Tuesday, March 30, 2010

ဦးညွှတ်ပါသည် NLD

မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး နိုင်ငံရေး ပါတီကြီးဖြစ်သော NLD ပါတီ၏ အီးစီစုံညီ ဗဟိုကော်မတီ အစည်းအဝေးက နအဖ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာနှင့် ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ များ တရားမျှတမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ယနေ့ ဆုံးဖြတ်ချက် ချခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်ကို NLD ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော NLD ဗဟိုကော်မတီ အစည်းအဝေးက ယနေ့ နေ့လည်ပိုင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၁၁၃ဦး တက်ရောက် ခဲ့ကြပါသည်။ ထိုဗဟိုကော်မတီ အစည်းအဝေးကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်သည် နအဖက ယခုနှစ်အတွင်း ကျင်းပမည့် တဖက်စောင်းနင်း ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။
NLD၏ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစည်းအဝေးအပြီး သတင်းသမားများကို ပြောပြရာတွင် NLD ပါတီသည် မိမိတို့ပါတီကို ဖျက်သိမ်းမည်မဟုတ်ပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူလူထုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်တွဲကာ ပါတီမရှိတော့လျှင်ပင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။ ထို့အတွက် စစ်အစိုးရအနေနှင့် သူတို့အားလုံးကို ဖမ်းဆီးသည်ဖြစ်စေ ကြိုက်သလို ဆောင်ရွက် နိုင်ကြောင်း NLD အနေဖြင့် ဖိနှိပ်မှု အားလုံးကို ရင်ဆိုင်သွားရန် အသင့်ဖြစ်နေပြီဟု ကြေငြာ သွားခဲ့ပါသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကလဲ သူမ၏ သဘောထားအမြင်ကို ဗဟိုကော်မတီသို့ ပေးပို့ခဲ့ပါသည်။ ထိုသဘောထားကို ယူဆောင်လာခဲ့သူ ဦးဥာဏ်ဝင်းက ပြန်လည်ပြောပြရာတွင် သူမအနေနှင့် အချက်၆ချက်ပါ သဘောထားအမြင်ကို ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ ထိုသဘောထားများမှာ-
၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝလက်မခံနိုင်ပဲ ရွှေဂုံတိုင် ကြေငြာချက်ကိုသာ ဆက်လက် ကိုင်စွဲ သွားရန်၊
၂။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် တရားမျှတမှု လုံး ဝ မရှိ။
၃။ NLD ပါတီသည် သူမပိုင်ပါတီ မဟုတ်သလို မည်သူတဦးယောက်မှ တသီးပုဂ္ဂလ ပိုင်ဆိုင်ခြင်း မရှိ။
၎။ ပါတီတွင်း အုပ်စုဖွဲ့မှုစည်းရုံးမှုများကို လက်မခံ ။
၅။ NLD ပါတီအနေနှင့် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိလျှင်ပင် သူမအနေနှင့် ပြည်သူလူထုအတွက် ဒီမို ကရေစီ မျှော်မှန်းချက်များ ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်။
၆။ စစ်အစိုးရ အနေနှင့် NLD ကို ဖျက်သိမ်းလိုက်လျှင်လည်း NLD သည် ပျက်စီးသွားမည်ဟု မယူဆ ။
စသည်တို့ ဖြစ်ပါသည်။
ထို ဆုံးဖြတ်ချက်သည် NLD ပါတီအတွက် သမိုင်းဝင်စေမည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်း အတွက် NLD သည် စစ်အာဏာရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ငြိမ်းချမ်း သော နည်းလမ်းကိုသာ ကိုင်စွဲထားသည့် NLD အတွက် လက်ရှိအာဏာကို စစ်အာဏာသိမ်း ချုပ်ကိုင်ထားသူ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပေတော့မည်။ ပါတီကို မတရား ဖျက်သိမ်းခံရ နိုင်သည်ကို သိလျှက် ၊ မိမိတို့ကို အချိန်မရွေး ဖမ်းဆီးနိုင်သည်ကို သိလျှက်နှင့်ပင် ထိုဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်ခဲ့ ကြခြင်းသည် သူတို့၏ အံ့ချီးဘွယ်ရာ သတ္တိကို ပြလိုက်ခြင်းလည်း ဖြစ်သည်။
အကယ်၍ NLD ကသာ ယနေ့ အစည်းအဝေးတွင် မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ပါလျှင်၊ စစ်အာဏာရှင်တို့ စိတ်ကြိုက် တဖက်သတ် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်းကောင်း တဖက် စောင်းနင်း ရွေးကောက်ပွဲ ဥပဒေများသည်လည်းကောင်း သက်ဝင်လာတော့မည် ဖြစ်ပေသည်။
အာဏာလက်ရှိ လက်မဲ့ကို မစဉ်းစားပဲ တရားဝင်မှုကိုသာကြည့်လျှင်၊ စစ်အုပ်စုသည် ၁၉၈၈ခုနှစ် ပြည်သူ တို့၏ သဘောဆန္ဒကို ဆန့်ကျင်၍ အလောင်းချင်းထပ်အောင် ပစ်သတ်ကာ အာဏာသိမ်းခဲ့ သူများဖြစ်ပြီး ၊ NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် အနိုင်ရကာ လူထုက အာဏာ အပ်နှင်းခဲ့သော ပါတီဖြစ်သည်။ ထိုအချိန်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင် ထိုရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု ဝန်ခံခဲ့ပြီးဖြစ်သည်။ မည်သူက တရားဝင်သည်ကို နှိုင်းယှဉ်၍ပင် မရပါ။ လက်နက်ရှိရုံမျှဖြင့် တရားမဝင်သူက တရားဝင်သူကို ဖျက်သိမ်းလျှင် စုစည်း ငြိမ်းချမ်းစွာဖြင့် ရင်ဆိုင်ကြရုံ သာရှိသည်။
တကယ်က ယခုဆုံးဖြတ်ချက်သည် ယနေ့တက်ရောက်လာကြသော ဗဟိုကော်မတီဝင် ၁၁၃ ဦး၏ သဘော ထားသာ မဟုတ်ပဲ ၄င်းတို့ ကိုယ်စားပြုလာကြသော ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီးမှ ပါတီဝင် အားလုံး၏ သဘောထားသာ ဖြစ်သည်။ ထို့အတူ ပြည်သူလူထုက အာဏာလွဲအပ်ထားသော ပါတီဖြစ်သဖြင့် ပြည်သူ လူထု တရပ်လုံး၏ သဘောထားလည်း ဖြစ်ပါသည်။ တနည်းဆိုရလျှင် NLD သည် သူ့အား ယုံကြည်စွာ ထောက်ခံခ့ကြသော ပြည်သူလူထုများ အပေါ်တွင် တင်လာသည့် စစ်ကျွန်ပြုရေး တံပိုးကြီးကို ရိုက်ချိုးလိုက်ပြီ ဖြစ်သည်။
နအဖ အနေနှင့် မည်သို့ပင် သပ်လျှို၊ ဖြိုခွဲ ဖိနှိပ်ကာ NLD ပါတီ တရပ်လုံးကို ခြေမှုန်းလိုက်သော်မှ ထိုသမိုင်းဝင် ဆုံးဖြတ်ချက်ကို ပျက်ပြယ်စေနိုင်သော အကြောင်း တစုံတရာ မရှိပါ။ အာဏာရပါတီ NLD အပေါ် ဖိနှိပ် လုပ်ဆောင်ချက် မှန်သမျှသည် နိုင်ငံတကာ ရာဇဝတ် တရားရုံး(ICC) တွင် တရားစွဲဆိုစရာ သက်သေခံ ချက်များ အဖြစ်ကို ရောက်ရှိလာမည်သာ ဖြစ်သည်။
မည်ကဲ့သို့သော နှောင့်နှေးမှုများ ရှိခဲ့သည်ဖြစ်စေ လက်ရှိ အခြေအနေတွင် NLD သည် သူတို့အား ယုံကြည် လေးမြတ်စွာ ထောက်ခံခဲ့သော ပြည်သူလူထုကြီး တရပ်လုံးအတွက် ထိုက်တန်စွာ ပြန်လည် အလုပ်အကြွေး ပြုခဲ့ပြီ ဖြစ်သည်။ မကြာသေးခင်ကမှ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့သူ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး တင်စား ချီးကျူးခဲ့သည့် မြန်မာပြည်မှ ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝတခုလုံးနှင့် ရင်းနှီးကာ ပေးဆပ်နေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုများအတွက် သူမကဲ့သို့ပင် ပေးဆပ် အလုပ် အကျွေးပြုရန် သူမ ဦးဆောင်ခဲ့သည့် ပါတီကို ပြောင်မြောက်စွာ လမ်းညွှန်ပြသခဲ့ပါပြီ။
သို့ဖြစ်ပါ၍ မြန်မာပြည်၏ ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ အတွက် မငဲ့ကွက်ပဲ ပြည်သူလူထုများ ပေါ် တွင် တင်နေသည့် စစ်ကျွန်တံပိုးကို ရိုက်ချိုးခဲ့ကြသည့် NLD ဗဟိုကော်မတီဝင်များနှင့်တကွ ပါတီဝင်များ အားလုံးကို လေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် ပေးပို့လာသည့် သတင်းအချက်အလက်များ အပေါ် Saffron Mail Letter Group မှ သုံးသပ်တင်ပြပါသည်။

Thursday, March 25, 2010

Global Action for Burma (GAB) calls for Chinese Government co-operation of United Nations Security Council action on Burma

Global Action for Burma (GAB) calls for Chinese Government co-operation of United Nations Security Council action on Burma

24 March 2010

wednesday

Dear UNSC members

Global action for Burma (GAB) calls for the world leaders to discuss Burma crisis at the United Nations Security Council in order to take practical action on Burma since Burma crisis is in its critical situation. The recent so-called electoral laws clearly show that ruling junta doesn’t have the will to see the national reconciliation in Burma.

Global action for Burma (GAB) strongly supports the United Kingdom Prime Minster Gordon Brown called for the urgent UN meeting. We express our appreciation over Mr Brown’s courageous timely action taken and we also take note that United Nations Secretary-General Ban Ki-moon requested the meeting of the Group of Friends of the Secretary-General on Myanmar [Burma] on March 25.

Our lives and rights are robbed by military regime for half the century and this is the time that UNSC must take action practically. World leaders should be aware that they cannot ignore the injustices in Burma but also they have the responsibly to protect the oppressed people since it is the duty of all the mankind.

Aung San Suu Kyi once said that “It is even appropriate or justified for the international community carries out the responsibility to intervene in the internal affairs of another country whose power are creating hell for the population. The international community as a whole should recognise that it has got responsibilities. It can’t ignore grave injustices that are going on within the borders of any particular country.”

We would like to call for world leaders to work collectively together to find the solution for Burma crisis and we would like to urge all the justice loving people around the world to call for United Nations Security Council to take practical action on Burma.

We would like to affirm here that Burma crisis is not the internal affair of one country but the affair of humanity and the affair of international community. We know that UN is there standing for facilitating cooperation in international law, international security, human rights, and the achieving of world peace and we want to express our perception that failure to take timely action on the perpetrators is tantamount to agree committing atrocities in Burma.

Global Action for Burma (GAB) earnestly calls for the Chinese government to:

· stop protecting criminal military regime in Burma

· not to use the VETO for the sake of 50 million people of Burma

· support the oppressed people of Burma in the name of humanity

Global Action for Burma (GAB) calls for the United Nations Security Council to:

· declare that it won’t recognize junta’s planned 2010 election and its results

· declare junta’s sham 2008 constitution as NULL and VOID

· declare that it will recognise Aung San Suu Kyi led CRPP1, as the legitimate Government of Burma if should “Interim Government” be formed mandated by 1990 general election

For more information regarding the Global Action for Burma (GAB) action on United Nations Security Council and Chinese government, please contact organizers on behalf of Global Action for Burma (GAB) to:

Ko Kyaw Zaw Wai (Canada)

Canadian Campaign for Free Burma (CCFB)

1-416-358-2318, zaw.w.kyaw@gmail.com

Ko Yin Aye (USA)

Free Burma Federation (FBF)

1-2407532397, yindbso@gmail.com

Ko Ko Aung (Japan)

Democratic Federation of Burma (DFB)

090-1506-2893, kokoaung_dfbjp@yahoo.com

Ko Kyaw Than (India)

All Burma Students League (ABSL)

91-9810601506, dawnstar88@gmail.com

Ko Yin Htwe (Thailand)

Burma Political Prisoner Union (BPPU)

66845755416, yinhtwe@gmail.com

Ko Tay Zar Tay (Denmark)

Aktionsgruppe for Demokrati i Burma (ADB-dk)

004522838096, tayzar.tay@gmail.com

Ko Myo Thein (UK)

Burma democratic Concern (BDC)

442084939137, myothein@bdcburma.org

1. CRPP, The Committee Representing The People’s Parliament, is formed on 16 September 1998 with the elected MPs of 1990 election including the MPs from the National League for Democracy (NLD) and from ethnics parties after the military junta ignored to recognize the 1990 election results. Because sovereign power lies with the people and because the people have freely made their choice in 1990 election, the CRPP was formed accordingly.

Global Action for Burma (GAB) is founded with democratic and ethnics organizations based inside Burma and in abroad working collectively together to free Burma to restore democracy, human rights and rule of law, and to establish genuine democratic federal union where everyone can enjoy freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights.


with respecfully
Tay Zar Tay
Director
Aktionsgruppe for demokrati i Burma (ADB-dk)

Dissident Groups Call for UN Security Council Burma Session

By KYAW THEIN KHA Tuesday, March 23, 2010

More than 150 Burmese dissident groups, local and in exile, called on the United Nations Security Council on Tuesday to hold an “urgent discussion” on Burma and appealed to China not to use its veto.

A three-page statement was sent to the UN Security Council and Chinese embassies around the world, appealing for support for the people of Burma.

“The UN Security Council needs to take action on the Burmese military government,” said Myo Thein, director of the Burma Democratic Concern, one of the groups signing the appeal. “We call on the UNSC for an urgent discussion about Burma and on China to support the UNSC's decision and not to use its veto.”

Other groups joining the appeal include the Canadian Campaign for Free Burma, Free Burma Federation, Democratic Federation of Burma, All Burma Students League, Burma Political Prisoners Union, Denmark's Aktiongruppe for Demokratii Burma and the Burma Democratic Concern.

UN Secretary-General Ban Ki-moon will convene a meeting of the Group of Friends of Burma on March 25.

The Group of Friends of Burma was formed in December 2007 and comprises representatives of Australia, Britain, China, France, India, Indonesia, Japan, Norway, Russia, Singapore, Thailand, the US and Vietnam, as well as the country holding the presidency of the European Union.

“We strongly support the meeting with the Friends of Burma,” said Myo Thein. “But it's not enough for solving the problems of Burma. The problems of Burma should be solved at UN Security Council level.”

ရှင်သန်ခွင့် (၀တ္ထုတို)

ခင်မမမျိုး
(၁)

“ကိုကြီးသဘောကတော့ သူ့ကို ဆက်ပြီး မဆန့်ကျင်ကြစေချင်ဘူး။ သူစီမံခန့်ခွဲပေးတာတွေကိုပဲ လိုက်နာစေ ချင်တယ်”

“ရှင်”
“ဗျာ”

အာမေဋ္ဋိတ်သံများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဧည့်ခန်းတခုလုံး အပ်ကျသံပင် မကြားရ လောက်အောင် ငြိမ်သက် တိတ်ဆိတ်သွားသည်။

“ခင်ဗျားမတရားဘူး။ ခင်ဗျားကို ခေါင်းဆောင်ဆိုပြီး တပ်ဦးမှာ ထားခဲ့တာ။ ခင်ဗျားကို ၀န်းရံပေးရမယ်ဆိုပြီး နာ စရာရှိရင် ကျုပ်တို့က ရှေ့ဆုံးကနေ အနာခံခဲ့ကြတာ”

အတန်ကြာ တိတ်ဆိတ်နေမှုကို ဖြိုခွဲ၍ ထွက်ပေါ်လာသည့် အသံက ညီထွေးလေး အသံ။

“ဘာလဲ။ ခုတော့ ကိုကြီးက ကြောက်နေပြီလား။ ကိုကြီးရဲ့ ရဲရဲတောက် စကားလုံးတွေကြောင့် မလေးတို့က ပါခဲ့ကြတယ်။ ကိုကြီးကို အပြည့်အ၀ ယုံကြည်ပြီး ခေါင်းဆောင်နေရာ ရွေးခဲ့ကြတယ်။ ခေါင်းဆောင်ဖြစ်ပြီးကာမှ ကိုကြီးက ပထွေးဆန့်ကျင်ရေးဆိုတဲ့ စကားကိုတောင် ရဲရဲမပြောလို့ မလေးတို့ ပြောပေးခဲ့ကြတယ်။ ဒါပေမယ့် ဒီလို ပြောလို့ အရိုက်ခံရ၊ အနာခံရရင်လဲ ကိုကြီးက မသိချင်ယောင်ပဲ ဆောင်နေတယ်။ ဒီအထိ မလေးတို့ သည်းခံတယ်။ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ အခြေအနေအရ ကိုကြီး လိုအပ်လို့ လုပ်တာပါလို့ပဲ ဖြေသိမ့် တွေးပေးခဲ့တယ်။ ကိုကြီးကို မလေးတို့ ယုံခဲ့ကြတယ်။ ခုတော့ အလကားပဲ။ မလေးတို့ ယုံကြည်မှုတွေကို အလွဲ သုံးစား လုပ်ခံလိုက်ရပြီ”

ညီထွေးလေးရဲ့ စကားသံဆုံးတော့ မလေးက ၀င်ပြောသည်။ ကိုကြီးက အင်းမလုပ်၊ အဲမလုပ်။ မှုန်ကုပ်ကုပ် မျက်နှာဖြင့် အားလုံးကို ပြန်ကြည့်နေသည်။

“မလေး။ နင်ဘာမှ အပိုတွေ ပြောမနေနဲ့တော့။ ငါနင်တို့ကို ဘယ်နှစ်ခါ ပြောခဲ့လဲ။ ကိုကြီးဆီမှာ ငါတို့တအိမ်လုံးကို ဦးဆောင်ပြီး ဟိုလူယုတ်မာကို အာခံရဲတဲ့ သတ္တိမရှိပါဘူးဆိုတာကိုး။ ငါတို့ အားလုံးက အဲဒီလူယုတ်မာကို ဆန့်ကျင်နေလို့ သူက ငါတို့ထဲ ပါလာတာ။ သူက ငါတို့အားလုံးထဲမှာ အကြီးဆုံးမို့ ငါတို့က ခေါင်းဆောင်ရွေးခဲ့ကြတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလို ခေါင်းဆောင်ဖြစ်ပြီးတဲ့ အခါမှာ ဘယ်နှစ်ကြိမ်များ ငါတို့ရှေ့က ရပ်တည်ပေးခဲ့လို့လဲ။ ငါတို့ ပေါ်ပေါ်ထင်ထင်နဲ့ လူယုတ်မာကြီးကို ဆန့်ကျင်ရင်တောင် သိပ်မတက်ကြွဖို့ သူုက ခေါ်ပြီး သတိပေးနေသေးတာပဲ။ ဒီကတည်းက ငါပြောနေတယ်။ လူယုတ်မာ ဆန့်ကျင်ရေးမှာ သူ့ကိုပဲ ရှေ့တန်းတင်ပြီး ပုံမအပ်ပါနဲ့။ ရှုံးလိမ့်မယ်လို့။ နင်တို့ လက်မှမခံကြတာပဲ။ ငါ့ကို တောင် အပြစ်ပြန်တင်နေသေးတယ်။ ခုတော့ နင်တို့ ခေါင်းဆောင်ကြီးက လူယုတ်မာကို လက်ခံပြီး လူယုတ်မာရဲ့ စီမံချက်ကိုတောင် လိုက်လုပ်ပေးမယ် ပြောနေတယ်။ ကောင်းသေးလား။ ဒီမှာ ကိုကြီး။ ၀ါအရ ခင်ဗျားကို ကျုပ်လေးစားပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်တွေကိုတော့ မလေးစားနိုင်ဘူး။ ခင်ဗျားက ဒူးထောက်ဆိုတာနဲ့ လိုက်ထောက်ပေးမယ့် သူငယ်နှပ်စားထဲမှာ ကျုပ်မပါဘူး။ အခုကစပြီး ခင်ဗျားကို ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုနိုင်ဘူး။ ခင်ဗျား လုပ်ခိုင်းတာတွေလဲ ကျုပ်မလုပ်နိုင်ဘူး။ ရှင်းအောင် ပြောထားမယ်”

“ဖေကြီးရယ်၊ ရှက်ဖို့ကောင်းလိုက်တာ။ ဘာလို့ ဒီလို အတွေးမျိုးတွေ ၀င်နေရတာလဲ။ သမီးမှာတော့ ဖေကြီးရဲ့ မျိုးဆက်ဖြစ်ရတာကို ဂုဏ်ယူလိုက်ရတာ။ ဖေကြီးဟာ တအိမ်လုံးရဲ့ အခက်အခဲတွေကို ပြေလည်အောင် လုပ်ပေးဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်ကြီးအနေနဲ့။ ခုတော့သွားပြီ။ သိပ်ရှက်ဖို့ ကောင်းတာပဲ”

ကိုကြီးရဲ့ သမီး ဇင်မာအောင်ကပါ ၀င်ပြောသည်။ ပြောရင်းနှင့် မျက်ရည်များကျနေပေမယ့် ကိုကြီး မျက်နှာပေါ်က ခက်ထန်တင်းမာမှုတွေက ပျောက်မသွား။ သူလုပ်တာ မှန်သည့်အနေဖြင့် ခပ်တင်းတင်း ပြန်ပြော သည်။

“ဇင်မာအောင်။ ငြိမ်ငြိမ်နေစမ်း။ ငါမွေးလို့ နင်လူဖြစ်လာတာပါ။ ငါ့ကို ပြန်အာခံမနေနဲ့။ ငါက ဒါဆို ဒါပဲလုပ်”

ကိုကြီးရဲ့ အော်ငေါက်သံအဆုံးမှာ ဇင်မာငြိမ်သွားသည်။ အသံထပ်မထွက်လာတော့ပေမယ့် ကိုကြီးကို လှမ်းကြည့်နေသော ဇင်မာ့ မျက်ဝန်းများရဲ့ အဓိပ္ပာယ်ကို သူမနားလည်သည်။ မျိုးဆက်ဟောင်း အပေါ်မှာ မျိုးဆက်သစ်တယောက်ရဲ့ အထင်သေးသော အကြည့်။

မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာ အလုပ်အကိုင်တွေမှာပဲ ဖြစ်ဖြစ်၊ ကျောင်းစာသင်ခန်း တွေမှာ ပဲဖြစ်ဖြစ် အပြန်အလှန် လေးစားမှု ဆိုတာက အလွန်အရေးပါလှသည်။ အိမ်ထောင်ဘက် အချင်းချင်း တယောက်ကို တယောက် အထင်သေးမှုရှိလာပြီဆိုလျှင် ဒီအိမ်ထောင်ရေး သာယာမည်မဟုတ်တော့။ အနန္တေအနန္တဂိုဏ်းဝင် မိဘပေမယ့်လဲ အကျင့်စာရိတ္တ ယိုယွင်းပျက်စီးမှုနှင့် လူအများကို ဆုတ်ယုတ် ပျက်စီးစေမှုတွေကြောင့် သားသမီးများအား အရှက်ရစေသည်ဆိုလျှင် မိဘနှင့် သားသမီး ဆက်ဆံရေးမှာ အဖုအထစ်များ ဖြစ်စမြဲ။ သိက္ခာတရားနှင့် ကျင့်ဝတ်ကို မစောင့်ထိန်းသော ဆရာများကိုလဲ ဘယ်လို ကျောင်းသားမျိုးကမှ အထင်တကြီး ဆည်းကပ်မည် မဟုတ်။ အဖွဲ့အစည်းတွင်လည်း ထိုနည်းလည်းကောင်း။ မျိုးဆက်ဟောင်းများရဲ့ အတွေး အခေါ်နဲ့ လုပ်ရပ်တွေကို မျိုးဆက်သစ်များက အထင်သေးလာပြီဆိုလျှင် အဖွဲ့အစည်းရဲ့ ရှင်သန်ကြီးထွားမှု နှောင့်နှေးပြီး အကွဲကွဲ၊ အပြဲပြဲ ဖြစ်လာလေ့ရှိသည်။

ဇင်မာ့ မျက်ဝန်းများကို ကြည့်ပြီး သူမအတွေးများက ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ဒီပြဿနာများရဲ့ အစ၊ ဟိုး လွန်ခဲ့သော နှစ်ပေါင်းများစွာက အခြေအနေတွေကို သူမ ပြန်မြင်ယောင်နေမိသည်။

(၂)

“မလတ်။ ဒါ ကိုစစ်နိုင်တဲ့။ ကျောင်းတုန်းက ငါတို့က မေဂျာတူတူပဲ။ ကွဲနေကြတာ ကြာပြီ။ တလောကမှ ပြန်တွေ့တာ”

ကိုကြီးက မိတ်ဆက်ပေးတာကြောင့် ကိုစစ်နိုင်ကို လှမ်းကြည့်လိုက်မိတော့ မျက်လုံးတွေကို မြင်ရစဉ်မှာပဲ သူမရင်ထဲ ဒိတ်ကနဲဖြစ်သွားသည်။ စိတ်ပညာဘွဲ့ရ တယောက်ဖြစ်တာကြောင့် လူတွေရဲ့ မျက်လုံးကတဆင့် အတွင်းစိတ်ကို မြင်နိုင်အောင် ကြိုးစားလေ့ကျင့်ခဲ့ဖူးသည်။ ကိုစစ်နိုင်မျက်လုံးတွေက မရိုးသား။ ကောက်ကျစ် စဉ်းလဲမှု သဏ္ဍာန်လေးတွေကို တွေ့နေရသလိုလိုရှိသည်။ သို့ပေမယ့် လူမှုရေး အရမို့ သူမ ပြန်နှုတ် ဆက်လိုက်ပါသည်။

“ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ်။ အိမ်ကို အလည်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“ကျွန်တော်က နောက်ဆို ခဏခဏ ရောက်ဖြစ်တော့မှာ။ ကိုအောင်နဲ့ စီးပွားရေး တူတူ လုပ်မလားလို့”

ကိုစစ်နိုင်က လိုသည်ထက် ပိုနေသော အပြုံးများဖြင့် ပြန်ပြောသည်။ ကိုကြီးကို လှမ်းကြည့်မိတော့ ကိုကြီး မျက်နှာက အရမ်းကို ပျော်ရွှင် လန်းဆန်းနေတာကြောင့် ဘာမှ ဆက်မပြောမိတော့။ သူငယ်ချင်းဟောင်းနှင့် ပြန်တွေ့ရလို့ ပျော်နေပုံပေါ်သည်။ နှစ်ယောက်သား အတူစားကြ၊ သောက်ကြရန်သာ သွားရောက် ပြင်ဆင် ပေးလိုက်သည်။

နောက်ပိုင်းကျတော့ ကိုစစ်နိုင်က အိမ်ကို ချောင်းပေါက်မတတ်လာသည်။ ကိုကြီးနှင့်အတူ ပုလင်းတူဘူးစို့ သောက်ကြ၊ စားကြသည်။ သူမတို့ တတွေ စိတ်ပျက်မိပေမယ့် ကိုကြီးမျက်နှာကြောင့် မကန့်ကွက်ဖြစ်ကြ။ သတိနှင့် ဆင်ဆင်ခြင်ခြင်နေရန်သာ သူမညီမလေးများကို သတိပေးရသည်။ သို့ပေမယ့် သူမ သတိပေးရန် တယောက်တော့ ကျန်ခဲ့ပါသည်။ ဒီလောက်အထိ ယုတ်မာမယ် မထင်ထားမိခဲ့တာကြောင့်လဲ ဖြစ်သည်။ အသက် ငါးဆယ်ကျော်ပေမယ့် အလှသွေးတွေ ဝေဖြာနေဆဲဖြစ်သော စီးပွားရေး လုပ်ငန်းရှင် မုဆိုးမ မေမေ့ကို အပိုင်ကြံသွားလိမ့်မယ်လို့တော့ သူမတို့ တွေးပင် မတွေးမိခဲ့ကြပါ။ များပြားလှသော မေမေ့အလုပ်တွေကို ကူလုပ်ပေးရင်း လူအများအကြားတွင် တွဲပြီး နာမည်ထွက်အောင် ကြိုးပမ်းတာတွေ၊ ပွဲလမ်းသဘင်တွေမှာ မေမေ့နောက်က တကောက်ကောက် လိုက်တာတွေ လုပ်ပြီး ဓာတ်ပုံတွေ အတူယှဉ်တွဲထွက်လာအောင် ပိုက်ဆံပေး စီမံတာတွေ လုပ်လာတော့မှ သူမတို့ သတိထားမိပေမယ့် အသိုင်းအ၀ိုင်းကြားမှာ နာမည်က ထွက်နေခဲ့ပြီဖြစ်သည်။ မတတ်သာသည့်အဆုံး တရှက်က နှစ်ရှက် မဖြစ်အောင် မေမေက လက်ထပ်လိုက်သည်။

သို့ပေမယ့် စိတ်ဆင်းရဲမှုတွေကြောင့် မေမေ အသက်မရှည်ခဲ့ပါ။ မေမေဆုံးတော့ ကိုစစ်နိုင်လက်ထဲတွင် စီးပွားရေး လုပ်ငန်းအားလုံး ရောက်နေခဲ့ပြီ။ အိမ်နှင့် ပတ်သက်လို့သာ ဘယ်သူကမှ ရောင်းဖို့ သဘောမတူကြတာကြောင့် အမွေဆိုင်အိမ်ကြီးအဖြစ် နှစ်ပေါင်းများစွာ သူများလက်ထဲ မရောက်ပဲ ကျန်နေခဲ့တာ ဖြစ်သည်။ အိမ်ထဲမှာ အတုနေကြပေမယ့် အိမ်ရဲ့ စီးပွားရေးကို ကိုစစ်နိုင်ကသာ ချုပ်ကိုင်ထားတာကြောင့် သူမတို့ အိမ်ရှင်များမှာ တစတစနှင့် အရိုးအရင်းကိုက်ရသော ကျွန်ဘ၀သို့ ကျရောက်လာကြသည်။ မနေနိုင်သော ကိုငယ်က ကျောင်းထွက်ပြီး သင်္ဘောတက်သွားသည်။ အိမ်ကို ငွေပြန်ပို့ပြီး မလေးနဲ့ ညီထွေးလေးတို့ရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့ရသည်ဆိုပေမယ့် ပေးတာယူ၊ ကျွေးတာစားနေရသော ဘ၀မှာ လူငယ်တွေရဲ့ အနာဂတ်ကား မျှော်လင့်ချက် မဲ့နေဆဲ။ သိပ်ထက်မြက်တဲ့ မိခင်တွေရဲ့ ခြေရာကို သားသမီးတွေ မှီအောင် လိုက်နိုင်စွမ်း မရှိဖူးဆိုတာ မှန်နေသလား မသိ။ မေမေရှိတုန်းက မေမေ့ကိုသာ အရာရာမှီခိုနေကြသည်မို့ မေမေမရှိချိန်တွေ သူမတို့အားလုံး မလုပ်တတ်၊ မကိုင်တတ်နှင့် ကိုစစ်နိုင် ကြီးစိုးခြယ်လှယ်သမျှသာ ခံကြရသည်။ ကိုစစ်နိုင် လက်သပ်မွေးထားသော လူဆိုးလူမိုက်များ၏ ခြိမ်းခြောက် အနိုင်ကျင့်မှုတွေကိုလဲ ခံကြရသေးသည်။


မေမေတို့ လက်ထပ်ပြီးစဉ်တုန်းက သူမတို့တတွေ စုပြီး ကိုစစ်နိုင်ကို အလိုမရှိ လုပ်ခဲ့ကြသည်။ မေမေ ဆုံးပြီးတော့လဲ ကိုစစ်နိုင် အိမ်ပေါ်က ဆင်းရအောင် ကြိုးပမ်းခဲ့ကြသေးသည်။ အပြင်းအထန် ထိပ်တိုက် တွေ့နေချိန်တွင် ကိုကြီးက စင်ပေါ်ရောက်လာသည်။ သူရအောင် ဆွေးနွေးဖြန်ဖြေပေးမည်လို့ ဆိုခဲ့သည်။ ဒါကြောင့် သူမတို့ အားလုံး တညီတညာတည်း ကိုကြီးကို ခေါင်းဆောင်ရွေးခဲ့ကြသည်။ သို့ပေမယ့် ကိုစစ်နိုင်က သူ့လက်ထဲ အကုန်ရောက်နေသည့် ကြီးစိုးခြယ်လှယ်ခွင့်ကို လွယ်လွယ်နှင့် မစွန့်။ တမေဂျာတည်း အတူ ကျောင်းတက်ခဲ့သည့် ကိုကြီးရဲ့ ခေါင်းဆောင်မှု အရည်အချင်း ဆိုတာကိုလဲ သူက အတွင်းသိ၊ အစင်းသိ။

ပုလင်းတူ၊ ဗူးစို့ ဖြစ်ခဲ့သူ အချင်းချင်းဆိုတော့ ဘယ်လို အချိန်ရောက်ရင် ဘယ်လိုအထာပေးရမည်ကို နားလည် ပြီး သား။ “ဆွေးနွေးကြတာပေါ့ကွာ။ မင်းညီတွေ၊ ညီမတွေ မကျွံလာအောင်သာ မင်းထိန်းပေး” ဆိုပြီး ငါးရံ့ဆီနှင့် ငါးရံ့ပြန်ကြော်ထားခဲ့သည်။ အခြေအနေတွေကို တွေ့နေပေမယ့် ကိုကြီးကို ခေါင်းဆောင်အဖြစ် ရွေးထားခဲ့ သည်မို့ သူမတို့တွေ မပြောရက်၊ မဆိုရက်၊ မဝေဖန်ရက်ကြ။ သူမတို့ အချင်းချင်းကွဲနေရင် ကိုစစ်နိုင်က နွားကွဲတုန်း၊ ကျားဆွဲ လုပ်လာမှာ စိုးလို့ ငြိမ်ကုပ်နေခဲ့ကြသည်။ သို့ပေမယ့် အခုတော့ ပြောရတော့မည်။ မပြောလို့ မဖြစ်တော့။ နွားက ကွဲတာ မဟုတ်ပဲ ခေါင်းဆောင်နွားလားက ကျားရဲတွင်းထဲကို ခုန်ဆင်းဖို့ပင် ခိုင်းနေပြီဖြစ်သည်။ သူမို့ လုပ်ရက်လေခြင်း၊ သူမို့ ပြောရက်လေခြင်း။ အတွေးများနှင့်အတူ သူမ မျက်ရည်ဝဲ လာသည်။ မဖြစ်တော့။ ကိုကြီးကို သူမ စကားသွားပြောမှ ဖြစ်တော့မည်။ တားမှ ဖြစ်တော့မည်။

(၃)

“ငါတို့သူ့ကို ဆန့်ကျင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟာ။ ထိရောက်မှုမှ မရှိတာပဲ။ ပကတိ အခြေအနေ မှန်ကို နားလည်လက်ခံရမယ်လေဟာ”

ကိုကြီးက စိတ်ဓာတ်ကျနေသော အသံဖြင့် တိုးတိုးလေး ပြောသည်။ မာရသွန်ခရီးကို မီတာ (၁၀၀) အတွေးနဲ့ ကိုကြီး ၀င် ပြေးခဲ့တာ ဖြစ်မယ်လို့ သူမ တွေးလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြောတာကို အရင်နားထောင်ဖို့ ဆုံးဖြတ်လိုက်မိသည်။ ရှေ့ဆင့်နောက်ဆင့် မောင်နှမမို့ သူမတို့ နှစ်ယောက်က အနီးစပ်ဆုံး ရင်းနှီးခဲ့ကြ ပါသည်။

“ငါတို့နဲ့ သူနဲ့ တသက်လုံး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ ခုဆို သူ့ဘက်က လျှော့လာပြီဟာ။ ဒီအိမ်ကြီးကို စီမံခန့်ခွဲဖို့ အဖွဲ့ဖွဲ့မယ်တဲ့။ သူ့လူတွေ လဲပါမယ်။ ငါတို့ထဲကလဲ ပါမယ်။ အတူတူ စီမံအုပ်ချုပ်ဖို့။ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲဟာ။ ငါလဲ အသက်ကြီးပြီ။ သူ့ကို ဆန့်ကျင်နေရတာလဲ နှစ်များစွာ ကြာခဲ့ပြီ။ ဘာမှ မရတာထက်စာရင် ငါ့မိသားစုရဲ့ ဆက်လက်ရှင်သန် ရပ်တည်ခွင့်အတွက် ရသလောက်လေး ၀င်ယူမှ ရတော့မယ်”

“ရှင်သန်ခွင့်။ ဟုတ်လား ကိုကြီး။ ကိုကြီး မိသားစုရဲ့ ဆက်လက်ရှင်သန်ခွင့်အတွက် သူစီမံတာကို လက်ခံဖို့”

“ဟုတ်တယ်လေဟာ။ အရင်တုန်းကဆို သူပဲ အားလုံးကို ချုပ်ကိုင်ထားတာ။ ခုဆို လမ်းဖွင့်လာတာပဲ။ ငါ့မိသားစုကို သူအသိအမှတ်ပြုဖို့အတွက် ငါကြိုးစားရမယ်။ ရှင်သန်ခွင့် ဆိုတာ လူတွေအတွက်၊ မိသားစုတွေ အတွက်၊ နောက်ဆုံးဟာ တိုင်းပြည်တပြည်အတွက် အရေးကြီးဆုံး အရာပဲ”

ဒီလောက်ဆို ကိုကြီးရဲ့ အတွင်းစိတ်ကို တွက်ချက်လို့ ရပြီဆိုတာ သူမ သဘောပေါက်လိုက်သည်။ သူမတို့ မှားခဲ့ကြပါပြီ။ အိမ်ကြီးထဲမှာ နေထိုင်တဲ့ မိသားစုသားချင်းတွေ အများကြီး ထဲကနေ သူ့မိသားစုလေး တခုတည်းကိုသာ ကွက်ပြီး စဉ်းစားတတ်သူကိုမှ တအိမ်လုံးရဲ့ အရေးအတွက် ခေါင်းဆောင်ရွေးမိ ခဲ့ကြပါ ပကောလား။ယူကျုံးမရ စိတ်တွေဖြင့် သူမ စကားစလိုက်မိသည်။

“ပြဿနာတွေကို ငါပြန်တွေးမိတယ်ဟာ။ ကိုစစ်နိုင် အိမ်ပေါ် ရောက်လာပြီးတော့ ပထမဆုံး ညီထွေးလေးနဲ့ ပြဿနာ စတက်တယ်နော်။ ပြဿနာစဖြစ်ပြီး ထိပ်တိုက်ဖြစ်နေတုန်းမှာ နင်က ပါလာခဲ့တယ်။ အဲဒီမှာ နင်က ပြဿနာတွေကို နင်ဦးဆောင်ဖြေရှင်းပေးမယ်ဆိုလို့ နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်ရွေးခဲ့ကြတယ်။ ငါတို့ နင့်ကို ရွေးခဲ့ကြတာက နင့်မိသားစုရဲ့ ခေါင်းဆောင် အနေနဲ့မဟုတ်ဘူး။ တအိမ်လုံးရဲ့ အနာဂတ်ကို ဦးဆောင် ပဲ့ကိုင်နိုင်မယ့် အိမ်ခေါင်းဆောင် အနေနဲ့ ရွေးခဲ့ကြတာ။ ငါတို့ နင့်ကို အရာရာ ပုံအပ်ခဲ့ကြတယ်။ ငါတို့ အိမ်ပေါ်မှာ ကိုစစ်နိုင်ရဲ့ အုပ်စိုးခြယ်လှယ်မှု အာဏာပပျောက်ရေးအတွက် လုပ်ဖို့ တပ်ဦးမှာ ထားခဲ့ကြတယ်။ တအိမ်လုံးကို ကိုယ်စားပြုပြီး ကိုစစ်နိုင်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ဖို့ပဲ။ ဒါပေမယ့် နင်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတယ်။ နင်ပြောရင် ကိုစစ်နိုင်က လက်ခံမယ်လို့ ထင်တယ်။ ဆန့်ကျင်ရေး လမ်းကြောင်းကို သွေဖည်ပြီး၊ တောင်းဆိုရေး လမ်းစဉ်ကို လိုက်တယ်။ ကိုစစ်နိုင်ကလဲ နင့်သူငယ်ချင်း အရင်းကြီးဆိုတော့ နင့်အကြောင်းကို ကောင်းကောင်း သိတယ်ထင်ပါရဲ့။ မျှော်လင့်ချက်လေးတွေ ပေးပြီး နင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်။ နင်ကလဲ ဒါကို မသိဘူး။ အမေတယောက်လုံး ပေးလိုက်ရတာတောင် မမှတ်သေးဘူး။ ယုံတုန်းပဲ။ နောက်ဆုံး နင့်ကို ငါတို့အားလုံးက ရွေးပြီး၊ ယောက်ျားချင်း စိန်ခေါ် အနိုင်ယူဖို့ ၀န်းရံပေးခဲ့တာတောင် နင်က ညောင်နာနာလုပ်နေလို့ နင့်မိန်းမနဲ့ အငယ်ကောင်လေး အိမ်ပေါ်က ဆင်းသွားရတဲ့ အထိပဲ မဟုတ်လား။ နင့်မိန်းမက အဝေးမှာ ရောက်နေပေမယ့်လဲ ငါတို့ကို မေ့မသွားပါဘူးဟာ။ အိမ်ရဲ့ အရေးအတွက် ဆက်ပြီး လုပ်နေတုန်းပဲ။ ကိုစစ်နိုင်ကို ဘယ်လို ဆန့်ကျင်ပြီး သူ့ကျွန်ဘ၀ကနေ ငါတို့ တအိမ်လုံးလွတ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ ခုအချိန်အထိ ကြံဆပေးနေတုန်းပဲ။ နင်က နင့်မိသားစု အရေးပဲ ကြည့်မယ်လို့ ပြောတယ်။ နင့်အပေါ် ယုံကြည်ခဲ့ကြတဲ့ ငါတို့တွေကို ထည့်မတွက်ရင်နေပါ။ အဝေးမှာ ရောက်နေတဲ့ နင့်မိန်းမနဲ့ နင့်သားအငယ်လေးကကော နင့်မိသားစု မဟုတ်ဘူးလား။ ပြီးတော့ နင့်သမီး။ နင့်သမီးဟာ ငါတို့ တအိမ်လုံးရဲ့ လက်ပေါ်မှာ ကြီးလာခဲ့တာ။ နင်ကသာ နင့်မိသားစုဆိုပြီး ခွဲခြားဆက်ဆံနေပေမယ့် နင့်သမီး၊ နင့်မျိုးဆက်ကို ငါတို့က ဆွေမျိုးသားချင်း၊ ဒီအိမ်ကြီးတခုလုံးရဲ့ မျိုးဆက်လို့ သဘောထားခဲ့ကြတာ။ သူ့စိတ်ထဲမှာကလဲ နင့်လို နင်တို့ မိသားစု ရှင်သန်ခွင့်၊ နင်တို့ မိသားစု အနာဂတ်ကိုပဲ ကြည့်ပြီး ကိုစစ်နိုင်ရဲ့ ကြိုးကိုင်အုပ်စီးမှုကို ခံချင်တဲ့ စိတ်မရှိဘူး။ အေး- ရှင်သန်ခွင့်ဆိုလို့လဲ ငါက ပြောရဦးမယ်။ နင်က နင့်သူငယ်ချင်းဟောင်း ပုလင်းတူဘူးစို့ လူယုတ်မာကို တော်တော်ယုံတယ် ဟုတ်လား။ သူပြောတာက ရှင်းရှင်းလေးနော်။ သူ့ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဆိုတာမှာ သူ့မွေးစားသားတွေဆိုပြီး အိမ်ထဲမှာ ဓားတကိုင်ကိုင်နဲ့ လမ်းပတ်လျှောက်နေတဲ့ စစ်သွေးရယ်၊ အရက်မူးပြီး ရမ်းကားနေတဲ့ ဖြိုးအောင်ရယ်၊ အားအာယားယား အကျီင်္ချွတ်ပြီး သူ့ဗလ ကြီးကြောင်း လိုက်ပြနေတဲ့ စွမ်းအားရယ်တွေက အဓိက ပါမှာ။ ပြီးတော့ အိမ်လုံခြုံရေး တာဝန်ခံက ကိုစစ်နိုင်ကိုယ်တိုင်ပဲ။ သူရေးထားတဲ့ အဖွဲ့အကြောင်း နင်သေချာကော ဖတ်ပြီးပြီလား။ အဲဒီ စီမံခန့်ခွဲရေး အဖွဲ့ကို အိမ်လုံခြုံရေးအရ အချိန်မရွေး ဖျက်သိမ်းလို့ ရပါတယ်ဆိုနေမှ။ သူကြိုးကိုင်တာမဟုတ်လို့ ဘာလဲ။ နင့်ကိုကော သူက ဘယ်လောက်ထိ အရေးပေးမယ် ထင်လို့လဲ။ ခြံထဲမှာ တံမြက်စည်းလှဲဖို့၊ ပန်းပင်ရေလောင်းဖို့ တာဝန်လောက် ရရင်တောင် ကံကောင်းတယ်မှတ်ပါ။ နင့်ကို သူက လူလိုသူလို သဘောထားပြီးများ သူ့အဖွဲ့ထဲ ပါဖို့ ခေါ်နေတယ် ထင်လို့လား။ နင်က အစ်ကို အကြီးဆုံးဆိုတော့ နင့်ကို ချိုးထားနိုင်ရင် ငါတို့ အားလုံး သူ့ကို ဆန့်ကျင်နေတာတွေ ရပ်သွားနိုင်ပြီဆိုပြီး ပါခိုင်းနေတာ ကိုကြီးရဲ့။ ငါတို့က နင့်ကို မတရားအနိုင်ကျင့်ခံနေရတဲ့ ငါတို့ တအိမ်လုံးက လူတွေရဲ့ ရှေ့မှာမားမားမတ်မတ် ရပ်တည်ပေးဖို့ ခေါင်းဆောင်ကြီး နေရာမှာ ထားခဲ့ကြတာပါဟာ။ တပ်ဦးမှာ ထားခဲ့ကြတာပါ။ ရှင်သန်ခွင့် ဆိုတာကို နင်က လူယုတ်မာ ကိုစစ်နိုင်ရဲ့ အသိအမှတ်ပြုမှုလို့ သဘောပေါက်ပေမယ့် ငါကတော့ ငါတို့ တအိမ်လုံးရဲ့ ခေါင်းဆောင်ကြီးအဖြစ် ရှင်သန်ခွင့် ဆိုတဲ့ တခြား အမျိုးအစားလဲ ရှိသေးတယ်လို့ ထင်တာပဲ။ နင်ကလူယုတ်မာရဲ့ စီမံချက်ကို လက်ခံမယ်လို့ စကားစရုံ ရှိသေးတယ်။ နင့်အပေါ် ၀န်းရံခဲ့သူတွေရဲ့ နင့်အပေါ် မြင်သွားတဲ့ အမြင်တွေ၊ နောက်ဆုံး နင့်မျိုးဆက် ကိုယ်တိုင်က နင့်ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေကို နင်မတွေ့ဘူးလား။ နင်လက်ခံလိုက်တာနဲ့ တအိမ်လုံးရဲ့ အရေးကို လုပ်နေတဲ့ တပ်ဦးနေရာကနေ နင်ဘာသာနင် ဖယ်ရှားလိုက်ပြီဆိုတာ သဘောပေါက်စမ်းပါဟာ ငါတို့ရဲ့ ခေါင်းဆောင်ကြီး လုပ်ခဲ့ဖူးသူက လူယုတ်မာရဲ့ ဖိနပ်ကြိုးကို ချည်ပေးနေရတာကိုတော့ ငါ မမြင်ပါရစေနဲ့။ ငါရင်နာလွန်းလို့ပါ။ အတိုချုပ်ဆိုရရင် နင်ပြောနေတဲ့ ရှင်သန်ခွင့်ဆိုတာမှာ နှစ်မျိုးရှိတယ်ဟာ။ လူယုတ်မာက နင့်ကို အသိအမှတ်ပြုပြီး သူ့ရဲ့ ကျွန်နေရာမှာ ထားတာကို ခံယူဖို့အတွက် ရှင်သန်ခွင့်နဲ့ တအိမ်လုံးက နင့်ကို တပ်ဦးမှာ ထားပြီး လူယုတ်မာကို ဆန့်ကျင်ဖယ်ရှားတာတွေမှာ ခေါင်းဆောင်အဖြစ် ရှင်သန်ခွင့်။ ဒီနှစ်ခုမှာ နင်တခုခုတော့ ရွေးရလိမ့်မယ်။ ငါကတော့ နင့်ကို ဒုတိယရှင်သန်ခွင့်ကို ရွေးစေချင်တယ်။ အေး- အဲလိုဆိုလို့။ ငါတို့တွေအားလုံးထဲမှာ နင်က မရှိမဖြစ် အရေးပါနေလွန်းလို့တော့ မထင်နဲ့။ နင်မရှိပဲနဲ့လဲ ညီထွေးလေး ဦးဆောင်ပြီး သူ့ကို ငါတို့ ဆန့်ကျင်ခဲ့ဖူးပါတယ်ဟာ။ နင်က နောက်မှ ပေါ်လာခဲ့တာပါ။ ဒါပေမယ့် နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်တင်ခဲ့ပါတယ်။ အမြင့်ကို ပို့ခဲ့ပါတယ်။ မြင့်တယ်ထင်ပြီး ခုန်ချရင်တော့လဲ နင့်သမိုင်းပေါ့။ ငါဘယ်တတ်နိုင်မလဲ။ နင်က ငါ့ထက် အသက်ကြီးပါတယ်။ ငါ့ထက်လဲ ပိုပြီး စဉ်းစားဥာဏ် ရှိလိမ့်မယ်လို့ ငါယုံပါတယ်။ နင်သေချာ စဉ်းစားနော်ကိုကြီး။ ဘ၀မှာ ပြင်လို့ ရတဲ့ အမှားရှိသလို ပြင်လို့ မရတဲ့အမှားလဲ ရှိတယ်။ နောက်ပြန်ဆုတ်လို့ ရတဲ့ လမ်းဆိုတာ ရှိသလို ရှေ့တလှမ်းတိုးမိတာနဲ့ ထောင်ချောက်ထဲ ကျသွားတတ်တာတွေလဲ ရှိတယ်။ ငါပြောသင့်လို ပြောပြီးပြီဟာ။ နင့်ဘာသာပဲ ဆုံးဖြတ်တော့”


ငြင်းခုန်ဖို့ သွားခြင်း မဟုတ်သည့်အတွက် သူမ ထထွက်လာခဲ့သည်။ ကိုစစ်နိုင်ရဲ့ ဖိနပ်ကို ကြိုးချည်ပေးနေရ သော ကိုကြီးရဲ့ ဘ၀ကို မတွေ့ရပါစေနဲ့ လို့တော့ စိတ်ထဲမှာ ဆန္ဒတွေ အပြည့်နှင့်။


ခင်မမမျိုး (၂၂၊ ၃၊ ၂၀၁၀)