Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts

Tuesday, March 30, 2010

ဦးညွှတ်ပါသည် NLD

မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး နိုင်ငံရေး ပါတီကြီးဖြစ်သော NLD ပါတီ၏ အီးစီစုံညီ ဗဟိုကော်မတီ အစည်းအဝေးက နအဖ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာနှင့် ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ များ တရားမျှတမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ယနေ့ ဆုံးဖြတ်ချက် ချခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်ကို NLD ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော NLD ဗဟိုကော်မတီ အစည်းအဝေးက ယနေ့ နေ့လည်ပိုင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၁၁၃ဦး တက်ရောက် ခဲ့ကြပါသည်။ ထိုဗဟိုကော်မတီ အစည်းအဝေးကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်သည် နအဖက ယခုနှစ်အတွင်း ကျင်းပမည့် တဖက်စောင်းနင်း ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။
NLD၏ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစည်းအဝေးအပြီး သတင်းသမားများကို ပြောပြရာတွင် NLD ပါတီသည် မိမိတို့ပါတီကို ဖျက်သိမ်းမည်မဟုတ်ပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူလူထုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်တွဲကာ ပါတီမရှိတော့လျှင်ပင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။ ထို့အတွက် စစ်အစိုးရအနေနှင့် သူတို့အားလုံးကို ဖမ်းဆီးသည်ဖြစ်စေ ကြိုက်သလို ဆောင်ရွက် နိုင်ကြောင်း NLD အနေဖြင့် ဖိနှိပ်မှု အားလုံးကို ရင်ဆိုင်သွားရန် အသင့်ဖြစ်နေပြီဟု ကြေငြာ သွားခဲ့ပါသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကလဲ သူမ၏ သဘောထားအမြင်ကို ဗဟိုကော်မတီသို့ ပေးပို့ခဲ့ပါသည်။ ထိုသဘောထားကို ယူဆောင်လာခဲ့သူ ဦးဥာဏ်ဝင်းက ပြန်လည်ပြောပြရာတွင် သူမအနေနှင့် အချက်၆ချက်ပါ သဘောထားအမြင်ကို ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ ထိုသဘောထားများမှာ-
၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝလက်မခံနိုင်ပဲ ရွှေဂုံတိုင် ကြေငြာချက်ကိုသာ ဆက်လက် ကိုင်စွဲ သွားရန်၊
၂။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် တရားမျှတမှု လုံး ဝ မရှိ။
၃။ NLD ပါတီသည် သူမပိုင်ပါတီ မဟုတ်သလို မည်သူတဦးယောက်မှ တသီးပုဂ္ဂလ ပိုင်ဆိုင်ခြင်း မရှိ။
၎။ ပါတီတွင်း အုပ်စုဖွဲ့မှုစည်းရုံးမှုများကို လက်မခံ ။
၅။ NLD ပါတီအနေနှင့် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိလျှင်ပင် သူမအနေနှင့် ပြည်သူလူထုအတွက် ဒီမို ကရေစီ မျှော်မှန်းချက်များ ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်။
၆။ စစ်အစိုးရ အနေနှင့် NLD ကို ဖျက်သိမ်းလိုက်လျှင်လည်း NLD သည် ပျက်စီးသွားမည်ဟု မယူဆ ။
စသည်တို့ ဖြစ်ပါသည်။
ထို ဆုံးဖြတ်ချက်သည် NLD ပါတီအတွက် သမိုင်းဝင်စေမည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်း အတွက် NLD သည် စစ်အာဏာရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ငြိမ်းချမ်း သော နည်းလမ်းကိုသာ ကိုင်စွဲထားသည့် NLD အတွက် လက်ရှိအာဏာကို စစ်အာဏာသိမ်း ချုပ်ကိုင်ထားသူ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပေတော့မည်။ ပါတီကို မတရား ဖျက်သိမ်းခံရ နိုင်သည်ကို သိလျှက် ၊ မိမိတို့ကို အချိန်မရွေး ဖမ်းဆီးနိုင်သည်ကို သိလျှက်နှင့်ပင် ထိုဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်ခဲ့ ကြခြင်းသည် သူတို့၏ အံ့ချီးဘွယ်ရာ သတ္တိကို ပြလိုက်ခြင်းလည်း ဖြစ်သည်။
အကယ်၍ NLD ကသာ ယနေ့ အစည်းအဝေးတွင် မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ပါလျှင်၊ စစ်အာဏာရှင်တို့ စိတ်ကြိုက် တဖက်သတ် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်းကောင်း တဖက် စောင်းနင်း ရွေးကောက်ပွဲ ဥပဒေများသည်လည်းကောင်း သက်ဝင်လာတော့မည် ဖြစ်ပေသည်။
အာဏာလက်ရှိ လက်မဲ့ကို မစဉ်းစားပဲ တရားဝင်မှုကိုသာကြည့်လျှင်၊ စစ်အုပ်စုသည် ၁၉၈၈ခုနှစ် ပြည်သူ တို့၏ သဘောဆန္ဒကို ဆန့်ကျင်၍ အလောင်းချင်းထပ်အောင် ပစ်သတ်ကာ အာဏာသိမ်းခဲ့ သူများဖြစ်ပြီး ၊ NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် အနိုင်ရကာ လူထုက အာဏာ အပ်နှင်းခဲ့သော ပါတီဖြစ်သည်။ ထိုအချိန်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင် ထိုရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု ဝန်ခံခဲ့ပြီးဖြစ်သည်။ မည်သူက တရားဝင်သည်ကို နှိုင်းယှဉ်၍ပင် မရပါ။ လက်နက်ရှိရုံမျှဖြင့် တရားမဝင်သူက တရားဝင်သူကို ဖျက်သိမ်းလျှင် စုစည်း ငြိမ်းချမ်းစွာဖြင့် ရင်ဆိုင်ကြရုံ သာရှိသည်။
တကယ်က ယခုဆုံးဖြတ်ချက်သည် ယနေ့တက်ရောက်လာကြသော ဗဟိုကော်မတီဝင် ၁၁၃ ဦး၏ သဘော ထားသာ မဟုတ်ပဲ ၄င်းတို့ ကိုယ်စားပြုလာကြသော ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီးမှ ပါတီဝင် အားလုံး၏ သဘောထားသာ ဖြစ်သည်။ ထို့အတူ ပြည်သူလူထုက အာဏာလွဲအပ်ထားသော ပါတီဖြစ်သဖြင့် ပြည်သူ လူထု တရပ်လုံး၏ သဘောထားလည်း ဖြစ်ပါသည်။ တနည်းဆိုရလျှင် NLD သည် သူ့အား ယုံကြည်စွာ ထောက်ခံခ့ကြသော ပြည်သူလူထုများ အပေါ်တွင် တင်လာသည့် စစ်ကျွန်ပြုရေး တံပိုးကြီးကို ရိုက်ချိုးလိုက်ပြီ ဖြစ်သည်။
နအဖ အနေနှင့် မည်သို့ပင် သပ်လျှို၊ ဖြိုခွဲ ဖိနှိပ်ကာ NLD ပါတီ တရပ်လုံးကို ခြေမှုန်းလိုက်သော်မှ ထိုသမိုင်းဝင် ဆုံးဖြတ်ချက်ကို ပျက်ပြယ်စေနိုင်သော အကြောင်း တစုံတရာ မရှိပါ။ အာဏာရပါတီ NLD အပေါ် ဖိနှိပ် လုပ်ဆောင်ချက် မှန်သမျှသည် နိုင်ငံတကာ ရာဇဝတ် တရားရုံး(ICC) တွင် တရားစွဲဆိုစရာ သက်သေခံ ချက်များ အဖြစ်ကို ရောက်ရှိလာမည်သာ ဖြစ်သည်။
မည်ကဲ့သို့သော နှောင့်နှေးမှုများ ရှိခဲ့သည်ဖြစ်စေ လက်ရှိ အခြေအနေတွင် NLD သည် သူတို့အား ယုံကြည် လေးမြတ်စွာ ထောက်ခံခဲ့သော ပြည်သူလူထုကြီး တရပ်လုံးအတွက် ထိုက်တန်စွာ ပြန်လည် အလုပ်အကြွေး ပြုခဲ့ပြီ ဖြစ်သည်။ မကြာသေးခင်ကမှ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့သူ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး တင်စား ချီးကျူးခဲ့သည့် မြန်မာပြည်မှ ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝတခုလုံးနှင့် ရင်းနှီးကာ ပေးဆပ်နေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုများအတွက် သူမကဲ့သို့ပင် ပေးဆပ် အလုပ် အကျွေးပြုရန် သူမ ဦးဆောင်ခဲ့သည့် ပါတီကို ပြောင်မြောက်စွာ လမ်းညွှန်ပြသခဲ့ပါပြီ။
သို့ဖြစ်ပါ၍ မြန်မာပြည်၏ ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ အတွက် မငဲ့ကွက်ပဲ ပြည်သူလူထုများ ပေါ် တွင် တင်နေသည့် စစ်ကျွန်တံပိုးကို ရိုက်ချိုးခဲ့ကြသည့် NLD ဗဟိုကော်မတီဝင်များနှင့်တကွ ပါတီဝင်များ အားလုံးကို လေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် ပေးပို့လာသည့် သတင်းအချက်အလက်များ အပေါ် Saffron Mail Letter Group မှ သုံးသပ်တင်ပြပါသည်။

Thursday, March 25, 2010

Global Action for Burma (GAB) calls for Chinese Government co-operation of United Nations Security Council action on Burma

Global Action for Burma (GAB) calls for Chinese Government co-operation of United Nations Security Council action on Burma

24 March 2010

wednesday

Dear UNSC members

Global action for Burma (GAB) calls for the world leaders to discuss Burma crisis at the United Nations Security Council in order to take practical action on Burma since Burma crisis is in its critical situation. The recent so-called electoral laws clearly show that ruling junta doesn’t have the will to see the national reconciliation in Burma.

Global action for Burma (GAB) strongly supports the United Kingdom Prime Minster Gordon Brown called for the urgent UN meeting. We express our appreciation over Mr Brown’s courageous timely action taken and we also take note that United Nations Secretary-General Ban Ki-moon requested the meeting of the Group of Friends of the Secretary-General on Myanmar [Burma] on March 25.

Our lives and rights are robbed by military regime for half the century and this is the time that UNSC must take action practically. World leaders should be aware that they cannot ignore the injustices in Burma but also they have the responsibly to protect the oppressed people since it is the duty of all the mankind.

Aung San Suu Kyi once said that “It is even appropriate or justified for the international community carries out the responsibility to intervene in the internal affairs of another country whose power are creating hell for the population. The international community as a whole should recognise that it has got responsibilities. It can’t ignore grave injustices that are going on within the borders of any particular country.”

We would like to call for world leaders to work collectively together to find the solution for Burma crisis and we would like to urge all the justice loving people around the world to call for United Nations Security Council to take practical action on Burma.

We would like to affirm here that Burma crisis is not the internal affair of one country but the affair of humanity and the affair of international community. We know that UN is there standing for facilitating cooperation in international law, international security, human rights, and the achieving of world peace and we want to express our perception that failure to take timely action on the perpetrators is tantamount to agree committing atrocities in Burma.

Global Action for Burma (GAB) earnestly calls for the Chinese government to:

· stop protecting criminal military regime in Burma

· not to use the VETO for the sake of 50 million people of Burma

· support the oppressed people of Burma in the name of humanity

Global Action for Burma (GAB) calls for the United Nations Security Council to:

· declare that it won’t recognize junta’s planned 2010 election and its results

· declare junta’s sham 2008 constitution as NULL and VOID

· declare that it will recognise Aung San Suu Kyi led CRPP1, as the legitimate Government of Burma if should “Interim Government” be formed mandated by 1990 general election

For more information regarding the Global Action for Burma (GAB) action on United Nations Security Council and Chinese government, please contact organizers on behalf of Global Action for Burma (GAB) to:

Ko Kyaw Zaw Wai (Canada)

Canadian Campaign for Free Burma (CCFB)

1-416-358-2318, zaw.w.kyaw@gmail.com

Ko Yin Aye (USA)

Free Burma Federation (FBF)

1-2407532397, yindbso@gmail.com

Ko Ko Aung (Japan)

Democratic Federation of Burma (DFB)

090-1506-2893, kokoaung_dfbjp@yahoo.com

Ko Kyaw Than (India)

All Burma Students League (ABSL)

91-9810601506, dawnstar88@gmail.com

Ko Yin Htwe (Thailand)

Burma Political Prisoner Union (BPPU)

66845755416, yinhtwe@gmail.com

Ko Tay Zar Tay (Denmark)

Aktionsgruppe for Demokrati i Burma (ADB-dk)

004522838096, tayzar.tay@gmail.com

Ko Myo Thein (UK)

Burma democratic Concern (BDC)

442084939137, myothein@bdcburma.org

1. CRPP, The Committee Representing The People’s Parliament, is formed on 16 September 1998 with the elected MPs of 1990 election including the MPs from the National League for Democracy (NLD) and from ethnics parties after the military junta ignored to recognize the 1990 election results. Because sovereign power lies with the people and because the people have freely made their choice in 1990 election, the CRPP was formed accordingly.

Global Action for Burma (GAB) is founded with democratic and ethnics organizations based inside Burma and in abroad working collectively together to free Burma to restore democracy, human rights and rule of law, and to establish genuine democratic federal union where everyone can enjoy freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights.


with respecfully
Tay Zar Tay
Director
Aktionsgruppe for demokrati i Burma (ADB-dk)

Tuesday, January 26, 2010

လားရှိုးမြို့တွင် တပ်မိသားစုများက လှုံ့ဆော်စာကပ်

Burma: United Nations Security Council (UNSC) Must Declare Burmese Junta’s 2008 Constitution as NULL and VOID By Global Action for Burma



Burma: United Nations Security Council (UNSC) Must Declare Burmese

Junta’s 2008 Constitution as NULL and VOID

26 January 2010

Global Action for Burma (GAB) today calls for United Nations Security Council (UNSC) to declare the unilaterally adopted Burmese junta's 2008 sham constitution, which is designed to legitimize military rule permanently in Burma, as NULL and VOID.

The very junta who is ruling the country held the election in 1990 in which Aung San Suu Kyi’s party, National League for Democracy (NLD) won landslide victory but until now the results are still yet to be honored. Instead of honoring the elections of 1990 results, junta drafted the constitution unilaterally which legitimize the military rule in Burma and now again planning to hold sham election in 2010.

Aung San Suu Kyi and her party the National League for Democracy (NLD), the unanimous victors of the 1990 election, clearly stated their position in the “Shwe- Gone-Dine” Declaration that need to place in order to have true national reconciliation i.e. to Review 2008 Constitution and to recognize 1990 election result.

Junta has been ignoring the voices people of Burma and going ahead unilaterally to entrench military dictatorship in Burma permanently. The junta’s planned 2010 election is only a charade designed to legitimize the military dictatorship within Burma.

Before we could possible address the junta’s proposed 2010 election we must address the validity of the recently adapted constitution. Drafted by the junta, this document is far from credible or constitutional. Free, fair and all inclusive is not what this document represents.

The International Community should be aware of the hopelessly irreconcilable contents of the constitution that was adopted in 2008. The referendum was ushered into existence under questionable conditions including extortion and rigged ballots.

We would like to draw particular attention on these points:

1. The Junta gave itself amnesty from the crimes against humanity it has perpetrated throughout Burma during their reign of terror.

2. The Military regime systematically took 25% of the parliamentary seats. The military commander in chief was also given absolute authority to dissolve the parliament at any time effectively neutralizing the voice of the people.

Giving the military junta 25% of the parliamentary seats, unbridled authoritarian control and a self serving amnesty for the crimes against humanity were truly not the will of the Burmese people. Legitimizing the criminal regime was also not the will of the people and this is incomprehensible and totally unacceptable to the Burmese people.

The essence of the 2008 Constitution is to guarantee impunity indefinitely and the 2010 election will implement it. Therefore, we call for United Nations Security Council (UNSC) to declare the unilaterally adopted Burmese junta's 2008 sham constitution, which is designed to legitimize military rule permanently in Burma, as NULL and VOID.

Notes to Editor:

It is reasonable to request the nullification of the 2008 Constitution by the UN Security Council. Precedence for such a move can be found in UNSC Resolution 554 regarding South Africa’s 1983 apartheid-entrenching constitution1.

1UNSC Res 554 (15 November 1983) UN Doc A/RES/38/11.

1. UNSC declares that the so-called "new constitution" is contrary to the principles of the Charter of the United Nations, that the results of the referendum of 2 November 1983 are of no validity whatsoever and that the enforcement of the "new constitution" will further aggravate the already explosive situation prevailing inside apartheid South Africa.

2. Strongly rejects and declares as null and void the so-called "new constitution" and the "elections" to be organized in the current month of August for the "colored" people and people of Asian origin as well as all insidious maneuvers by the racist minority regime of South Africa further to entrench white minority rule and apartheid.

For more information, please contact:

Mr. Myo Thein, Global Action for Burma (+44) 208 493 9137

Col. Sai Myo Win Htun, Global Action for Burma (+66) 835 82 3490

Mr. Ko Ko Aung, Global Action for Burma (+81) 090 1506 2893

Mr. Htun Htun, Global Action for Burma (+1) 501 334 9997

Mr. Sai, Global Action for Burma (+1) 510 415 2289

Global Action for Burma (GAB) http://www.gabforburma.info/

Monday, January 4, 2010

အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၁၀ ကို ထုတ်ဝေ

အယ်ဒီတာ့အာဘော်

နိုင်ငံရေး အချိုးအကွေ့ အပြောင်းအလဲ များသော ၂၀၀၉ ခုနှစ်မှ သည် ၂၀၁၀ သို့ မကြာ မှီ ပြောင်းလဲပေတော့မည်။ ၂၀၁၀ သည်ကော မည်သည်တို့ကို ဆောင်ကျဉ်း လာမည်နည်း။

လမ်းကြောင်းနှစ်သွယ်ကိုတော့ ထင်ရှား ပီပြင်စွာမြင်နေရသည်။

ပထမလမ်းကြောင်းက နအဖ တို့ အလိုကျ စိတ်တိုင်းကျ ရေးဆွဲကာ မဲလိမ် အတည်ပြုထား သည့် ၂၀၀၈ စစ်ဗိုလ် တမတ်သား အခြေဥပဒေဖြင့် ရွေးကောက်ပွဲကို အဓမ္မ ကျင်းပကာ တိုင်းရင်းသားပြည်သူ တရပ်လုံးနှင့် ထိပ်တိုက်ရင်ဆိုင်မည့် အလုံးစုံ ပျက်စီးရေး လမ်းကြောင်းဖြစ်သည်။

ဒုတိယ လမ်းကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထား သည့် ဆွေးနွေး ညှိနိုင်း အဖြေရှာကြရေး လမ်းကြောင်းပင်ဖြစ်သည်။

နအဖ ကတော့ သူတို့ စိတ်တိုင်းကျ ဖြစ်သည့် ပထမလမ်းကြောင်းကို သာ ဆက်လျှောက် မည့် အရိပ်အယောင်နှင့် စကားများကို တွင်တွင် သုံးနေသော်လည်း တဖက် ကလဲ လိုက်လျှောမှု အချို့ကို ပြခဲ့သည်။ သို့ရာတွင် မီးစတဖက် ရေမှုတ်တဖက် လမ်းစဉ်ကို ဆက်လက် ကျင့်သုံးနေဆဲပင်။

မည်သို့ပင်ဆိုစေ ရှောင်လွဲမရသည့် အချက်က ၂၀၁၀ တွင် လမ်းကြောင်းတခု ကိုတော့ ရွေးရ ပေတော့မည်။ ထို့အတူ အတိုက်အခံများ ဘက်ကကော ထိုလမ်းကြောင်း နှစ်သွယ် အတွက် ဘာများ ပြင်ဆင် ဆောင်ရွက်ထားကြပြီလဲ ဆိုသည့် မေးခွန်းတခု လဲ ပေါ်ပေါက်လာခဲ့ ပြန်ပါသည်။

စစ်တုရင်ကစား သည့် အခါ အနက်ရုပ်ကိုင်သူသည် ခံစစ် ကစားရသူဖြစ်၍ အဖြူသမား တိုက်စစ် ဆင်သည့် အပေါ် အဆက်မပြတ် ကာကွယ်ရင်း အကောင်းဆုံး ပြန်လည် တိုက်စစ် ဆင်နိုင်သည့် အကွက် သို့ တဖက်သား၏ မှားကွက်ကို ရှာဖွေကာ ကစားပွဲ ချိန်ခွင်လျှာ ကို ပြောင်းလဲရပါသည်။

နအဖ ရွှေ့ကွက်နောက်ကိုသာ တောက်လျှောက် လိုက်နေခဲ့ကြရသည့် အတိုက်အခံများ ကကော တိုက်ပွဲချိန်ခွင်လျှာကို ပြောင်းလဲစေမည့် နည်းဗျူဟာ သို့ သူတို့တိုက်စစ်ကို အကောင်းဆုံးရင် ဆိုင်နိုင်မည့် ခံစစ်နည်းဗျူဟာနှင့် အတူ လုံလောက်သော ပြင်ဆင်မှုများ တုန့်ပြန်နိုင်မည့် နည်းလမ်းများကို ကြိုတင်ဆောင်ရွက်ထားရန် အလွန်အရေးကြီး နေပေပြီ ။

ပို၍ အရေးကြီးသည့် အချက်မှာ တူညီသော ရည်မှန်းချက်ဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်မည့် စုစည်းအား အတွက် နားလည်မှု များစွာ ကြိုတင် တည်ဆောက်ထား သင့်ပြီ ဟု အမှန်တရား ဂျာနယ်မှ အလေးအနက် တင်ပြအပ်ပါသည်။

၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ နှစ်ပါတ်လည် အစီရင်ခံစာ

၂၀၀၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ အဓိက ရည်မှန်းချက်မှာ ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ခိုက်သွားရန်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက် လာစေရေးနှင့် တရား မျှတမှု ကင်းမဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို တားဆီးနိုင်ရေးတို့ အတွက် လုပ်ငန်းစဉ် များ အနေဖြင့်- ညီညွတ်စွာ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မည့် တခုတည်းသော နည်း လမ်းတခုဖြစ်ပေါ်လာစေရန်-
- တိုက်တွန်း နှိုးဆော်ပေးခြင်း၊ စည်းရုံး လှုပ်ရှားခြင်း၊ အားပေး ဆောင်ရွက်ခြင်း၊ အကြံ
ဥာဏ်ပေးခြင်း။
-ပြည်သူ လူထုများ အသိပညာ ရရှိစေနိုင်မည့် သတင်းများ၊ အချက်အလက်များကို နည်းမျိုး
စုံသုံး၍ဖြန့်ချီပေးရန်။
-ပြည်တွင်း ပြည်ပ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် အတူတကွ ပူးပေါင်း
လက်တွဲ ဆောင်ရွက်ကြရန်။ စသည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

ထို့အတူ နိုင်ငံရေးဦးဆောင် အဖွဲတခုဖြစ်သော NCGUB မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များကို ညီညွတ်စွာ ဦးဆောင်မှု ပေးရန် အတွက် ပြည်သူလူထု ၅၀၀ကျော်၏ လက်မှတ်များနှင့် စာရေးသားတောင်းဆိုမှု ကမ်ပိန်းတခုကို ဆောင်ရွက်ခဲ့ပြီး ထိုတောင်းဆိုစာကို ယခင်ပြည်သူလွှတ်တော် ကိုယ်စားလှယ် ယခု NCGUB အလုပ်သ မားရေးရာ ဝန်ကြီး ဦးခွန်မြင့်ထွန်းမှ တဆင့်ပေးပို့ခဲ့ပါသည်။

ထို့အတူ ဇန်နဝါရီလ ၂၁နှင့် ဖေဖေါ်ဝါရီ ၉ရက်တို့တွင် အမေရိကန် သမ္မတ အိုဘားမားထံ အိတ်ဖွင့်ပေးစာ နှစ်စောင်ကို၎င်း ၊ မတ်လ ၇ရက်နေ့တွင် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရန် အွန်လိုင်း လက်မှတ်ရေးထိုးတောင်းဆိုမည့် ကမ်ပိန်း တခုကို လည်း ဆောင်ရွက်ခဲ့ပါသည်။ (ထိုကမ်းပိန်းမှာ သတ်မှတ်ထားသော လက်မှတ်အရေ အတွက် မရရှိသည့် အတွက် အောင်ဖြင်မှု မရရှိခဲ့ပါ။ ထိုသို့ ဖြစ်ရခြင်းမှာ အခြားသော နိုင်ငံရေး ဦးဆောင် အဖွဲကြီးများ၏ ၂၀၁၀ နှင့် ပါတ်သက်သော သဘောထားများ ရှင်းလင်းစွာ ထုတ်ပြန် ခဲ့ခြင်း မရှိသေးခြင်းကြောင့်လည်းကောင်း၊ အခြားသော ကမ်ပိန်းကြီးများနှင့် ဥပမာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြာက်ရေး တောင်းဆိုမှု ကမ်ပိန်း တို့နှင့် တိုက်ဆိုင် နေ ခဲ့ခြင်း တို့ကြောင့် ဖြစ်ပါသည်။)

ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဂျွန်ယက်တော ဝင်ရောက်သည့် ကိစ္စနှင့် ပါတ်သက် ၍ တရားစွဲဆိုနေစဉ်က မဲဆောက် ဒေသရှိ နိုင်ငံရေး အဖွဲ့ အစည်း၊ အလုပ်သမား အဖွဲ့ အစည်း တချို့နှင့် ပူးပေါင်းကာ Joint Action Committee ကိုဖွဲ့စည်းကာ မေလ ၂၄ ရက် နေ့က မဲဆောက်မြန်မာ ချစ်ကြည်ရေး တံတားအောက်တွင် ဆန္ဒပြပွဲ တကြိမ်၊ မေလ ၂၇ရက်က မဲဆောက်မြို့ UNHCR ရုံးရှေ့တွင်တကြိမ် ဆန္ဒပြ၍ မစ္စတာ ဘန်ကီမွန်းထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ပြီး၊ ဇွန်လ ၄ရက်နေ့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ တကြိမ်နှင့် ဇွန်လ ၇ရက်နေ့က မဲဆောက် ချစ်ကြည်ရေး တံတားရှေ့တွင် တကြိမ် ဆန္ဒပြခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အဘိဆစ်ကို အိတ်ဖွင့် ပေးစာ တစောင်ပေးပို့ခဲ့ပါသည်။ ထိုဆန္ဒပြပွဲ များသည် မဲဆောက်မြို့တွင် နှစ်နှစ်ဆယ် အတွင်း အဖမ်းအဆီး အနှောင့်အယှက် မရှိ ပဲ အောင်မြင် စွာ ပြုလုပ်နိုင်ခဲ့သော ဆန္ဒပြပွဲများဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲနှင့် ၈၈၈၈ ၂၁နှစ်ပြည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တို့ကိုလည်း ဆောင်ရွက် နိုင်ခဲ့ပြီး တခြားသော အဖွဲ့ အစည်းများ၏ လှုပ် ရှား ဆောင်ရွက်မှုများတွင်လည်း တတ်စွမ်းသမျှ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါတွင် ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ အနေဖြင့် ပြည်တွင်း ပြည်ပ အဖွဲ့ပေါင်း ၁၀၀ကျော်ဖြင့် ဖွဲ့စည်းထားသော GAB ခေါ် Global Action for Burma အဖွဲ့ ဝင် အဖွဲ့ တခု အနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါသည်။

(မှတ်ချက်။ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီသည် ယုံကြည်ချက်တူသူများ စုစည်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး မိမိတို့ ကိုယ်ပိုင် ငွေကြေးဖြင့် သာ စုစည်း ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ )

ကျေးဇူးစကား နှုတ်ခွန်းဆက်စကား

လာမည့် ဒီဇင်ဘာလ ၁ရက်နေ့ဆိုလျှင် ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ သက်တမ်း တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သလို အလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ထုတ်ဝေခဲ့သော အမှန်တရား ဂျာနယ်သည်လည်း ယခုလတွင် ၁၀ အုပ်မြောက်အဖြစ် ထုတ်ဝေ၍ ယခုနှစ် သက်တမ်း အတွက် အဆုံးသတ် တော့မည် ဖြစ်သည်။

နောက်ထပ်ထုတ်ဝေရန် မထုတ်ဝေရန်ကိုမူ လာမည့် အလုပ်အမှုဆောင် ကွန်ဖရင့်မှ ဆုံးဖြတ် မည် ဖြစ်ရာ အယ်ဒီတာ အဖွဲ့မှ ယခုနှစ်အတွက် ကျေးဇူးတင် နူတ်ဆက်စကားကို ပြောလို ပါသည်။

ဖန်ငွေဟူ၍ မရှိပဲ ယုံကြည်ချက်တူသူများ၏ စုစည်းမှုဖြင့် အမှန်တရားကို ဖေါ်ပြရန် ပြည်သူ လူထုများကို အသိပညာပေးရန်နှင့် ဖျော်ဖြေတင်ဆက်မှုပေးရန် အမှန်တရားဂျာနယ်ကို ထုတ်ဝေခဲ့ကြ ရာတွင် ငွေကြေးအခက်အခဲ၊ နည်းပညာအခက် အခဲတို့သာမက အမျိုးမျိုးသော အခက် အခဲပေါင်း များစွာကို ရင်ဆိုင်ခဲ့ ကြရသည်။

ထိုအခက်အခဲများကို ကြံ့ကြံ့ခံ လက်တွဲရင်ဆိုင်ခဲ့ကြသော စုစည်းလှုပ်ရှားမှု ကော်မတီ အဖွဲ့ဝင် များကိုလည်း အယ်ဒီတာ အဖွဲ့မှ ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်း တင်လိုပါသည်။

အထူးသဖြင့် ကွန်ပြူတာ ဖိုင်ထုတ်ပေးလိုက်ပြီးသည့် အချိန်မှ စာအုပ် ဖြစ်မြောက်သည်အထိ မအိပ်မနေ ကူညီဆောင်ရွက်ပေးခဲ့သော ဦးဇနကနှင့် ABMA အဖွဲသားများကို၎င်း၊ ပံ့ပိုးထုတ်ဝေ ပေးခဲ့ သည့် ABMA အဖွဲ့ကြီးကို၎င်း၊ စိတ်ဓါတ်အား ငွေအား လူအားဖြင့် တတ်စွမ်းသမျှ ကူညီ အားပေး ခဲ့ သည့် ကိုမန်းမျိုးမြင့်၊ ဤဂျာနယ်၏ အခြေခံ ဒီဇိုင်းကို ရေးဆွဲပေးခဲ့သော ကိုစံနှင့် အမြဲ ဝိုင်းဝန်း အားပေး၍ စာနယ်ဇင်းအတွေ့အကြုံဖြင့် အကြံပြု ကူညီပေးသူ ဆရာနေမျိုးအေး (ရဲခေါင် မဲမောင်) တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် လိုပါသည်။

ထို့အတူ ဤဂျာနယ်တွင် ဝိုင်းဝန်းပါဝင် ရေးသားပေးကြသည့် စာရေးသူများ၊ ခွင့်ပြုချက် ရယူနိုင် ခဲ့ခြင်း မရှိပဲ ပင်တိုင်နီးပါး ကူးယူသုံးစွဲခဲ့သည့် ဧရာဝတီ၏ ပင်တိုင် သရော်စာဆောင်းပါးရှင် ဆရာ ရန်ကုန်သား တာတေနှင့် အခြားသော စာရေးဆရာ ကဗျာဆရာကြီးများကိုလည်း အထူးကျေးဇူး တင်ရှိ ရပါကြောင်း ပြောလိုပါသည်။

နောက်ဆုံး အနေဖြင့် ကျွန်တော်နှင့်အတူ ကျောချင်းကပ် ရင်ချင်းအပ်၍ ဝိုင်းဝန်း လုပ်ကိုင်ခဲ့ ကြသော အယ်ဒီတာအဖွဲ့ဝင် အဟောင်းအချို့နှင့် လက်ရှိ အယ်ဒီတာအဖွဲ့ဝင်များကို၎င်း ဖတ်ရှု အားပေး ကြသည့် စာဖတ်သူ တိုင်းရင်းသား ပြည်သူအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ရင်း အမှန်တရားဂျာနယ်မှ နူတ်ခွန်းဆက်သ အပ်ပါသည်။

Cac Volume 1 No 10