Showing posts with label အတွေးအမြင်များ. Show all posts
Showing posts with label အတွေးအမြင်များ. Show all posts

Thursday, January 29, 2009

၂၀၁၀ ရွေးကောက်ပွဲအပေါ် အတွေးအမြင်များ

၂၀၁၀ ရွေးကောက်ပွဲ သို့  အ၀ိစိ ငရဲ ရဲ့ ပထမဆုံး - တခါးပေါက်
မိုးသီးဇွန်



လေးစားအပ်တဲ့ ရဟန်းသံဃာများ မိဘပြည်သူများ နဲ့ ကျောင်းသားကျောင်းသူများနဲ့  မိတ်ဆွေများခင်ဗျား

ကျနော် မိုးသီးဇွန် ပါ- ကျနော်အခုပြောမဲ့ အကြောင်းကတော့၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ အမြင်တွေဖြစ်ပါတယ်။

မြန်မာပြည်က သေကောင်ပေါင်းလဲ ဖြစ်နေတဲ့လူနာနဲ့ တူတယ်။ ၂၀၁၀ရွေးကောက်ပွဲ က လူနာအတွက် ဆေးကို ဖေါ်နေတာနဲ့ တူနေပါတယ်။ ဒါပေမဲ့  အနာနဲ့ ဆေးတခြားစီ ဖြစ်နေတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံနိင်ဘူး။

ဒီရွေးကောက်ပွဲ မြန်မာ ပြည် အတွက် ထွက်ရပ်လမ်း မဟုတ်ဘူး လို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွေကို ဦးမတည်လို့ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာလဲ ၂၀၁၀ ရွေးကောက်ပွဲဟာ မဟာအ၀ိစိ ငရဲ ကို သွားတဲ့ လမ်းမှာ ပထမ တံခါးပေါက် သာဖြစ်တယ်။

ဘာကြောင့်လဲ - ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၀၈ ခုနစ် အခြေခံဥပဒေ အတိုင်း လုပ်ရမယ်။ ဒီဥပဒေက

  • နိင်ငံသားအခွင့်အရေးတွေ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကို ဒီအခြေခံဥပဒေက ဘယ်လောက် အာမခံ မှာလဲ ဆိုတာကို သံသယရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့
  • စစ်အာဏာရှင်စနစ် ကိုပဲ အခြေခံဥပဒေနဲ့ တရားဝင်အောင် လုပ်ထားပြန်လို့  ဖြစ်ပါတယ်။

  • တရားမျှတတဲ့ ရွေးကောက်ပွဲ တခုအတွက် လိုအပ်တဲ့ နိင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။ လွတ်လပ်စွာ လှုပ်ရှား၊ စည်းရုံး ဟောပြောခွင့်တွေကို ပေးမထားဘူး။
  • မြန်မာပြည်ဟာ လက်ရှိကြုံနေရတဲ့ အခက်ခဲအကြပ်အတည်းတွေက မလွတ်မြောက်နိင်ပဲ လူမှုဒုက္ခ အပေါင်း တွေကို ဆက်လက်ရင်ဆိုင်ရမှာ ပဲဖြစ်ပါတယ်။

    ရောဂါ နဲ့ ဆေးတခြားစီဖြစ်နေတယ်။ ဗမာ ပြည်မှာ ဘာရောဂါတွေ ဖြစ်နေလဲ ဆိုတာ ကြည့် ကြပါစို့ 


အခုဗမာပြည်မှာ မဟာအကြပ်ရိုက်မှု (Total Crisis)

၁-လူမှုဒုက္ခကြီးကိုရင်ဆိုင်နေရတယ်။ ( Humanitarian Crisis)

က- ကူးစက်ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်၊ အသားဝါအသည်းရောင်၊ တီဘီ ၊ (လူတွေပြောနေတဲ့ လေးလုံးရောဂါ၊ ဘီပိုးစီပိုး၊ တီဘီ၊ ငှက်ဖျား ရောဂါ၊ အဟာရမပြည်ဝမှု၊ ကလေးသေနှုန်း များလွန်းနေတယ်။ လူတွေ သက်တမ်းတိုနေတယ်။ ) ဒါဟာ လူတွေအကျင့်စာရိတ္တ ပြသာနာမဟုတ်ပါဘူး။ ဒါဟာ ဆင်းရဲမွဲတေမှု ပြဿနာလည်း မဟုတ်ပါဘူး။ စစ် အစိုးရက အသိညဏ် နည်းပါးမှု ပြဿနာသာဖြစ်တယ်။ ဥာဏ်နည်းတာရယ် လောဘဇော တိုက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြဿနာဟာ မြန်မာ့ လူအဖွဲ့ စည်း တည်ငြိမ်ရေးနဲ့  ဖွင့်ဖြိုးတိုးတက်ရေးကို ပျက်ဆီးသွားစေတဲ့ အခြေအနေကို ဆိုက်ရောက်သွား ပါတော့တယ်။

တရုပ်ပြည်မှာလည်း အေအိုင်ဒီအက်စ်ရောဂါ သည်တွေရှိတယ်။ သူတို့ အတွက် Global Fund က ၁ ဘီလီယံ ဒေါ်လာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြန်မာ ပြည်မှာ စစ်အစိုးရက နိင်ငံတကာ အလျူရှင်တွေကို ကန့်သတ် ချုပ်ချယ်လိုက်တဲ့အတွက် အလျှူရှင်တွေ ပြန်ထွက်သွားကြတယ်။ လူမှုဒုက္ခ (Humanitarian Crisis) ကို ရင်ဆိုင်နေရတယ်။

၂-တရားဝင် အသိမှတ်ပြု မှု အကြပ်တည်း ( Legitimate crisis)

နအဖ စစ်အစိုးရ က ဒီနေပြသာနာတွေကို ကြည့်တဲ့နေရာ မှာ တရားမှု အကြပ်တည်း (Legitimate Crisis ) လို့ ယူဆတယ်။ နိင်ငံတကာက ၀ိုင်းပယ်ထားတာ၊ စီးပွားရေးပိတ်စို့ ထားတာဟာ နိင်ငံကြီးတွေက ပြည်တွင်းရေးကို စွက်ဖက်နေတာ၊ တရားဝင်အစိုးရဖြစ်လာရင် ဒီအကြပ်အတည်းကို ကျော်နိင်မယ်။ ဒီလို တရားဝင်မှု ရဖို့ အတွက်ကတော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အလွယ်ယူဆနေတယ်။

၁၉၉၄ ၀န်းကျင်က တိုင်းရင်းသားအဖွဲ့ တချို့ နဲ့ အပြစ်ခတ်ရပ်စဲရေး လုပ်တာ။ အာဆီယံထဲကို ၀င်ခွင့်ရဖို့ ကြိုးပန်းတာ တွေဟာ တရားဝင်မှုရရင် အရာခတ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့  ၁၉၉၇ ခုနစ်မှာ အမေရိကန် က စီပွားရေးပိတ်ဆို့မှုကိုသာ ကြုံရတယ်။ တရားဝင်အစိုးရလို့  အသိမှတ်မပြုဘူး။ ဒီတော့ ၂၀၀၀ ခုနစ်မှာတော့ နယူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်မက်လာကြတယ်။ ဒီလက်နက်ရရင် နိင်ငံတကာဆက်ဆံရေးမှာ Negotiation လုပ်နိင်မယ်။ Balance of Power လုပ်လာနိင်မယ်လို့ ထင်တာကိုး။ လက်တွေမှာ အီရန်၊ မြောက်ကိုးရီးယားတို့ ဟာ နယူးကလီးယား လက်နက်အတွက် ကြောင့် ဖိအားပေးမှုတွေ ခံရတာပဲ အဖတ်တင်နေတော့တယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ နယူးကလီးယား စီမံကိန်းက ဘာနဲ့တူနေလည်းဆိုတော့ ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ စာရေးဆရာကြီး ကစ်ပလင်းရေးတဲ့ ဂျန်းဂဲလ်ဘုတ်ခ် ၀တ္ထုထဲက မျောက်ဘုရင်ကြီး ကင်းလူဝီ လိုဖြစ်နေတယ်။ မျောက်ကြီးက မီးကိုရရင် တောတခုလုံးကို ထိမ်းချုပ်နိင်မယ် ထင်တာကိုး။ လက်တွေ့မှာ မျောက်က မီးကို ရရင်တောင် လူလို့ အသိမှတ်ပြုဖို့ ကြတော့ မလွယ်ဘူးမဟုတ်လား။

၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့  နအဖ ကို အသိမှတ်ပြု လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်အစိုးရအလိုကျ ပါတီ အနိင်ရလည်း - တရားဝင် အစိုးရ ဖြစ်ပြီ။ ပြသာနာအားလုံး ပြီး၊ရောဂါအားလုံးပျောက် ဆိုတာ ဖြစ်လာမှမဟုတ်ပါဘူး။ တရားဝင်မှု အကြပ်တည်းကို ဆက်လက်ရင်ဆိုင်ရမယ်

- စီးပွားရေပိတ်ဆို့မှု ဆက်ဖြစ်မယ်။

- ဗိုလ်ချုပ်တွေ အမေရိကန်နဲ့  ဥရောပရဲ့  ပိတ်ပင်မှုတွေကို ဆက်လက်ရင်ဆိုင်ရမယ်။

- နိင်ငံတကာ ငွေလွှဲမှုတွေမှာ ပိတ်ဆို့ တားဆီးမှုတွေ ရင်ဆိုင်ရဦးမှာပဲဖြစ်တယ်။

၃- အမှန်တရားနဲ့  တရားဥပဒေ ပျောက်ဆုံးနေမှု (Crisis of Truth and Justice)

ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်တစုကောင်းမှုကြောင့် မြန်မာ့ သမိုင်း မှာ ဘယ်ကာလကနဲ့ မတူတဲ့  တရားဥပဒေ ကင်းမဲ့မှု၊ မင်းမဲ့ နိင်ငံတော်ကြီးဘ၀ကို ကျနော်တို့ ကျရောက်နေကြပြီ။

မြန်မာပြည်ဟာ အရာခတ်သိမ်းပြောင်းပြန်ဖြစ်နေတယ်။ အမှန်တရားနဲ့ အမှန်တရားနဲ့ နီးစပ်မှု အားလုံးဟာ ရာဇ၀တ်မှု တခုလို သတ်မှတ်ခံနေရတယ်။ အမှန်တရားဆိုတာ လင်္ကတပုဒ်လို နားဝင်ချိုခဲပါတယ်။ ပျားရည် စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ ဒါပေမဲ့အမှန်တရားဟာ လူတယောက်အတွက်ရော လူအဖွဲ့ အစည်း အတွက်ပါ တိုးတက်အောင်မြင်ကြီးပွားဖို့ အတွက် ၂၄ နာရီလိုအပ်နေတဲ့ ဓါတု ဇီဝ တခုလို ဖြစ်နေ ပါတယ်။

မြန်မာပြည်မှာက အစာစားစရာမရှိဘူး။ မီးမရှိဘူး။ အင်တာနက် အားလုံးမှာ မရှိသေးဘူး။ တယ်လီဖုန်း နေရာအနှံမှာ မရှိဘူး။ ပညာရေးမရှိဘူး။ အလုပ်မရှိဘူး။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေ အိမ်မှာမရှိဘူး။ အဆိုးဆုံးကတော့ အမှန်တရားပါ မရှိတော့တာပဲ။

အမှန်တရားထွန်းကားဖို့ ၊ အမှန်းတရားကိုပြောဖို့ ၊ အမှန်တရားကို လုပ်ဖို့ ဆိုတာတွေဟာ အစိုးရအဖွဲ့ ထဲမှာရော၊ စီးပွားရေး၊ ပညာရေးနဲ့  ဘာသာရေးမှာပါ အမှန်တရားဟာ မောင်းထုတ်ခံနေရတယ်။ အမှန်ကို ပြောမိလို့ ဖမ်းခံထိ၊ အလုပ်ပြုတ်၊ စီးပွားပျက်၊ ဘ၀ပျက်မှုတွေက နေရာအနှံ မှာ ဖြစ်နေတယ်။ အမှန်တရားကိုပြောစရာမရှိတဲ့နောက်ခင်ဗျား ဟာ ဘာပြော စရာကျန် တော့လည်း။လောကကြီးမှာ ဘာတခုမှာ ကောင်းတာမရှိတော့ဘူးပေါ့။ အမှန်တရား မရှိတော့ တရားဥပဒေဆိုတာလည်း မရှိတော့ဘူး။ ရှေ့ နေဆိုတာ တရားဥပဒေသို့ သွားရာ လမ်းမှာ လမ်းပြ မိတ်ဆွေပါ။ ရှေ့ နေကြီးနစ်ဦးကို ထောင်ထဲဖမ်းထည့် လိုက်တဲ့အခါ မှာတော့ မြန်မာပြည်မှာ အမှန်တရားဆိုတာ မရှိတော့ပါဘူး ဆိုတာကို အိပ်သွန်ဖါမှောက် ပြလိုက်ရသလို ဖြစ်သွား ရပါပြီ။

အမှန်တရားမရှိတဲ့နိင်ငံမှာ ကောင်းမြတ်မှုဆိုတာတွေ ဟာ ဘယ်တော့မှမရှိဘူး ဆိုတာပြောပါရစေ။ တိုးတက်မှု၊ ကြီးပွား၊ အောင်မြင်မှု၊ ပျှော်ရွှင်မှု၊ သုခ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်နဲ့ ပြည်စုံမှုဆိုတာတွေဟာ မရှိတော့ဘူး။ အမှန်တရားမရှိတဲ့အတွက် ခုကျနော် ရှင်သန်ရာ ခေတ်ဟာ အမှောင်ခေတ် ပဲ လို့ ပြောရမှာပဲ ဖြစ်တယ်။

၎-စီးပွားရေးအကြပ်အတည်း (Economic Crisis)

၁၉၈၈ ခုနစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသွားတဲ့အခါမှာ စစ်အစိုးရက မဆလ ခေတ်ကလို တခါးပိတ် စီးပွားရေကနေ တခါးဖွင့် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပြီ။သူတို့ စကားနဲ့ ပြောရရင် - ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေး။လက်တွေ့ ဖြစ်နေတာက လွတ်လပ်တဲ့ ဈေးကွက်စနစ် ဖြစ်မလာပဲ လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေးစနစ် ဖြစ်နေတယ်။ ဒီစီးပွားရေးစနစ်က ဗိုလ်ချုပ်သန်းရွေ မိသားစုနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေး မျှသာ ဖြစ်နေတယ်။ အများတကာ အများစု လူထုကြီး မှာတော့ စီးပွားရေး အခွင့်အလန်းတွေကို တန်းတူညီမျှ ဆောင်ရွက်ခွင့် မရှိဘူးဖြစ်နေတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် မကြုံဖူးမကြားဖူးလောက်အောင် ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက် နေတယ်။ အမေရိကန်မှာ လွှတ်ပြစ်ထားတဲ့ ကားတစီးက မြန်မာ ပြည်မှာ ဒေါ်လာ ၁သောင်းလောက် ဖြစ်နေတယ်။ ဒေါ်လာသုံးသောင်းလောက် ရှိတဲ့ကား တစီးက ဒေါ်လာ ၁ သိန်းကျော်ဖြစ်နေတယ်။ ထိုင်းနိင်ငံမှာ ဒေါ်လာ ၂၀ လောက် တယ်လီဖုန်းက မြန်မာ ပြည်မှာ ဒေါ်လာ ၂၀၀ လောက် ပေးနေရတာတွေ ဖြစ်လာတယ် နိင်ငံတကာမှာ ဓါတ်ဆီဈေးက တပီပါကို ဒေါ်လာ ၃၇ ဒေါ်လာလောက်ဖြစ်နေပေမဲ့မြန်မာပြည်မှာ ဓါတ်ဆီဈေးက အဆမတန် ကြီးနေတုန်း ဖြစ်လာတယ်။ ဒီလိုဖြစ်နေရတာကတော့ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှု အပေါ်မှာ သန်းရွေမိသားစုက အကျိုးအမြတ်တွေဖြစ်နေလိုပါပဲ။

ဒါဟာ မတော်တဆမှုမဟုတ်ပါဘူး။ ဒါဟာ စီးပွားရေး ပေါ်လစီတွေကို နားမလည်လို့  မဟုတ်ပါဘူး။ ဗိုလ်ချုပ်သန်းရွှေနဲ့  စစ်ဗိုလ်ချုပ်တွေရဲ့  တပ်မတော်သားတွေနဲ့ ပြည်သူတွေအပေါ်မှာ ကြင်နာတရားကင်းပြီး ရက်စက်လွန်းလှတဲ့ ဂုတ်သွေးစုတ် ခေါင်ပုံဖြတ် နေတဲ့  လုပ်ရပ်ကြောင့်ဖြစ်ပါတယ်။

နောက်တခုက စီးပွားရေးလုပ်ငန်းတွေရှင်သန်ဖို့ အတွက် အဓိက လိုအပ်နေတဲ့

  • လွတ်လပ်တဲ့ဈေးကွက်စီးပွားရေစနစ် နဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု မရှိဘူး
  • စွမ်းအင် မရှိဘူး။
  • ဘဏ်စနစ်တွေ ပျက်စီးနေတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေကို ငွေပင်ငွေရင်း စိုက်ထုတ် မချေးပေးဘူး။
  • လမ်းပန်း ဆက်သွယ်ရေးနဲ့  အင်တာနက်နဲ့ တယ်လီဖုံးလုပ်ငန်းတွေ အကုန်လုံးက သေလုမျောပါး ဖြစ် နေတယ်။
  • ဒီတော့ မြန်မာ့ စီးပွားရေး ဘိုးတော်ဘုရားလက်ထက်ကထည်းက လိုပဲာ ကုန်ကြမ်း ကို ထုတ်ရောင်းစား နေတဲ့ နိင်ငံတခုအဖြစ်က တက်ကို မတက်နိင်ဘူး။
ဒီအခြေအနေမှာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အကျင့်ပျက် လဒ်စားမှုတွေနဲ့ ပေါင်းလိုက်တဲ့ အခါမှာ ကျနော်တို့ ဗမာပြည်ဟာ ဘာလုပ်ငန်းမှ လုပ်ကိုင်စားသောက်လို့  မရတဲ့ မဟာ စီးပွားပျက် ကပ်ကြီး ဖြစ်ပေါ် နေရခြင်း ဖြစ်ပါတယ်။

၅-တည်ငြိမ်မှု အကြပ်အတည်း ( Crisis of Stability )

စစ်အုပ်စု အုပ်ချုပ်နေတဲ့နစ်ပေါင်း ၅၀ နီးပါးမှာ မြန်မာ ပြည်ဟာ တည်ငြိမ်စွာ ဖြစ်ပေါ်မတိုးတက်ခဲ့ရဘူး။ နအဖ ရဲ့ မတရားဖိနိပ်မှု ၊ နိင်ငံရေး တင်းမာမှုတွေ၊ စီးပွားပျက်ကပ်၊ ပြည်တွင်းစစ်နဲ့  ရောဂါကပ်ဆိုးတွေကြောင့် လူတွေက ဘ၀တွေက တည်ငြိမ်မှုတခုမှမရှိဘူး။ ခုဆိုရင် မြန်မာ မျိုးနွယ်စုတည်ရှိမှုကို ခြိမ်းခြောက်နေတာ က အမှန်ဖြစ်လာနေတယ်။ မိသားစုဘ၀တိုင်းက တည်ငြိမ်မှုကိုမရှိတော့ဘူး။ ဆောက်တည်ရာမရဖြစ်နေကြတယ်။

  • မိမိနေထိုင်နေရာဝန်းကျင်ဟာ ဘယ်နေ့ ရွေ့ ရမယ်လဲ။ ဘယ်နေ့ ဖျက်ရမယ်လဲ။ ဘယ်နေ့ မှာ အသိမ်းခံ ရမလဲ ဖြစ်နေတယ်။
  • ကိုယ်ဘ၀က ဘာဖြစ်မလဲ - ဘာလုပ်ကိုင်စာရမလဲ ဘယ်ကိုသွားရမလဲ စကော်ထဲဇီးဖြူသီးထည့်လှိမ့် သလို လူတွေရဲ့ နေ့စဉ်ဘ၀က ဘာမှကို မတည်ငြိမ်တော့ဘူး။
  • လူတွေတင် မဟုတ်ဘူး တပ်မတော် သားတွေပါ တည်ငြိမ်တဲ့ ဘ၀ကိုရဖို့ ဆိုတာ မသေချာတော့ဘူး။ ဘယ်တော့ အဖြုတ်ခံရမလဲ။ ဘယ်တော့ အရပ်ဖက်ကို အရွေ့ ခံရမလဲ ဖြစ်နေကြပြီ။
စစ်အစိုးရအဆက်အဆက်အောက်မှာ နိင်ငံတော်ဟာ မတည်ငြိမ်ဘူး။ ပြည်သူလူထုဟာ မတည်ငြိမ်ဘူး။


၆-မျော်လင့်ချက်များ နဲ့  ယုံကြည်ချက်များ ပျောက်ဆုံးနေမှု(Crisis of Hope, vision and Trust)

နောက်ထပ်ဖြစ်နေတဲ့ ပြသာနာတခုကတော့ လူတွေဟာ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်များ ပျောက်ဆုံး သွားရတဲ့ အခြေအနေကို ဆိုက်ရောက် သွားတော့တာပဲ။ လူတယောက်ရဲ့  ဘ၀ခရီးစဉ်တလျောက်လုံးကို မျှော်လင့်ချက်နဲ့  မောင်းနှင်နေတာ ဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိတဲ့ နောက်မှာတော့ ဘာယုံကြည်ချက် မှလည်း မရှိတော့ဘူး

လူတယောက် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အောင်မြင်မှု တံခါးဝနား ရောက်လာပြီဆိုရင်တော့ ရှေ့ဆက်တိုးလို့  မရပဲ အရာတခုက ပိတ်ပင် တားဆီးနေတာကို ခံရတော့တာပဲ။ ဒီအရာကတော့ စစ်အာဏာရှင် စနစ်ဖြစ်ပါတယ်။

ဒီစနစ်က လူတဦးရဲ့  ဘ၀ မျှော်လင့်ချက်တွေကို ပိတ်ပင်ထားတဲ့ အရာဖြစ်နေပါတော့တယ်။ ၀မ်းနည်းဖို့ ကောင်းပါတယ်။ မြတ်စွာ ဘုရားက ဇာတိသညာ - လူတွေဟာ ကိုယ်မွေးဖွားရာ ဇာတိကို အလွန် သံယောဇဉ် ကြီးတယ်လို့ ဆိုတယ်။ အခုမြန်မာ ပြည်သားတွေဟာ မွေးဖွားခဲ့ရာ နေရာတွေက စွန့်ခွာ ထွက်ပြေး နေကြရ သလို ဖြစ်နေပါတယ်။ ဗမာပြည်ဟာ သူတို့ အတွက်မျှော်လင့်ချက်များ ရှင်သန်ရာ နေရာမဟုတ်တော့လို့ ပါပဲ။

ဆေး ကဘာလဲ

စစ်အာဏာရှင်စနစ် နဲ့ စစ်ဗြူရိုကရေစီ ယန္တရားတွေကို ဖြိုချပစ် ရပါမယ်။

ပြည်တွင်းစစ်မီးကို အဆုံးသတ်ရမယ်။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် အားပေး ရမယ်။ ကာကွယ်ရမယ်။ ထိမ်းသိမ်းရမယ်။ လူတိုင်းတန်းတူစွာ အခွင့်အရေး ရပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး လူထုတိုက်ပွဲတွေကို ဖေါ်ထုတ်ပြီး လူထုအစိုးရ ဖွဲ့ စည်းနိင်အောင် ကြိုးစား ရမယ်။

တပ်မတော်သားများ တွေကို ကျနော် ပန်ကြားလိုပါတယ်။

ခင်ဗျားတို့  တခုပဲ လုပ်စရာလိုပါတယ်။ အမေရိကန်၊ တရုပ်၊ ရုရှား၊ အိန္ဒယနဲ့ ထိုင်းနိင်ငံက စစ်သားတွေလို Professional Soldiers စစ်သား ပီပီသသ နေကြပါ။ လူတဦး တယောက်အပေါ် သစ္စာရှိတာဟာ ပြည်သူလူထု တရပ်လုံးကို သစ္စာကို ဖေါက်နေတာလို့ အဓိပ္ပါယ် ထွက်နေပါပြီ။ ပြည်သူလူထုကိုကာကွယ်ပါ။ ကျောင်းသား တွေနဲ့ လက်တွဲပါ။ အနာဂတ်သစ်ကို ဖန်တီးဖို့ အချိန်ကျပြီ။ သင့်ကို ပြည်သူလူထုက အလိုရှိနေပြီလို့ ပြောပါ ရစေ။

အပစ်အခတ် ရပ်စဲရေးအဖွဲ့ များ

အထူးသဖြင့် ကချင်အမျိုးသား အစည်းအရုံး၊ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကလလတ၊ ရလလဖ၊ ဒီကေဘီအေ ရဲဘော်များ ပြန်လာကြပါ။ နအဖ စစ်အစိုးရက ခင်ဗျားတို့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုံခြုံအောင် ငြိမ်းချမ်းအောင်မလုပ်ပေးနိင်ဘူး ဆိုတာ ခင်ဗျားတို့  မြင်နေပြီဖြစ်ပါတယ်။

မာနာပလောမှာ ခင်ဗျားတို့ ကို ကျနော်တို့  ကတိပေးခဲ့တယ်။ တိုင်းရင်းသား အခွင့်အရေးတွေ အတွက် တူမီးတဖက် ကလောက်တဖက် ကိုင်ပြီး ကျနော်တို့  ၈၈ မျိုးဆက်တွေ အတူတိုက်ပွဲဝင်မယ်ဆိုတဲ့ ဒီကတိကို ကျနော် တသက်လုံး စောင့်ထိမ်းသွားမယ်။

ခင်ဗျားတို့ လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို လေးစားပါ။ ပြောင်းလဲလုပ်ဖို အချိန်ကောင်းကို ရောက်နေပြီ။ မနောက်ကျ ပါစေနဲ့ ။

မျိုးစပါးတွေ စုဆောင်းပါ။ သေနတ်ပြောင်းတွေ တိုက်ထားပါ။ လှံစွပ်တွေ သွေးထားပါ။ ကတုတ်ကျင်းတွေ နက်နက် တူးထားပါ။ အရင်လို လက်တွဲ ပြီး အတူ တိုက်ပွဲဝင်ကြပါစို့ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ဒီချုပ်ခေါင်းဆောင်တွေနဲ့  အဖွဲ့ ဝင်တွေ ကို ကျနော်တိုက်တွန်းချင် တာကတော့ မုန်တိုင်းလာတော့မယ်။ မုန်တိုင်းက ဘယ်ဟာ ဘုရားထီးတော်လဲ ၊ ဘယ်ဟာ အမိုက်ပုံလဲ ဆိုတာ မသိပါဘူး။ အကုန်လုံးကို ဆွဲချတတ် ပါတယ်။ ရန်သူရော မိတ်ဆွေကိုရော တိုက်ခိုက်ပါတယ်။ အဖွဲ့ ချုပ်ကို ခိုင်ခံအောင် ကျောက်အုပ်တွေနဲ့ အစားထိုး သင့်ပြီလို့ ပြောချင်တယ်။ စွန့်လွှတ် အနစ်နာခံ တိုက်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စံနမူနာယူပါ။ စေ့စပ်ရေး ဟာ မဖြစ်နိင်တော့ဘူး။ လူထုတိုက်ပွဲတွေဖေါ်ထုတ်ပါ။ အစိုးရဖွဲ့ နိင်ဖို့  ပြင်ပါလို့ တိုက်တွန်း လိုပါတယ်။

ကျောင်းသားကျောင်းသူများ နဲ့ အနာဂတ်လူငယ်များ

တကယ်က လူအဖွဲ့ စည်းမှာ လူကြီးနဲ့ ကလေးပဲရှိတယ်။ အသက်၁၈ နစ်ကျော်သူတိုင်းဟာ ဆေးပညာအရ၊ တရားဥပဒေအရ လူကြီးဖြစ်လာကြပြီ။ လူငယ်ပေမဲ့ လူကြီးလို့  ခံယူဖို့ လိုနေပြီ။ ဒီနေ့ မြန်မာ့ သမိုင်းဟာ ခင်ဗျားတို့ ကို မျှော်လင့် နေကြတယ်။ အားကိုးနေကြပါတယ်။

ခင်ဗျားတို့ ဟာ နိင်ငံတကာ ရက်ပ် - ဟစ်ဟော့ ဂီတတွေကို သိနေရင် ဒီမိုကရေစီနဲ့ လူအအခွင့်ရေး လှုပ်ရှားမှုဟာလည်း သိဖို့ မခက်လှပါဘူး။ စစ်အစိုးရက မသိနိင်အောင် လုပ်ထားပေမဲ့ ခင်ဗျားတို့ က သိနိင်အောင် ကြိုးစားရင် သူတို့ တားဆီးလို့ မရဘူး။ မြန်မာ ပြည်မှာ ဖြစ်နေတာတွေကို ခင်ဗျားတို့ သိပါတယ်။ အမှားနဲ့ အမှန်တိုက်ပွဲမှာ ပွဲကြည့်ပရိတ်သတ် မရှိဘူး။ တာဝန်သိမှု Responsibility ကို သိပါလို့ တိုက်တွန်း လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာကတော့

၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲ ကိုသွားတဲ့ ပထမတခါးပေါက်သာ ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့  လက်ခံလို့ မရ ပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေကို အလေးနက် မထားဘူး။ တခါးဖွင့် စီးပွားရေး စနစ်ကို အာမခံချက်တွေ မရှိဘူး။ ၁၉၇၄ ခုနစ် အခြေခံဥပဒေ အတိုင်းပဲ အာဏာရှင်စနစ် သက်ဇိုးရှည်အောင်စစ်ကျွန်ပြုမှုကို အတည်ပြု ပေးထားတာမျှသာ ဖြစ်တယ်။

မြန်မာပြည်ဟာ ပြောင်းလဲမှု ဖြစ်ကိုဖြစ်တော့မယ်။ အောင်ပွဲခံကိုခံမယ်။ ဒီမိုကရေစီရကိုရမယ်။ အထွေထွေ လူမှုဒုက္ခတွေဟာ နိဂုံးချုပ်ကို ချုပ်ရမယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေ ကိုယ်တိုင် သူတို့ ဟာ သမိုင်းလားရာကို ဆန့်ကျင်ဖက် သွားနေသူတွေ၊ အမှန်တရားနဲ့  တခြားဖက်ကို ရောက်နေသူတေ၊ွ အရှုံးကိုရင်ဆိုင်နေရပြီဆိုတာ သိနေပြီ။

တော်လှန်ရေး ဘယ်တော့အောင်ပွဲခံမလဲ လို့ မေးရင် အောင်ပွဲခံ နေရသူတွေဟာ ငါတို့ ပဲဆိုတာကို သိတဲ့ နေ့ဟာ တော်လှန်ရေး အောင်ပွဲခံတဲ့နေ့ပဲလို့ ပြောရင်း နိဂုံးချုပ် လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကျနော်မိုးသီးဇွန်ပါ။

ဇန်န၀ါရီ ၂၈-၂၀၀၉

(အသံဖိုင်ဖြင့်ထုတ်လွှင့်ချက်ကို ပြန်လည်ဖေါ်ပြပေးခြင်း ဖြစ်ပါသည်။)

Saturday, January 3, 2009

Responses on 2009 CAC(BURMA) ၂၀၀၉စုစည်းလှုပ်ရှားမှု ကော်မတီ၏ တိုက်တွန်းနှိုးဆော်ချက်အပေါ် တုန့်ပြန်မှုများ

Dear Collective Action Committee,

Congratulations on establishment of Collective Action Committee (Burma) and I would like to take this opportunity to express our organisation's stand on current situation of Burma. We believe that military regime must honour 1990 elections results accordingly if they truly wanted to see national reconcialation in Burma. "If this country is to achieve genuine democracy, the result of the elections of 1990 must be recognized", Daw Aung San Suu Kyi clearly stated already. To reject 2010 elections game plan, "we must say we don't need another elections in Burma and recognise 1990 elections results first". This is the very strong argument.

The scariest thing military government to do is "implementing 1990 elections results". I would like to suggest here that let's synchronize movement inside and outside Burma. Burma Democratic Concern (BDC) is lobbying and campaigning international governments. I beleive that together we can restore democracy, human rights and justice in Burma.

Yours faithfully,

Myo Thein
Director
Burma Democratic Concern
2nd Floor
145-157,
St John Street,
EC1V 4PY
London
United Kingdom

+44 208 493 9137
+44 787 788 2386



From komoechit@gmail.com


ရည်ရွယ်ချက်တော့ ကြိုက်တယ်ဗျာ။ ဘယ်သူတွေလည်း ဆိုတာသိမှ ကျနော်တို့ ဆုံးဖြတ်လို့ ရမယ် ထင်တယ်။

ပုံမှားရိုက်တာတွေ များလွန်းလို့ပါ။

ခင်ဗျားတို့ကို ပြောတာ မဟုတ်ပါဘူး။ ကျနော်တို့ field ရဲ့ အခင်းအကျင်း ကြောင့်ပါ။
ကျနော့်ကို နားလည်မယ်လို့ ထင်ပါတယ်။


မင်းတို့ ဘက်မှာ ရှိနေတယ်။နောက်လည်း ဆက်သွယ်မယ်။


ဘုန်းဘုန်း

Happy new year and to get advice


Dear brother
Happy new year. I read your blog and also like ur letters and statement. Especially ထွက်ပေါက်ကိုသာ စဉ်းစားမနေပဲ ဖေါက်ထွက်ဖို့ ကြိုးစားကြ ၊ အတုအယောင်ရွေးကောက်ပွဲကို တခဲနက်ဆန့်ကျင်တိုက်ပွဲဝင်ကြ ၊ How to do and how to fight. Today is indpendent day for Burma. But not for people. We need real democracy and dont need SPDC. I want to enter from online. I am ready for burmese people. I think to free Daw Aung San Su Kyi is very important and to control NLD with her leadership. Plz also give me advice how can I do.
sister
chaw chaw