့် ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ထုတ်ပြန်ခဲ့တဲ့ ဥပဒေအမိန့်တွေကိုလည်း ဆက်လက်အတည်ပြု လက်ခံသွားရမယ်လို့ တောင်းဆိုထားပါတယ်။ ဒါက ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ထိပ်နဲ့ဘိတ်ကိုသာ အလွယ်မြင်သာအောင် ထောက်ပြထားတာဖြစ်ပါတယ်။ တကယ်ကျတော့ ဒီဥပဒေတခုလုံး၊ တအုပ်လုံး၊ အခန်းတိုင်းကို သေချာကြည့်လိုက်ရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ် တည်မြဲနေရေးအတွက် ရေးထားတာ ချည့် ဖြစ်ပါတယ်။

ဒါကြောင့် ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ဘယ်လိုသဘောထားတယ်၊ ကြည့်မြင်တယ်ဆိုတာဟာ ဒီနေ့ နိုင်ငံရေးမှာ အင်မတန် အဓိကကျတဲ့ စံတခုဖြစ်နေပါတယ်။ ဒီတကွေ့မှာ ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ထောက် ခံတယ် (နအဖ အုပ်ချုပ်မှုအောက်မှာ နေရလို့ ပြောင် မဆန့်ကျင် နိုင်သူတွေကို မဆိုလိုပါ)၊ မထောက်ခံဘူးဆိုတာဟာ ရပ်တည်ချက် ပြဿနာဖြစ်နေပါတယ်။ မူဆိုင်ရာပြဿနာလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ရေရှည်ကမ္ဘာတည်အောင် စီမံထားမှန်း ဒါလောက် သိသာနေပါလျက်နဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ထောက်ခံ တယ်ဆိုတာဟာ သာမာန်သဘောထား ပြဿနာ မဟုတ်ပါဘူး။ နအဖနဲ့ တွေ့ဆုံစကားပြောရေးကို တောင်းဆိုနေကြ တဲ့အချိန်မှာ မတွေ့ဆုံ၊ စကားမပြောရဘဲ သူတို့ချပြတဲ့ အချက်တွေကိုပဲ တချိုးတည်း လက်ခံ လိုက်တာမျိုးဖြစ်နေတော့ ဒါဟာ ဘယ်အဓိပ္ပာယ်သက်ရောက်သလဲ စဉ်းစားစရာဖြစ်ပါတယ်။ တဖက်က ပစ်ပေးတာကို အလုံးလိုက် အခဲလိုက် မျိုချသလိုဖြစ်နေတာကို အားမနာတမ်းပြောရရင် ဒါဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံနဲ့ လက်ရှိပြည်သူ့အရေးတော်ပုံ တို့ကို သစ္စာဖောက်ရာကျပါတယ်။ ထောင်ထဲရောက်ဖူးသူတွေ အနေနဲ့ဆိုရင် “ပေးတာယူ၊ ကျွေးတာစား၊ စကား မများနဲ့”ဆိုတဲ့ အင်မတန်နားခါးစရာ ကောင်းတဲ့ ဆူငေါက်သံ တွေကို ပြန်သတိရကြမှာပါ။

နောက်တွေ့နေရတာတခုက ဒီရွေးကောက်ပွဲအကြောင်းကိုပဲပြောပြီး လူတွေကို ဒီကိစ္စထဲမှာပဲနစ်နေ၊ အာရုံ မျောနေ အောင်လုပ်တာပါပဲ။ အဓိကလုပ်ရမယ့် နအဖဆန့်ကျင်ရေးကွန်ရက်တည်ဆောက်ရေး၊ တက်ကြွသူ ဖော်ထုတ်ရေး၊ ကွန်ရက်တွေချိတ်ဆက်ရေး စတဲ့လုပ်ငန်းတွေကို ဘေးချပြီး ဒီရွေးကောက်ပွဲကိစ္စကိုပဲ ရေးကြီး ခွန်းကျယ်၊ တကယ့်နိုင်ငံရေးလုပ်ငန်းကြီးလို ဖြစ်အောင် တမင်လုပ်နေသူတွေ ရှိနေပါတယ်။ သူတို့ဟာ နအဖက ခိုင်းလို့များ လုပ်နေတာလားလို့တောင် စဉ်းစားစရာဖြစ်ပါတယ်။ တချို့ကဆိုရင် ဒါဟာ နောက်ဆုံးရထား မမီ လိုက်မရှိစေနဲ့လို့ လက်ယပ်ခေါ်လို့များတောင် နေပါတယ်။

အခုအချိန်အထိ နအဖစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ၊ ပါတီထူထောင်ခွင့်ဥပဒေ စတာတွေနဲ့ ပတ်သက်လို့ ဘာမှ မပြောသေးတာဟာ သူတို့စစ်တပ်ထဲက ဘယ်သူတွေကို ဘာတာဝန်ယူခိုင်းရမယ်၊ ဘာပါတီ နာမည် ခံခိုင်းရမယ်၊ ဘယ်ဒေသမှာ အမတ်ဝင်ရွေးခိုင်းရမယ်၊ ဘာဝန်ကြီးလုပ်ရမယ် စတဲ့ နေရာချထားမှုတွေ မပြီးပြတ် သေးလို့သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တပ်တွင်းရော၊ တပ်ပြင်ပါ အများကြီး ကုလားဖန်ထိုးရအုန်းမှာဖြစ်ပါတယ်။ ဒီတခါ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမှာတောင်မှ ပြတ်ပါ့မလား မသိပါဘူး။ ဒါမျိုးဟာ အဝေ မတည့်ရင်တသက်လုံး မပြေနိုင်တဲ့ရန်ညှိုးဖြစ်သွားနိုင်တယ်၊ ဂိုဏ်းဂဏကြီးတွေ ဖြစ်သွားနိုင်တယ်ဆိုတာ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ အသိဆုံးပဲဖြစ်ပါတယ်။

နအဖစစ်အစိုးရဟာ ဒီရွေးကောက်ပွဲကို လာရောက်စစ်ဆေးနိုင်ပါတယ်လို့ “အင်မတန်သဘောထားကြီးစွာ” ပြောနေတာ၊ ပြည်တွင်းပြည်ပရှိ ဗမာနိုင်ငံသားတွေ၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအပါကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနေတာ စတာတွေကို ထောက်ရင် ဒင်းတို့တတွေ ဒီရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက် အများကြီး ထားတယ် ဆိုတာကို တွေ့နိုင်ပါမယ်။ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲကို ဖြတ်သန်းလိုက်တာနဲ့ သူတို့ရဲ့ စစ်အာဏာရှင် အစိုးရဟာ နတ်ရေကန်ထဲခုန်ချလိုက်သလို နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့တဲ့ အရပ်သား အစိုးရတရပ် ဖြစ်သွားမယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် သူတို့လူတွေသာ နေရာများများ အနိုင်ရ လိုက်လို့ကတော့ ဗိုလ်သန်းရွှေ တို့တတွေက “သားရွှေအိုး ထမ်းလာတာတွေ့ရတယ်” လို့ ယူဆသွားမှာပါ။

ဒီတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မယ်တကဲကဲလုပ်နေသူတွေ အနေနဲ့ အစာကိုပဲငမ်းပြီး အရမ်းတိုးဝင်ရင် ထောင်ချောက်ထဲ ရောက်သွား လိမ့်မယ် ဆိုတာ သတိပြုသင့်ပါတယ်။ တဘဝလုံးလုပ်ခဲ့ သမျှ ဒီတလှမ်း၊ ဒီတကွက်နဲ့ ပျက်စီးသွားနိုင်ပါတယ်။ ကိုယ်သေပြီး တဲ့နောက်တောင်မှ အမည်း ကွက်ကြီးအဖြစ်ကျန်ရစ်ခဲ့မှာပါ။ ဘယ်လိုမှဖျက်မရနိုင်ပါဘူး။ တချို့ အကြိမ်ကြိမ်လက်နက်ချနေသူ တွေကိုကြည့်ပြီး လက်နက်ချ တာများ ခက်တာမှတ်လို့ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ အင်မတန် အစဉ်အလာ ကြီးပါတယ်ဆိုတဲ့ လူတွေ လက်နက်တခါ ချလိုက်တာနဲ့ ဘဝတခုလုံး လုပ်ခဲ့တာတွေအပါ မြောင်းထဲရောက်သွားတာကို မမေ့သင့် ပါဘူး။

အတိုက်အခံတွေထဲမှာ ဒီရွေးကောက်ပွဲအကြောင်းပြပြီး ကတ္တီပါလမ်းခွဲဖြစ်သွားတာ၊ ကျောခိုင်းကြတာ၊ ဒါမှ မဟုတ် မိတ်ဆွေအဖြစ်ကနေ ရန်သူဖြစ်သွားတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ တချို့လက်နက်ကိုင် အင်အားစု တွေထဲမှာ တောင်မှ ဒါမျိုးတွေကို မကြာမကြာတွေ့နေရပါတယ်။ တကယ်တော့ ရဲဘော်ရဲဘက်ချင်း၊ မိတ်ဆွေ ချင်း၊ ဘယ်သူမှ အဲဒီလိုမဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ဒီသမိုင်းတကွေ့ဟာ ဗမာပြည်နိုင်ငံရေးမှာ ထူးခြားတဲ့ အကွေ့ကြီးတခု မဟုတ်ပါလား။


Saturday, March 14, 2009

We Will Boycott Election: CRPP

By LAWI WENG Friday, March 13, 2009

COMMENT(7)
E-MAIL
PRINT
The Committee Representing the People’s Parliament (CRPP) will not participate in next year’s general election in Burma unless political prisoners are released and the junta agrees to a review of the constitution, according to Aye Thar Aung, a spokesman for the committee, who spoke to The Irrawaddy on Friday.

“The release of political prisoners is the first step toward democracy,” he said. “The second is to allow for a review of the new constitution. If not, we will not be involved in the election.”

The announcement came after a meeting was held in Rangoon on Thursday between representatives of the five political parties that comprise the CRPP coalition: the National League for Democracy (NLD), the Shan Nationalities League for Democracy, the Mon National League for Democracy, the Arakan League for Democracy, and Zomi National Congress.

Between them, the five parties took 89 percent of the electoral votes at the 1990 general election—some 433 of the parliament’s 485 seats—with the NLD winning a landslide victory.

However, the elected representatives were never allowed to take power and many of their members were subsequently arrested and imprisoned by the military junta.

Despite the announcement, Nyan Win, a spokesperson for the NLD, refused to comment to The Irrawaddy on Friday about the CRPP decision or the 2010 election.

The NLD has previously called on the Burmese military regime to review the new constitution and release all political prisoners, including its general secretary, Aung San Suu Kyi.

At the 14th Asean Summit in Thailand last month, Burmese Prime Minister Thein Sein reportedly promised that Burma would allow United Nations to monitor the 2010 election, a date for which still has not been announced.

But Aye Thar Aung said that allowing the international community to monitor next year’s general election is not as important a factor as the need to review the new constitution.

“It is simply unacceptable that the military will reserve 25 percent of seats in the parliament for itself according to the new constitution,” he said.

He added that the CRPP seeks meaning dialogue between the military junta and the opposition groups for the future of democracy in Burma.

Some leaders of political parties within the CRPP are still in detention, including Suu Kyi and Tin Oo of the NLD, and ethnic Shan leader Hkun Htun Oo.

Friday, March 13, 2009

မြန်မာနိုင်ငံ့ လူ့အခွင့်အရေးနေ့ နိုင်ငံတကာတွင်ကျင်းပ

လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပသည့် ၂၁ နှစ်မြောက် ဖုန်းမော်နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ဓာတ်ပုံ - ကိုလတ်


၂၁နှစ်မြောက်လူ့အခွင့်အရေးနေတွင် BPPU ၏ထုတ်ပြန်ကြေငြာချက်



ဗကသအဖွဲ့ချုပ် (အထက်ဗမာပြည်-ယာယီ) ၏ ၂၁ နှစ်မြောက် ဖုန်းမော်နေ့ သ ဘောထားထုတ်ပြန်ချက်

မတ်လ ၁၃

မြန်မာနိုင်ငံ လူ့အခွင့်အေ၇းနေ့ကို ကမ္ဘာ့နိုင်ငံအချို့တွင် တပြိုင်တည်းကျင်းပနေ ကြကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံတွင် ၂၆နှစ်ကြာ တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျရေးနှင့် ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လူထု လှုပ်ရှားမှု အထိဖြစ်ပေါ်စေခဲ့သော သမိုင်း ၀င်နေ့တစ်နေ့ဖြစ်သည်။

အန္ဒိယ၊ ထိုင်း၊ ဂျပန်၊ အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံ များတွင်လည်း အခမ်းအနားများ ကျင်းပကြသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေ၇ာတွင် ဆွမ်းကျွေး တရားနာပွဲနှင့်အတူ နိုင်ငံရေးစကားဝိုင်းကို ၁၉၇၄ ကျောင်းသား ဟောင်းများ၊ ၈၈ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများ၊ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ကျောင်းသားများ အဖွဲချုပ်က ကျောင်းသား ကြီးများက ကျင်းပခဲ့ကြသည်။

ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သူ ကဗျာဆရာ ကိုလွဏ်းနီက “မဆလစနစ်ဆိုးကြီးကို ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်သူတွေ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တာပါ။ ပြည်သူတွေ ပူးပေါင်းပါဝင်မှ လူထု အောင်ပွဲဆိုတာ ဖြစ်လာတာပဲ။ ခွပ်ဒေါင်းသွေးတွေ ရဲရဲနီဆဲပါ။ ခွပ်ဒေါင်းအလံတွေကို လက်ဆင့်ကမ်း သယ်ဆောင်ကြဆဲပါ။ ခေတ်အဆက်ဆက် ဗိုလ်အောင်ကျော်တို့ ခေတ်က နယ်ချဲ့ ကို တော်လှန်ခဲ့ကြ ဗိုလ်ချုပ်အောင်ဆန်းတို့ အလယ် ခုနောက်ဆုံးအထိ တွန်းလှန်ခဲ့ကြတယ်။ အာဏာရှင်တွေ သတ်ဖြတ်ခဲ့လို့ တစ်နိုင်ငံလုံးဆိုရင် သောင်းချီပြီး သေမယ်လို့ ခန့်မှန်း၇ပါတယ်။ ရင်ကော့ပြီး စတေးခဲ့ကြတဲ့ ကျောင်းစိမ်း အဖြူတွေနဲ့ ကျောင်းသားငယ် တွေရဲ့  သွေးတွေ ကတ္တရာလမ်းပေါ်မှာ ရှိနေပါသေးတယ်။ အောင်ပွဲကို ဆောင်ကျဉ်း နိုင်တဲ့ အထိကျနော်တို့ ခိုင်ခိုင်မာမာ တိုက်ပွဲဝင်သွားမယ်လို့ ကျနော်တို့ နှလုံးသွင်းထားပါတယ်။ မတ်လကျောင်းသား သွေးမြေကျတိုက်ပွဲကို အာဏာရှင်တွေက အရပ်သားနဲ့ ကျောင်းသားရန်ဖြစ်တာလို့ ခုထိ သမိုင်း ကို လိမ်ဖို့ကြိုးစားတုန်း ဖြစ်တယ်''ဟု ပြောသည်။

၁၉၈၈ ရန်ကုန်တက္ကသိုလ် ဗကသ အဖွဲ့မှ ကိုတင်အေးက'' ကျနော်တို့တခါမှ မမြင်ခဲ့ဖူးတဲ့ ကျောင်းသား သမဂ္ဂ ခွပ်ဒေါင်း အလံကို မတ်လ၁၆ရက်နေ့မှာ ၇န်ကုန်တက္ကသိုလ်မှာ စပြီးတော့ ကျနော်တို့ ကိုယ်တိုင် လွှင့်တင် နိုင်ခဲ့တယ်။ စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပြီ။ ၇န်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို သွားပေါင်းမယ်ဆိုပြီး လုပ်နေတဲ့ အခါ ပစ်သတ်တာပါ။ ကျနော်တို့၈၈မှာပါဝင်ခဲ့တယ်။ ခုမျိုးဆက်သစ် ကျောင်းသားတွေ ၂၀၀၇ မှာ ဆက်ကိုင်တယ် ကျောင်းသား အဆက်ဆက်ဟာ အာဏာရှင်ကို တော်လှန်တယ်။ တစ်ဦးချင်း ကြောက်ကောင်း ကြောက်မှာဖြစ်ပေမယ့် ကျောင်းသားထုဆိုတာနဲ့ တပြိုင်နက် ပြည်သူရှေ့က မားမားမတ်မတ် သမိုင်း တလျှောက်မှာ ရပ်တည်ခဲ့တယ်။ ကျနော်တို့ ထောင်ကျနေ ချိန်မှာ မမွေးသေးတဲ့ ကလေးတွေ ခုခွပ်ဒေါင်း အလံကို ဆက်ကိုင်ကြတယ် အားရကြေနပ်ပါတယ်''ဟုပြောသည်။
အာဏာပိုင်များ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးသည့် နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အေ၇းနေ့ အဖြစ် သတ်မှတ် ကျင်းပလာခဲ့သည်မှာ ယခု ၂၁နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်ရှိ စက်မှုတက္ကသိုလ်ကို မြန်မာ စစ်တပ်က စစ်တလင်းပြင်သဖွယ် စီနင်းတိုက်ခိုက်မှုနှင့် မတ်၁၆ ရက်နေ့ ရန်ကုန်ပင်ပမက္ကသိုလ် အနီး အင်းယားဘေး တံတားဖြူကား မှတ်တိုင်တွင် စုဝေးနေသော ကျောင်းသားများကို ထပ်မံ၍ ပစ်ခတ်ခဲ့သည်။

၁၉၈၇ခုနှစ်လည်က တိုင်းပြည်တွင်း သုံးစွဲနေသော ငွေစက္ကူများကို မဆလအစိုးရက တရားမ ၀င် ကြေညာခဲ့သည်မှ စ၍ မြန်မာပြည်သူများ မကြေနပ်မှု ဖြစ်ပေါ်နေခဲ့သည်။ ၁၉၆၂ ကျောင်းသားဟောင်းများနှင့် ၁၉၆၇ ခုနှစ် ကျောင်းသားဟောင်းများ၏ မြေအောက် လှုပ်ရှားမှုများကလည်း များစွာ အရာရောက်ခဲ့ကြောင်း ကျောင်းသားများက ပြောသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

၂၀၀၉စုစည်းလှုပ်ရှားမှုကော်မတီမှ အမှန်တရားဂျာနယ် အတွဲ၁ ထုတ်ဝေ

The Truth Journal မျက်နှာဖုံး

မူရင်းPDF ဖိုင်ဒေါင်းလုပ်ရယူရန်
The Truth Journal Volume 1

တိုက်ရိုက်လေလှိုင်း အစီအစဉ်တစ်ခုတွင် မကြာသေးမီ အချိန်ကမှလွတ်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ဒီဖွဲ့စည်းပုံအတိုင်းသွားရင် ငရဲရောက်မှာပဲ”ဟု ဖြေသွားခဲ့သည်။ အတိုဆုံး၊ အရှင်းလင်းဆုံးနှင့် အမှန်ကန်ဆုံး အဖြေဟုပင် ဆိုရပါမည်။

၁၉၆၂ ခုနှစ်က ဦးနေဝင်း စစ်အာဏာသိမ်းခဲ့သည်။ ၁၉၇၄ခုနှစ်တွင် ၄င်းတို့အတွက် တရားဝင် မှုကို အတည်ပြုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အရပ်သား အစိုးရအသွင် ပြောင်းကာ ၂၆နှစ် တိုင်တိုင် အုပ်ချုပ်ခဲ့သည်။ ထို၂၆နှစ်တာကာလ၌ တိုင်းပြည် အတွင်းဘာဖြစ်ခဲ့သည်ကို လူထု အသိပင်။ အဆိုးဆုံးမှာ ထိုအာဏာရှင် အသိုင်းအဝိုင်း အစဉ်အဆက်၏ အောက်တွင် ပြည်သူအားလုံး ကျွန်သဘောက်ဘဝဖြင့် ရုန်းကန်ရှင်သန် ခဲ့ကြရသည်။

ဆုံးရှုံးခဲ့ရသော အသက်များ၊ ဘဝများ သယံဇာတနှင့် စည်းစိမ်ဥစ္စာများ ငွေကြေးတန်ဘိုးများ က ရေတွက်၍ပင်မရ။ ယခု စစ်အာဏာရှင်များသည် ဦးနေဝင်း၏ လက်ရင်း ငယ်မွေးခြံပေါက် များဖြစ်သည်။ အာဏာအတွက်ဆိုလျှင် သံဃာတော်များကိုပင် သတ်ဝံ့သူများ။ အနိုင်ကျင့် ဖိနှိပ် ရက်စက်မှုများတွင် ဆရာထက် တပည့် လက်စောင်းထက် သူများ။

၁၉၇၄ခုနှစ် ဖွဲစည်းပုံသည် ဆိုရှယ်လစ်အမည်ခံသူတို့၏ မဆလပါတီကို ခိုင်မာရှည် ကြာအောင် အာမခံ ခဲ့သည်။၂၀၀၈ခုနှစ်တွင် ၄င်းတို့ နည်းလမ်းမျိုးစုံသုံးကာ မတရား အတည်ပြု ထားသော ဖွဲ့စည်းပုံက စစ်တပ်မှ တိုင်းပြည်အပေါ် ရာသက်ပန် ချယ်လှယ် နိုင်ခွင့်ကို ပြဌာန်းထားသည်။ ပြည်သူတို့အား စစ်ကျွန်ဘဝတွင် ဆက်နေရမည်ဟု ထင်ရှားစွာ ဖေါ် ပြထားသည်။

၁၉၆၂ ခုနှစ်မှ ယခု၂၀၀၉ ခုနှစ်အထိ ၄ရနှစ်ကြာမျှ ငရဲခန်းပင်မဆုံးသေး။ ထိုဖွဲ့စည်းပုံ အတိုင်းသာ ဆိုလျှင်တော့ ငရဲသို့ တခေါက် ထပ်ရောက်ကြပေဦးမည်။ပြည်သူတို့အနေဖြင့် စစ်ကျွန်ခံမလား တော်လှန်မလားဆိုသည့် မေးခွန်းကို ဖြေဆိုရန် အချိန်တန်နေပြီဖြစ်သည်။ သူတို့ ဖွင့်ပေးသော ထွက်ပေါက်(သို့) သူတို့ခင်းပေးသောလမ်းကို လျှောက်၍ ငရဲသို့ အရောက် သွားကြမည်လား။ သို့မဟုတ် သူတို့ ပိတ်ဆို့ ထားသည်များကို ရိုက်ချိုး၍ ဖေါက်ထွက် ကြမည်လား။

သူတို့ဖွင့်ပေးသော ထွက်ပေါက်၏ အရှေ့တွင် ငရဲအဝင် တံခါးကပွင့်လျှက်။ ညီညာစုစည်းစွာ တော်လှန် ဖေါက်ထွက် ကြမည် ဆိုလျှင်တော့ အတု အယောင် အမျိုးသားညီလာခံက ရေးဆွဲထားသည့် ၂၀၀၈ဖွဲစည်းပုံ အခြေခံ ဥပဒေကို ပြည်သူတရပ်လုံးမှ ပြန်လည်သုံးသပ်၍ စစ်ကျွန်ပြုထားသည့် ဥပဒေများကို ဖျက်သိမ်းပြီး ပြည်သူတို့၏ အကျိုးကို ရှေးရှုသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူများက အမြန်ဆုံး ပြဌာန်းကြရလိမ့်မည်။ စစ်အုပ်စုက ငမ်းငမ်းတက် အားထုတ်လျှက်ရှိသော ၂၀၁၀ ရွေးကောက်ပွဲကို မိုက်တွင်းနက်စွာဖြင့် ဇွတ်တိုးလုပ်လာမည် ဆိုပါက ထို၂၀၁၀ ရွေးကောက်ပွဲ၏ မဲရုံများကို ပြည်သူတို့၏ သပိတ်စခန်းများ အဖြစ် ပြောင်းလဲပစ်ဖို့ အသင့်ပြင်ဆင် ထားကြရန် လိုအပ်နေပြီဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်မပေးရင် ရွေးကောက်ပွဲမဝင်ဖို့ CRPP ဆုံးဖြတ်


စစ်အစိုးရကို ICC တင်နိုင်မယ့် အလားအလာ သြစတြေးလျ မပစ်ပယ်

12 March 2009

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးတာ၊ ကလေးစစ်သား အသုံးပြုတာတွေနဲ့ တိုင်းပြည်တွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကြောင့် မြန်မာစစ်အစိုးရကို ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာတင်ပြီး စစ်ဆေးဖို့ အလားအလာဟာ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ သြစတြေးလျအစိုးရက ပြောလိုက်ပါတယ်။ သြစတြေးလျ အထက်လွှတ်တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ကြားနာ စစ်ဆေးပွဲအတွင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောခဲ့တာပါ။ ဒါ့အပြင် သြစတြေးလျ အထက် လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လွှတ်တော်တရပ်လုံးရဲ့ ထောက်ခံချက်နဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါသေး တယ်။ ဒီကနေ့ သြစတြေးလျလွှတ်တော်ရဲ့ လှုပ်ရှားမှုတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရကို ICC တင်ဖို့ အလားအလာနဲ့ပတ်သက်ပြီး သြစတြေးလျ အစိုးရအနေနဲ့ စဉ်းစားတာမျိုးရှိသလားလို့ လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့သူကတော့ သြစတြေးလျ Green ပါတီရဲ့ အထက်လွှတ်တော်အမတ် မစ္စတာ စကော့တ်


လော်ဒ်လမ်မ် (Scott Ludlam) ပါ။

Scott Ludlam, Australia Green Party-GreenParty
မစ္စတာ စကော့တ် လော်ဒ်လမ်မ်။


(ဓာတ်ပုံ-Green ပါတီ အင်တာနက်စာမျက်နှာ)
“သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်အစိုးရကို ICCမှာတင်ပြီး စစ်ဆေးဖို့ အကြံပြုချက် တွေကို စဉ်းစားတာမျိုး ရှိ-မရှိ ကျနော် မေးခွန်းထုတ်ခဲ့ပါတယ်။ သြစတြေးလျအစိုးရ အနေနဲ့ ဒီလိုစစ်ဆေးဖို့ ပယ်ချထားတာမျိုး မရှိကြောင်း၊ ဒါဟာ အနာဂတ်မှာ အသုံးဝင်

လာနိုင်ခြေရှိတဲ့၊ ဖြစ်လာနိုင်ခြေရှိတဲ့ အချက်ဖြစ်တယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။”

ဒါပေမဲ့လည်း မေးခွန်းထုတ်ခဲ့သူ အထက်လွှတ်တော်အမတ် မစ္စတာစကော့တ် လော်ဒ်လမ်မ် ကိုယ်တိုင်က ဒီလိုစစ်ဆေးတာမျိုး သိပ်မကြာခင်မှာ ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထား ပါဘူး။ ICC မှာတင်ပြီး စစ်ဆေးဖို့ဆိုရင် အရင်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေ ဆုံးဖြတ်ချက်ချရပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တခုခု ထွက်လာဖို့မှာ အဓိက ထင်သာမြင်သာ ကန့်ကွက်နေတဲ့ နိုင်ငံနှစ်ခုက တော့ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ပါ။

ဒါပေမဲ့ မကြာသေးခင်ကပဲ လက်ရှိ ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘရှား (Omar al-Beshir) ကို ICC မှာစစ်ဆေးဖို့ ဖမ်းဝရမ်း ထုတ်လိုက်တာက ထူးခြားတဲ့တိုးတက်မှုတခု ဖြစ်ခဲ့တာကြောင့် အနာဂတ်မှာ မြန်မာအစိုးရကို အလားတူ စစ်ဆေးတာမျိုး အတွက် သြစတြေးလျအစိုးရရဲ့ ထင်မြင်ယူဆချက်ကို သူမေးခွန်းထုတ်ခဲ့တာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မစ္စတာစကော့တ်က ပြောပါတယ်။

အခု ကြာသပတေးနေ့မှာပဲ သြစတြေးလျ အထက်လွှတ်တော်မှာ နိုင်ငံရေးပါတီအားလုံးက လွှတ်တော်အမတ်တွေအားလုံးရဲ့ တညီတညွတ်တည်း ထောက်ခံချက်နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါသေးတယ်။

“သြစတြေးလျ အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာအစိုးရကို ပြစ်တင်ရှုတ်ချထားပါတယ်။ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တကယ့်ကို သိသာထင်ရှားတဲ့ တိုးတက်မှုတွေမရှိရင် ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲကနေ ထွက်လာမယ့် ရလဒ်တွေကို အသိအမှတ်မပြုဖို့ သြစတြေးလျအစိုးရကို တောင်းဆိုထား ပါတယ်။”

အထက်လွှတ်တော်အမတ် စကော့တ် လော်ဒ်လမ်မ် ပြောပြသွားတာ ဖြစ်ပါတယ်။

တကယ်ကတော့ သြစတြေးလျ လွှတ်တော်အမတ်တွေဟာ မြန်မာ့အရေးကို အားကြိုးမာန်တက် ထောက်ခံသူတွေ ဖြစ်ကြပါ တယ်။ မြန်မာ့ဒီမိုကရေစီအရေး သြစတြေးလျလွှတ်တော်အမတ်များအဖွဲ့ (APDB) ဆိုတာကိုတောင် ဖွဲ့စည်းလုပ်ဆောင်နေ ကြပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လွှတ်တော်ဆုံးဖြတ်ချက်တွေလည်း မကြာခဏ ထွက်လာလေ့ရှိပါတယ်။ ဒါပေမဲ့လည်း သြစတြေးလျအစိုးရကတော့ လွှတ်တော်အမတ်တွေလောက် မြန်မာ့အရေးကို အားတက်သရော လုပ်ဆောင်တာ မတွေ့ရ ပါဘူး။ ဒါ့အပြင် မြန်မာရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးတာတွေ၊ အရပ်ဖက်အရာရှိကြီးတွေကို လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေ တွေအကြောင်း သင်တန်းပေးတာတွေ စသည်အားဖြင့် ရှိခဲ့ဖူးသလို ကုန်သွယ်ကူးသန်းရောင်းဝယ်မှုတွေ ဆက်လုပ်နေတဲ့ အတွက်လည်း မကြာခဏ ဝေဖန်ခံရပါတယ်။

ဒီတော့ အထက်လွှတ်တော်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရက ဘယ်လောက်များ ထိထိရောက်ရောက် လိုက်နာ လုပ်ဆောင်မှာပါလဲ၊ လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားနေတဲ့ ချဉ်းကပ်မှုတွေကိုရော ဘယ်လိုညှိနှိုင်းယူပြီး ဘုံတူညီထိရောက်တဲ့ လုပ်ဆောင်မှု ဖြစ်စေမှာပါလဲ၊ အထက်လွှတ်တော်အမတ် စကော့တ်လော်ဒ်လမ်မ်ကတော့ ဒီကနေ့ ချမှတ်လိုက်တဲ့ လွှတ်တော်ရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဟာ အစိုးရကို အင်မတန်အားကောင်းတဲ့ သတင်းစကား ပါးလိုက်တာပါပဲလို့ ဆိုပါတယ်။

“သြစတြေးလျအစိုးရ လုပ်နေတာက သူတို့လုပ်နိုင်ခြေရှိတယ်လို့ ထင်တာတွေကို လုပ်နေတာပါ။ ဒီကနေ့ ကျနော်တို့ လုပ်ဆောင်ခဲ့တာက အာဏာရပါတီကရော အာဏာရမဟုတ်တဲ့ပါတီကရော လွှတ်တော်အမတ်တွေ အားလုံးကနေ ပိုပြီး

အားကောင်းတဲ့ လုပ်ဆောင်မှုမျိုး အစိုးရကလုပ်တာကို မြင်ချင်တယ်လို့ ပြောလိုက်တာပါ။ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်မှု အားလုံးထဲမှာ ICC လိုကိစ္စမျိုးဖြစ်ဖြစ်၊ တခြားပုံစံတွေဖြစ်ဖြစ် အားလုံးကို ရှာဖွေဖို့ ကျနော်တို့က တညီတညွတ်တည်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။"

သြစတြေးလျ အထက်လွှတ်တော်ရဲ့ ဒီကနေ့ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံက အသက်တချောင်းကိုလည်း ကယ်တင်နိုင် တာမျိုး မရှိ၊ နိုင်ငံရေးအကျဉ်းသားတယောက်ကိုလည်း လွတ်လာနိုင်စေတာမျိုး မရှိပေမဲ့ ဒီလို စကားချည်းသက်သက်

ဆုံးဖြတ်ချက်မျိုးနောက်ကနေ အားကောင်းတဲ့လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ အခြေအနေ ဖြစ်လာစေပါတယ် လို့လည်း မစ္စတာ စကော့တ် လော်ဒ်လမ်မ်က ပြောခဲ့ပါတယ်။

သံတမန်ရေးစကားတွေနောက်မှာ အမှန်တကယ် ဘာတွေဖြစ်နေတယ်ဆိုတာကို သိရဖို့က အင်မတန်ခက်ခဲကြောင်း၊ ဒီ စကားတွေနောက်မှာ တကယ်လုပ်ဆောင်တဲ့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို သိဖို့ရာဟာ မိမိတို့ နောက်ထပ် ဆက်လုပ်သွားမယ့်အလုပ် ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ကြာသပတေးနေ့ကကျင်းပတဲ့ သြစတြေးလျ အထက်လွှတ်တော်တွင်း ဆွေးနွေးပွဲကို ပြည်ပရောက် မြန်မာ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးလည်း လေ့လာသူအဖြစ် တက်ရောက်နားထောင်ခွင့် ရခဲ့ပါတယ်။

Saturday, March 7, 2009

Stop 2010 bogus and fraudulent election designed by the military

To the dignitaries of the United Nations, except the representatives of “Myanmar” who claim to represent the peoples of Burma:
To the dignitaries of the European Union:
To world communality who valued Democracy and Human’s right:


Dear Sirs and Madams,

Just as much as you appreciate and value your own personal freedoms, we the oppressed peoples of Burma have the same values, and although we have been denied, for many decades, such freedoms, we seek your help as we struggle to regain this freedom.

In 1962 our country, in its early years of freedom, was hijacked by a military dictatorship that eradicated all civil institutions and embarked on a process that has produced devastating consequences for our country. Its leader, General Ne Win, imposed his own brand of ideology on the nation, where military officials replaced almost all civilian workers in the nation’s administrative institutions. Civil society also came under military control and the country degenerated into a terrifying tyranny.

In 1974, the Burma Socialist Program Party (BSPP) drafted their constitution which enabled the dictatorship to establish a pseudo-civilian government, and General Ne Win transformed himself from a military leader into both the President and the Chairman of the only party in the country. His continued misgovernance of the country, including the demonetarization of the currency, produced dire results for the people, who were systematically impoverished by his reckless mismanagement.

Burma, under Ne Win’s mismanagement, degenerated into abject poverty, and the majority of the population suffered greatly. By 1987, Burma had become one the poorest nations in the world, and was given Least Developed Country status by the United Nations. This degeneration culminated in the mass demonstration of 1988, whereby the people protested for the freedoms so long denied them by the dictatorship. In response to the protests, the BSPP disbanded and Ne Win stepped down as President and Chairman.

However, far from relinquishing power, the military clique reemerged in essentially the same form, with Ne Win’s henchmen and protégés as its leaders. Under the leadership of Saw Maung, the military staged a coup and promised multiparty elections to quell the unrest and mass demonstrations. However, political parties were denied the right to campaign publicly, and had to organize indoors. Nonetheless, when the 1990 elections were held, the National League for Democracy (NLD) won 82% of the vote, winning 383 out of the all seats. Saw Maung acknowledged that the results were fair and genuine, and promised that the military would return to the barracks. This was simply a maneuver on the part of the military, and Saw Maung later states that first there must be a constitution, and the military will not hand over power until it is drafted. The military then proceeded to hand pick their own representatives for a conference to draft the new constitution, and outnumbered the legitimate representatives elected in the 1990 elections, they also demanded that over 20% of the government was to be made up of military personnel. Furthermore, they demanded that the military hold important positions within the government, including Defense, and that the positions of President and Prime Minister had to be approved by the military. This resulted in the NLD, and other elected representatives, boycotting the drafting of the constitution.

There was then over ten years of stalling by State Law and Order Restoration Council (SLORC), and then the State Peace and Development Council (SPDC), the various names the military junta gave itself, and they have conspired to eliminate Daw Aung San Suu Kyi, as well as other prominent elected leaders. There have been more than sufficient indicators that strongly suggest that this was ordered from the top military leaders of the junta. Failing to eradicate the movement for democracy, they then hatched a 7-point plan, or so-called “Road Map to Disciplined Democracy” in 2003. This was another blatant maneuver by a regime that was unwilling to relinquish their power. This was simply a rehashing of Ne Win’s 1974 BSPP dictated constitution.

In 2007, student leaders of 1988 asked the military rulers to consider the plight of the people who faced unrealistic increases in fuel costs imposed by the dictatorship. Their response was to arrest the student leaders, who were then given long jail sentences. In the same period, Buddhist monks approached the military leadership and reminded them of their duty to the people – the dictatorship responded with brutal force. The military shot and arrested monks, and entered many monasteries and destroyed them. Many were killed, with estimates suggesting over 300 monk and civilian victims.

In May, 2008, although foreign meteorological centers warned the military of an impending high force cyclone, the SPDC downplayed the intensity predicted by these sources. The devastating result of this deliberate withholding of information was that over 100,000 people were killed, and over a million people lost their homes and livelihood. Amidst this catastrophe, 8 days after the disaster, on the 10th of May, the SPDC held a referendum for its bogus constitution, and claimed a 93% yes vote. Later in the year, political prisoners were given extended jail sentences, and their lawyers were arrested and given long jail sentences from 20-65 years as well. This was in order to silence all possible political opposition by the democratic movement and its leaders.

The military rulers of Burma now plan to implement the 7th Stage of their so-called “Road Map to Disciplined Democracy” – the 2010 general elections. The abovementioned facts and track record of the military show that they are determined to maintain power, at the expense of the wellbeing of the nation. In 1948 Burma had gained independence and was known as the “Rice bowl of Asia”, and its currency had real value. It was known as a fast developing nation”. However, after 1962, Burma’s position rapidly plummeted, and it eventually reached Least Developed Country status, and had one of the worst human rights abuses records in the world. The military leaders of today are in reality clones spawned by Ne Win – they were the coup leaders of 1988, and none of the promises given by them have ever been kept. Their denial of foreign aid after Cyclone Nargis illustrates that they are not, and have never been, concerned about the welfare of the people. This present day attempt to fool the international community into believing that they will adopt a democratic process is merely a facade. It is no more than a carbon copy of the 1974 constitution which was designed to keep the military in power. Thus, the planned so-called return to civil rule will only further enslave the nation, and will extinguish all genuine democratic opposition to their rule.

In this critical year of 2009, we ask delegates of the international community at the United Nations General Assembly’s annual meeting and the European Union not to recognize this bogus and fraudulent election designed by the military. We ask all to join forces and to use the instruments of the United Nations to bring about a genuine change and true democracy for the people of Burma. We thank you in anticipation for the work you are about to undertake

Please click here to sign at petition online

Not only Burmese people but also all people who sympathized on people of Burma.

၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို ရပ်တန့်နိုင်ရေးအတွက် UN,EU နှင့် ကမ္ဘာ့ဒီမိုကရေစီ အသိုင်းအဝိုင်းသို့ လက်မှတ်ရေးထိုး တောင်းဆိုမှု ကမ်ပိန်း


စာရွက်ဖြင့် လက်မှတ်ရေးထိုးလိုသူများ ဒေါင်းလုပ်ရယူရန်



မြန်မာပြည်သူ လူထုတို့၏ စစ်မှန်သော ဆန္ဒပြုလွှာ

ကျွန်ုပ်တို့ မြန်မာပြည်သည် စတင် စစ်အာဏာ သိမ်းခံခဲ့ရသော ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့ မှစ၍ ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် လူသားချင်းတန်းတူညီခွင့်များ လုံခြုံမှုများ ပျောက်ဆုံး၍ ဂုဏ်သိက္ခာ ကင်းမဲ့သော အဖြစ်နှင့်နေထိုင်ခဲ့ရသည်မှာ ၄၇နှစ်တိုင် ခဲ့ပြီဖြစ်ပါသည်။

၁၉၆၂ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း သည် ၁၉၇၄ခုနှစ် မေလတွင် စစ်တပ် အလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ရေးကောက်ပွဲ ကျင်းပကာ နိုင်ငံတော် သမ္မတ အဖြစ်ကို ခံယူခဲ့ပေသည်။

ထိုအချိန်မှ အစပြု၍ သယံဇာတ ပေါကြွယ်ဝသော၊ အာရှ၏ စပါးကျီ အဖြစ် ကျော်ကြား ခဲ့သော၊ အဆင့်အတန်းရှိသော ပညာရေး၊ ခိုင်မာ၍ အာမခံချက်ရှိသော ငွေကြေး စသည့် လူရိုသေ ရှင်ရိုသေ အနေအထားများမှ မြန်မာပြည်သည် ယခုအခါ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံ အဆင့်သို့ နိမ့်ကျခဲ့ ရသည်ကို တွေ့ရ ပေမည်။

ဖိနှိပ်မှု အမျိုးမျိုး အပြင် စစ်အာဏာရှင် ဗိုလ်နေဝင်း၏ လွဲမှားသော စီမံခန့်ခွဲမှုများတွင် အဆိုးဆုံး အချက်မှာ လည်ပတ်နေသော ငွေစက္ကူများကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်း ပစ်ခဲ့ရာ ပြည်သူလူထုအားလုံး များစွာ ဆုံးရှုံး နစ်နာခဲ့ကြရပြီး ထိုအခြေအနေကြောင့်ပင် ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရကာ တပါတီ အာဏာရှင် စနစ်ကို အပြီးတိုင် ရိုက်ချိုး ဖျက်ဆီး နိုင်ခဲ့ပါသည်။

သို့ရာတွင် စစ်အာဏာရှင် နေဝင်း၏ လက်သပ်မွေးထားသော စစ်ခေါင်းဆောင်များက ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် လူထုဆန္ဒပြပွဲများကို ရက်စက်စွာ ပစ်ခတ် နှိမ်နင်းခဲ့ပြီး နိုင်ငံတော် အာဏာကို အတင်းအဓမ္မလုယူ ခဲ့ကြ ပြန်ပါတော့သည်။

အစတွင် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်မည်။ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေငြာပေးခဲ့ပြီး ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပါတီစုံ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ စစ်အာဏာရှင်စနစ်ကို ရွံမုန်းနေ ကြသော ပြည်သူလူထုများ၏ တခဲနက် ထောက်ခံမှုကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ မဲဆန္ဒနယ်မြေ ၃၈၂ နေရာ၊ ရာခိုင်နှုန်း ၈၂ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိ ခဲ့ပါသည်။ ထိုအချိန်က နအဖ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမောင်က “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် စစ်တပ်သည် စစ်တန်းလျှားသို့ပြန်မှာ ဖြစ်ကြောင်း အတိအလင်း ထုတ်ဖေါ် ကြေငြာ ခဲ့ပါသေးသည်။

တကယ်တမ်းတွင်မူ ပြည်သူလွှတ်တော်ကို ခေါ်ယူပေးရမည့် အစား ၁/၉၀ ဥပဒေကို ပြဌာန်း၍ ဖွဲစည်းပုံ အခြေခံ ဥပအဒေကိုသာ ရေးဆွဲရန် တာဝန်ရှိသည်ဟု ပြောင်ပြောင်တင်းတင်း လိမ်ညာခဲ့ပြီး အာဏာကို ဆက်လက် ဆုတ်ကိုင်ထားခဲ့ပါသည်။

အနာဂါတ်မြန်မာ့နိုင်ငံ နိုင်ငံရေး ဦးဆောင်မှုကို စစ်တပ်က ဦးဆောင်ရမည်ဆိုသော အချက်ကို ထည့်သွင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခုတုံးလုပ်ကာ တရားမဝင် အာဏာသိမ်းနိုင်ရန် ကြိုးစားခဲ့ပြန် ပါသည်။ ထို့ကြောင့် တရားဝင် ကိုယ်စားလှယ် အများစုဖြစ်သော အနိုင်ရ ပါတီ NLD မှလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက အတုအယောင် အမျိုးသား ညီလာခံကို သပိတ်မှောက် နှုတ်ထွက်ခဲ့ ကြပါသည်။

၂၀၀၃ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်းခေါင်းဆောင်များကို ဒီပဲယင်းတွင် နအဖ ခေါင်းဆောင်ပိုင်းများကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲ၍ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ကြပါသည်။

အောင်မြင်မှု မရရှိသောအခါမှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးကို ဖုံးကွယ် အာရုံပြောင်း ရန်အတွက် လမ်းပြမြေပုံ ၇ချက်ကို ထုတ်ပြန် ကြေငြာခဲ့သည်။ ထိုလမ်းပြ မြေပုံ၇ချက်ပါ အချက်များသည် နိုင်ငံတော်အာဏာကို မည်သည့်နည်းနဲ့မဆို စစ်တပ်မှ ချုပ်ကိုင်သွားမည်ဟု မီးမောင်း ထိုးပြခြင်းသာ ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတိုက်အခံ အင်အားစုများဘက်မှ တောင်းဆိုထားသော ပြသနာအားလုံးကို ဖြေရှင်းနိုင်မည့် လမ်းစဖြစ်သော စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးကိုမူ ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။

၂၀၀၇ခုနှစ် အတွင်း၌ နအဖ မှ လောင်စာဆီဈေးနှုန်းများကို ရုတ်တရက်တိုးမြှင့်ကြောင်း ကြေငြာခဲ့ပါသည်။ ၈၈မျိုးဆက်ခေါင်းဆောင်များမှ လောင်စာဆီဈေးနှုန်း လျှော့ချပေးရန် ပြည်သူများကိုယ်စား ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခြင်းကို မတရား ဖမ်းဆီး ဖြိုခွဲခဲ့ပါသည်။

နောက်ဆက်တွဲဖြစ်ရပ်အဖြစ် ပြည်သူလူထု၏ စားဝတ်နေရေး ကျပ်တည်းမှုအတွက် ၂၀၀၇ စက်တင်ဘာလက သံဃာတော်များ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ချီတက် မေတ္တာပို့ လမ်းလျှောက်ခြင်း ကိုလည်း ရက်စက်စွာ ပစ်ခတ် ဖမ်းဆီး နှိပ်စက် ထောင်ချခြင်းများ ပြုလုပ်ခဲ့ ပြန်ပါသည်။

နောက်ပိုင်းတွင် နအဖတို့မှ ၂၀၀၈ ခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုမဲပေးပွဲနှင့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

၂၀၀၈ ခုနှစ် မေလ၂ရက်နေ့၌ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် အခြားဒေများသို့ တိုက်ခတ်ဖျက်ဆီး သွားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနနှင့် အခြားသော နိုင်ငံများမှ မိုးလေဝသ ဌာနများက ကြိုတင်အသိပေးချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသော်လည်း ကံအကြောင်းမလှသော မြန်မာနိုင်ငံသားများ အနေနှင့် ထိုကဲ့သို့ ကြိုတင်အသိပေးမှုများ မရရှိခဲ့ပဲ သာမန် မုန်တိုင်းတခုဟုသာ ထင်မှတ်ခဲ့ကြရာ လူသိန်းနှင့်ချီ၍ သေဆုံးခဲ့ပြီး လူသန်းနှင့်ချီ၍ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံး ဒုက္ခရောက်ခဲ့ ရပါသည်။

သို့ရာတွင် အာဏာကိုသာ အရှုးအမူးဖြစ်နေသည့် နအဖတို့က ထိုလ ၁၀ရက်နေ့တွင်ပင် ပျက်စီးမြို့နယ် အချို့ကို ချန်လျှပ်၍ ၄င်းတို့ အလိုကျ ဖွဲ့စည်း ပုံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြဌာန်း လိုက်ပါသည်။ရိုးသားမှုမရှိဟု ခိုင်မာသော သက်သေ အထောက်အထား များစွာ ရှိသော်လည်း ရာနှုန်းပြည့်နီးပါး ထောက်ခံမှုရခဲ့သည်ဟု ကြေငြာခဲ့ပါတော့သည်။

၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေပင်ကြေငြာထား သော်လည်း။ နိုင်ငံရေး အတိုက်အခံများကို မတရားအမှုဆင်ကာ နှစ်ရှည်ထောင်ဒဏ်များချမှတ် ဖိနှိပ်မှုများ ကို ဆက်လက် လုပ်ဆောင်နေသေးသည်ကို ထင်ရှားစွာ တွေ့မြင်နေကြရပါသည်။

ပြန်လည်ခြုံငုံ သုံးသပ်ရလျှင် -

၁။ယခုလက်ရှိ စစ်အုပ်ချုပ်သူများသည် ယခင်၁၉၆၂ ခုနှစ် စစ်အာဏာရှင်များ၏ ငယ်မွေး ခြံပေါက်များ သာဖြစ်နေခြင်း။

၂။အမှန်တကယ် အာဏာလွဲပြောင်းရမည်ဆိုလျှင် အမျိုးမျိုး ကလိန်ကျ၍ ဂတိကဝတ်များကို ချိုးဖေါက်ခြင်း။

၃။ROAD MAP ခုနှစ်ချက်တွင် ပြည်သူတို့၏ အကျိုးစီးပွါးကို ဖေါ်ဆောင်သည့် အချက် တစုံတရာ မပါရှိပဲ သူတို့အာဏာတည်မြဲရေးကိုသာ အာမခံချက် ရစေရန် ဆောင်ရွက် နေခြင်းသာ ဖြစ်ခြင်း။

၎။ထို ROAD MAP ခုနှစ်ချက် အတိုင်းသွားနေခြင်းသည် အသစ်ဖေါ်ဆောင်ရန် သို့ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေခြင်း မဟုတ်ပဲ ယခင်ကဲ့သို့ အာဏာကို စစ်အာဏာရှင် များကပင် ပုံစံအသစ်ဖြင့် ဆက်လက် အုပ်ချုပ်သွားရန် ၁၉၇၄ခုနှစ်က လမ်းကြောင်းအတိုင်း ဆောင်ရွက် နေခြင်းသာ ဖြစ်ခြင်း။

စသည့် အချက်များကြောင့် ထို၂၀၁၀ ရွေးကောက်ပွဲသည် ယခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခက်အခဲ များကို ပြေလည်စေမည့် ထွက်ပေါက်မဟုတ်ပဲ မြန်မာပြည် အတွက် ဆိုးရွားသည့် စစ်ကျွန် သံသရာကို တပတ်ပြန်လည်စေမည့် အတုအယောင် ရွေးကောက်ပွဲ သာဖြစ်သည်ဟု ကျွန်ုပ်တို့ မြန်မာ နိုင်ငံသား များက ရှုမြင်ကြပါသည်။

ထိုအတုအယောင် ရွေးကောက်ပွဲကို တားဆီးပေးရန်နှင့် မြန်မာပြည်၏ ပြသနာ အရပ်ရပ်ကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် စစ်မှန်သော တွေ့ဆုံ ညှိနှိုင်း အဖြေရှာကြရေး ဖြစ်ပေါ်လာစေရန်သည် မြန်မာပြည်အတွက် အဓိက လိုအပ်ချက် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဒုက္ခဆင်းရဲများကို နှစ်ရှည်ကြာ ခံစားနေရသော မြန်မာနိုင်ငံသားများ အပေါ် လူသားချင်း စာနာထောက်ထားမှု တရပ်ကို ပြသသော အနေဖြင့် ပြည်သူလူထုများအား စစ်ကျွန်ဘဝသို့ အပြီးတိုင် သွတ်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲကို အပြီးတိုင် ရပ်တန့်ပစ်ရန် နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပေါ်လာစေရန် အတွက် နအဖ စစ်အာဏာရှင်များကို ဝိုင်းဝန်း ပိတ်ဆို့ဖိအားပေးခြင်း၊ ပြစ်တင်ဝေဖန် ရှုံချခြင်း စသည်တို့ကို ဒိမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဘိုးထားကြသော နိုင်ငံ တကာ အသိုင်းအဝိုင်းများ အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် ယခု လက်မှတ်ရေးထိုးသူ မြန်မာနိုင်ငံသားများက မြန်မာပြည်သူ လူထု တရပ်လုံး ကိုယ်စား လေးစားစွာ မေတ္တာရပ်ခံ တောင်းဆို အပ်ပါသည်။

အွန်လိုင်းမှလက်မှတ်ရေးထိုးရန်ဤနေရာတွင်နှိပ်ပါ

Thursday, March 5, 2009

ပြည်တော်ပြန် ရုက္ခစိုး

Wednesday, 04 March 2009 19:18 ရန်ကုန်သားတာတေ


ချင်းမိုင်မြို့၊ ဒွိုင်ဆူထေ့တောင်ပေါ်မှ အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် အေးအေးချမ်းချမ်း အနားယူ ငိုက်မျဉ်း နေသည့် ဦးရုက္ခစိုးတယောက် ရုတ်တရက် ခုန်ထကာ အလန့်တကြား အော်လိုက်သည်။

အဘယ်ကြောင့် ဟူမူကား သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော ကြွက်စုတ်နှင့်အတူ ဟစ်ပ်ဟော့ပ် ချာတိတ်များကဲ့သို့ ခုန်ဆွခုန်ဆွ လုပ်ရင်း လက်များကလည်း ဟိုယမ်းသည်ယမ်းဖြစ်နေသည့် အသက်ကြီးကြီး လူတယောက်ကို တွေ့လိုက် ရသောကြောင့်ဖြစ်၏။

ကြွက်စုတ်။ ။ တွေ့ရတာ ဝမ်းသာလိုက်တာ ဦးရုက္ခစိုးကြီးရယ်၊ လာသာ လာရတယ် ရှိမှ ရှိပါ့မလားလို့။

ရုက္ခစိုး။ ။ ရှိပါတယ်ကွ၊ ငါ ဘယ်မှ မသွားပါဘူး။ ဒါနဲ့ မင်းဘေးက ခုန်ဆွ၊ ခုန်ဆွကြီးက ဘယ်သူလည်းကွ။ သူ့မြင်ရတာ ငါလို နတ်တောင် ရင်တုန်ပန်းတုန် ဖြစ်တယ်။

ကြွက်စုတ်။ ။ မကြောက်ပါနဲ့ဗျာ၊ သူက ဦးကြွတက်တဲ့။ ဦးရုက္ခစိုးနဲ့ တွေ့ချင်လွန်းလို့ တကူးတက လိုက်လာတာ။

ရုက္ခစိုး။ ။ ဟုတ်လား နာမည်နဲ့လူ လိုက်ပါ့ကွာ။ ဒါနဲ့ သူက ဟစ်ပ်ဟော့ပ် အဆိုတော်လား။ ဒီအသက် ဒီအရွယ်ကြီးနဲ့ ဟစ်ပ်ဟော့ပ် ဆိုရတယ်လို့။ အရမ်း အရမ်းကို မြောက်ကြွမြောက်ကြွ ဖြစ်နေတာနော်။

ကြွက်စုတ်။ ။ ပေါက်ကရက ပြောတော့မယ်။ ဟစ်ပ်ဟော့ပ် အဆိုတော် မဟုတ်ဘူးဗျ။ သူက မြောက်ကြွဆို ရွေးကောက်ပွဲဝင်ဖို့ အရမ်း အရမ်းကို ကြွတက် … အဲ … တက်ကြွနေလို့။

ဦးရုက္ခစိုး နှင့် ဦးကြွတက်တို့ လက်ဆွဲနှုတ်ဆက်ရာတွင် အငြိမ်မနေသော ဦးကြွတက်ကြောင့် ဦးရုက္ခစိုးပါ သူနှင့် အလိုက်သင့် ခုန်ဆွ ခုန်ဆွ လုပ်လိုက်မှ အဆင်ပြေသွားသည်။

ရုက္ခစိုး။ ။ ရွေးကောက်ပွဲအတွက် ကြွတက်နေတယ်ဟုတ်လား။ မုန့်ဆီကြော်က ဘယ်နားနေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုသလိုတော့ ဖြစ်နေပြီထင်တယ်။ ရှေ့နှစ်ထဲမှာ ရွေးကောက်ပွဲက တကယ် လုပ်ဖြစ်မှာ မို့လို့လား။ ရွေးကောက်ပွဲ ဥပဒေတောင် ခုချိန်ထိ ထွက်မလာသေးဘဲနဲ့။

ဦးကြွတက်။ ။ ဥပဒေ မထုတ်သေးတာက ဗေဒင်ဆရာက ဗိုလ်ချုပ်မှူးကြီးကို အခါမပေးသေးလို့ ဖြစ်ပါလိမ့်မယ်။

ကြွက်စုတ်။ ။ ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးကိုချုပ်ထားတဲ့ အမေကြိုင်က ဗေဒင်ဆရာကို အခါမပေးနဲ့ဦးဆိုပြီး အမိန့်ပေးထားတာပဲ ဖြစ်မယ်။ ရှေ့နှစ်ထဲမှာလုပ်မယ်ဆိုရင် အခု ကြေညာရတော့မှာ မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ အဲဒါမှ ဒုက္ခပဲ။ ရွေးကောက်ပွဲကို အရမ်းအရမ်း ဝင်ချင်နေတဲ့သူတွေ သနားပါတယ်။ ဒီလူတွေထဲမှာ ရွေးကောက်ပွဲ ဆိုင်းသံကြားရင် ထ မကဘဲ မနေနိုင်တဲ့သူတွေ အများကြီးပါတယ်ကွ။

ကြွက်စုတ်။ ။ အင်း အမတ်ရူးတွေ၊ အမတ်ခရေဇီတွေပေါ့လေ .. ။

ဦးကြွတက်။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်။ ကျနော်လည်း ထ က .. အဲလေ ယောင်လို့၊ ကျနော်လည်း အမှန်ကို ဝန်ခံရရင် အမတ်ရူးတွေထဲ တဦးအပါအဝင်ပါ။

ဦးကြွတက်က ချာတိတ်တွေ ဟစ်ပ်ဟော့ပ်ဆိုသလို လက်နှစ်ချောင်းကို ရှေ့ကိုဆန့်ကာ ခြေနှစ်ချောင်းကို ပိုလီယို ရောဂါသည်ပုံစံ ကွေးကောက်၍ ပြောလိုက်သည်။

ရုက္ခစိုး။ ။ ဒီဘက်က နိုင်ငံရေးသမား တချို့ကတော့ အထဲပြန်ဝင်မယ်၊ မဝင်ဘူး ကွဲပြဲကုန်ကြပြီ။ မဲဆောက်က လူတွေကတော့ ဝင်မယ့်ကောင်တွေ လာရဲလာကြည့် လေးခွနဲ့ ချောင်းပစ်မယ်တဲ့ဗျ။ ဒီဘက်က လူတွေကလည်း ဂျင်ကလိတွေဘာတွေ ဆောင်ပြီးမှ မဲဆောက်ကို သွားရဲတော့မှာ။

ဦးကြွတက်။ ။ အောင်မယ်လေး၊ အောင်မယ်လေး … ပွဲက ကြမ်းလှချည်လားဗျာ။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးလည်း အထဲပြန်ပြီး ရွေးကောက်ပွဲ ဝင်ပါလား။ “ကျုပ်ကိုမဲထည့်ကြပါ၊ ကျုပ်အနိုင်ရရင် မဲထည့်တဲ့သူတွေကို နှလုံးဂဏန်း ဒဲ့ (တည့်) ပေးမယ်၊ ဘောလုံးပွဲ Focus အတိအကျပေးမယ်” လို့သာ ပြောပြီး စည်းရုံးဗျာ၊ ဦးရုက္ခစိုးပုံနဲ့ဆို လူတွေက ယုံပြီး မဲထည့်ကြမှာ။

ရုက္ခစိုး။ ။ မဖြစ်ဘူးကွ၊ တော်ကြာ မဲအပြတ်အသတ်နဲ့ နိုင်သွားလို့ အာဏာလွှဲမပေးဘဲ ထောင်ထဲ ထည့်နေ မှဖြင့် ရုက္ခစိုးတို့ သမိုင်းမှာ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်ပါ့မယ်ကွယ်။ ဒါနဲ့ ဦးကြွတက်ရဲ့ လာရင်းကိစ္စက ဘာလဲ။

ကြွက်စုတ်။ ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဦးရုက္ခစိုးဆီက အကြံလေးဘာလေး တောင်းချင်လို့တဲ့။

ရုက္ခစိုး။ ။ ဦးကြွတက်က ပါတီအဖွဲ့အစည်းတွေဘာတွေ ထောင်ဖို့ ပြင်နေပြီလား။

ဦးကြွတက်။ ။ ကျနော်ကတော့ ပါတီရယ် ဘာရယ်မဟုတ်ပါဘူးဗျာ။ အဓိကက အမတ်ဖြစ်ရင် ပြီးတာပါပဲ။

ရုက္ခစိုး။ ။ ဟား .. ရည်ရွယ်ချက် တယ်ကြီးတာပဲ။ ဒီလိုလုပ်ဗျာ။ စစ်အစိုးရက နိုင်ငံရေးပါတီထောင်မယ်ဆိုတဲ့ သတင်းတွေ မကြားဘူးလား၊ အဲဒီပါတီကို ဝင်ပေါ့၊ အဲဒီပါတီကလူတွေပဲ အနိုင်ရအောင် အစိုးရက လုပ်ပေးမှာ ပဲဟာ။

ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုးကလည်း .. သေချာပေါက် မဲရမယ့်နည်းရှိပါတယ်ဗျ။ မြန်မာပြည်မှာ ရိုဟင်ဂျာ ၈ သိန်းကျော် ရှိတယ်လို့ ပြောတယ်မဟုတ်လား။ အဲဒီလူတွေကို မဲသာထည့်ပါ အမတ်ဖြစ်ရင် မှတ်ပုံတင်ရအောင် လုပ်ပေးပါ့မယ် လို့သာ ပြောလိုက်၊ အိုကေပဲ။

ကြွက်စုတ် စကားအဆုံးတွင် ဦးကြွတက်၏ ဦးခေါင်းထက်၌ မီးတချက် ထပွင့်သွားသည်ကို ဦးရုက္ခစိုး မြင်ဖြစ်အောင် မြင်လိုက်သည် (မှတ်ချက်။ ။ ဦးရုက္ခစိုးက နတ်ဖြစ်နေသောကြောင့် မြင်ရခြင်းဖြစ်၏)

ရုက္ခစိုး။ ။ ဟေ့ဟေ့ .. နေဦး ကြွက်စုတ်။ မင်းက .. မင်းထုံးစံအတိုင်း ပရမ်းပတာ အကြံပေးတာ အရေးမကြီးဘူး။ ပေါက်ကရတွေ ဖြစ်ကုန်မယ်။

ဦးကြွတက်။ ။ ဘာဖြစ်လို့လဲဗျ။ ဒီအကြံကောင်းသားပဲ။ တိုင်းရင်းသား ၁၃၅ မျိုးကနေ ၁၃၆ မျိုး ဖြစ်သွား ရုံလေးကတော့ အစိုးရကလည်း ဘာမှ ပြောမယ် မထင်ပါဘူးဗျာ။

ရုက္ခစိုး။ ။ အဲဒါခက်တာပေါ့ .. ၁၃၅ ဆိုတာ ပေါင်းရင် ၉ ဂဏန်းမဟုတ်ဘူးလား။ အဲဒါကြောင့် အစိုးရက အဲဒီ ကိန်းဂဏန်းကို ထိန်းထားတာ။ ၁၃၆ အဖြစ်ခံမှာကို မဟုတ်ဘူး။ ဒါကြောင့် ရိုဟင်ဂျာကို တိုင်းရင်းသားထဲ ပေးမပါတာ။ တခြား ဘာမှ မဟုတ်ဘူး။

ဦးကြွတက်။ ။ ဦးရုက္ခစိုး ပြောတော့လည်း ဟုတ်သလိုလိုပါလား။ လုပ်ပါဦးဗျာ။ တခြားအကြံပေးပါဦး။ ကျုပ်က အမတ်ပိုး အတော်ထနေပြီ။

ဦးကြွတက်တယောက် တက်ကြွစွာပြောရင်း အရှိန်လွန်ကာ ပါးစပ်ပါ ရွဲ့စောင်းသွားသည်။ တံတွေးများ ထွက်ကျ လာသောကြောင့် ဦးရုက္ခစိုး ရှောင်လိုက်ရသည်။

ရုက္ခစိုး။ ။ နေပါဦးဗျ .. ခင်ဗျားက နိုင်ငံရေးကိုအတော် သွားရည်ကျ .. အဲ .. စိတ်ဝင်စားတယ်ထင်တယ် ဟုတ်လား။

ဦးကြွတက်။ ။ ဟီးဟီး .. နိုင်ငံရေးတွေဘာတွေ စိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး။ နားလည်လား ဆိုရင်တော့ တလုံးမှ နားမလည်ပါဘူး။ အဓိကက လူကြီးလုပ်ချင်တာ။ လူကြီးဖြစ်တော့လည်း စီးပွားရေးလေး ဘာလေး လုပ်လို့ ကောင်းတာပေါ့ဗျာ။

ရုက္ခစိုး။ ။ ဟား ခက်တာပဲ။ ခင်ဗျားတို့က ရွေးကောက်ပွဲဆိုင်းသံကြားရင် မနေနိုင်မထိုင်နိုင် ထကဖို့ပဲ သိတာ။ ၁၉၉ဝ ကို ပြန်ကြည့်စမ်း၊ ရွေးကောက်ပွဲပြီးတာနဲ့ အရွေးခံရသူတွေ ထောင်ထဲ တန်းဝင်သွားရတာလေ။

ဦးကြွတက်။ ။ ဒါတော့ ဒါပေါ့ဗျာ… အဲ … ဒါပေမယ့်။

ရုက္ခစိုး။ ။ ဒါပေမယ့် မနေနဲ့။ ရှေ့နှစ်ရွေးကောက်ပွဲပြီးရင်လည်း အဲဒီလို မဖြစ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ လူကြီးလုပ်ချင်ရင် ကလေးတွေနဲ့ပေါင်း၊ ချမ်းသာချင်ရင်တော့ ဘိန်းလေးဘာလေးကုန်ကူး အဲဒါက သေချာတယ်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးလိုပေါ့။ သူက ကျုပ်တို့လို လူငယ်တွေနဲ့ပေါင်းနေတော့ အလိုလို လူကြီးဖြစ် နေတာ။ ရွေးကောက်ပွဲတောင် တကူးတက ဝင်စရာမလိုဘူး။

ရုက္ခစိုး။ ။ နေစမ်းပါဦး ကြွက်စုတ်ရာ၊ ဒီဆေးရိုးသည်က တမှောင့်။ ကဲ ဦးကြွတက်ကို ကျုပ် မေးမယ်၊ ပြီးခဲ့တဲ့လက အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးသမား ဘယ်နှယောက် ပါသလဲ။

ခုဏက ဟောက်ထားသဖြင့် အသံမကျယ်ရဲတော့သော ကြွက်စုတ်က “အယောက် ၂ဝ ကျော် လို့ ကျနော် ကြားလိုက်သလိုပဲ” ဟု ခပ်တိုးတိုး ဝင်ဖြေသည်။

ရုက္ခစိုး။ ။ ကဲ … တွေ့တယ်မဟုတ်လား၊ ဒီ အကျဉ်းသား ၆ဝဝဝ ကျော်ထဲမှာ နိုင်ငံရေးသမား အယောက် ၂ဝ ကျော်ပဲပါတယ် တဲ့။ အဲဒါကြောင့် ကျုပ်ပြောတာပေါ့ ရွေးကောက်ပွဲ အရူးထပြီး ထောင်ကျရင် လွတ်လမ်း သိပ်မရှိဘူး။ ဘိန်းရောင်းဝယ်တာက သူဋ္ဌေးလည်းဖြစ်မယ်၊ အဖမ်းခံရလည်း ခဏပဲ၊ လွတ်ငြိမ်းချမ်းသာခွင့်က သေချာပေါက် ရောက်လာမှာ။ စိတ်ကူးမလွဲနဲ့ ဦးကြွတက်ရေ … ။

ဦးကြွတက်။ ။ ဦးရုက္ခစိုးပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော့်ပိုးက ထိန်းမရတော့ဘူး ဘယ်လိုလုပ်ရမလဲ။

ဦးကြွတက် ခုန်ဆွ ခုန်ဆွ လုပ်ရင်း ပြောနေပြန်ရာ ဦးရုက္ခစိုးပါ ယောင်၍ ခုန်ဆွ ခုန်ဆွ ဖြစ်သွားသည်။ ဦးရုက္ခစိုးမှာ သူ့ကိုယ်သူ ဘာဖြစ်လို့ဖြစ်နေမှန်း မသိပေ။ အမှန်က ဦးကြွတက်ထံမှ အမတ်ဖြစ်ချင်သည့် ပိုးများ ဦးရုက္ခစိုးထံ ကူးစက်နေပြီဖြစ်သည်။

ဦးရုက္ခစိုး။ ။ ဟ .. ဟ .. လုပ်ပါဦးကြွက်စုတ်ရေ။ သူ့ပိုးက ဗိုင်းရပ်စ်လိုပဲ ကူးတတ်တယ် ထင်တယ်။ ငါလည်း မနေနိုင်တော့ဘူး။ ရွေးကောက်ပွဲ ဝင်ချင်လာပြီ။ အမတ်ဖြစ်ချင်လာပြီဟ။ ပြန်မယ်၊ ပြန်မယ်၊ ပြန်တော့မယ်၊ အမတ်လုပ်မယ်၊ လူကြီးလုပ်မယ်။

ပြောရင်းဆိုရင်းက ဦးရုက္ခစိုးတယောက် သူ့ ထန်းခေါက်ဖာစုတ်ကြီးကိုချကာ နတ်ဝတ်နတ်စားများ ထည့်၍ ပြည်တော်ဝင်သီချင်းကို အသံပြာကြီးနှင့် ဟစ်ဆိုနေလေတော့သည်။

ဦးရုက္ခစိုး။ ။ အသည်းစွဲချစ်မိတ်ဆွေ .. ခေတ္တခွဲလို့နေ .. တူနယ် .. တယ်နယ် .. ကျုပ်တို့နဲ့ တူတကွ .. အမတ်ဖြစ်နိုင်စေ .. အောင်စည်ရွမ်းသံ ကြားရင်ဖြင့် .. ပြည်တော် ဝင်မယ်လေ .. ။ ။