skip to main | skip to sidebar
2009 COLLECTIVE ACTION COMMITTEE  (BURMA)
  • Home
    • http://cacburma.blogspot.com/
  • About CAC(BURMA)
    • Page
  • ထုတ်ပြန်ကြေငြာချက်
    • အမှတ်တရ
  • Contact Us
    • cacburma@gmail.com
  • ကဗျာ
    • Page
  • အတွေးအမြင်များ
    • Page
  • ကမ်ပိန်း
    • Page
  • ဆောင်းပါး
    • Page
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Sunday, November 1, 2009

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) အား ဂုဏ်ပြုခြင်း

(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) ရဲ့  (၂၁) နှစ်မြောက် တပ်ဦး နှစ်ပါတ်လည် အထိမ်းအမှတ်အဖြစ် ကျောင်သား တပ်မတော် ဘ၀ပုံရိပ် အစကာလအချိန်မှ အချို့ သော ရှားပါးဓါတ်ပုံများအား ဖေါ်ပြအပ်ပါသည်)။



၁၉၈၈ ခုနှစ်တွင် အာဏာရှင်စနစ် ဆန့် ကျင်ရေး ဒီမိုကရေစီစနစ် ပေါ်ပေါက်ထွန်းကားရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော ကျောင်းသားပြည်သူ ရန်ဟန်းရှင်လူအပေါင်းတို့ ၏ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး အတွင်းမှ စတင်မွေးဖွား ပေါ်ပေါက်လာခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) အား လေးစားစွာ ဦးညွတ်ဂုဏ်ပြု အပ်ပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအတွင်းမှာ မိမိတို့ ၏ အသက်ကို မငဲ့ဘဲ အများပြည်သူ အကျိုးစီးပွားအတွက်၊ တိုင်းပြည်နှင့်လူမျိုး ငြိမ်းချမ်းသာယာရေးအတွက် အာဏာရှင်စနစ်အား ရဲရဲဝင့်ဝင့် ဆန့် ကျင်တော်လှန်ခဲ့ကြတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းဟာ စစ်အာဏာရှင်တို့ ရဲ့  လက်နက်အားကိုးဖြင့် ယုတ်မာပက်စက်စွာ ရမ်းကားခဲ့ကြတဲ့ အာဏာသိမ်းဖြိုခွဲမှု ဖြစ်ပွားသည့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့  နောက်ပိုင်းမှာ အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန်အတွက် နယ်စပ်ဒေသများသို့  ထွက်ခွာခဲ့ကြ ပါတယ်။

မြန်မာနိုင်ငံ နေရာဒေသအနှံ့ အပြားမှ ထောင်သောင်းချီသော ကျောင်းသားပြည်သူများဟာ ထိုင်း-မြန်မာ နယ်စပ် ဒေသတစ်လျှောက်၊ အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်လျှောက်သို့  ခြေလျင်ခရီးဖြင့်တစ်သွယ်၊ ကုန်းလမ်း ရေလမ်းဖြင့်တစ်ဖုံ ကြမ်းတမ်းခက်ခဲလှသော တောတောင်မြစ်ချောင်းများအား ဖြတ်သန်း ကျော်ဖြတ် ကာ မိမိတို့  ယုံကြည်ချက်၊ ခံယူချက်၊ ဦးတည်ချက်တို့ အတွက် မိဘမောင်နှမ ဆွေမျိုးသားချင်း ပစ္စည်းဥစ္စာ ပညာ ဇာတိဒေသတို့ ကို စွန့် လွှတ် ကိုယ်ကျိုးကို လစ်လျူရှူကာ တိုင်းပြည်နဲ့  လူမျိုးအတွက် တော်လှန်ရေးဆင်နွဲမည့် ဘ၀ခရီးလမ်းသစ်ကို လျှောက်လှမ်းရောက်ရှိခဲ့ကြပါတယ်။

ချစ်မြတ်နိုးရာ အမိမြေ၊ တွယ်တာသံယောဇဉ်ရှိရာ မိဘ ညီအကိုမောငိနှမ၊ ရည်မှန်းကြိုးပမ်းအားထုတ်ရာ ကျောင်းပညာ၊ ခင်မင်တွယ်တာရာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း၊ ခိုင်မြဲလက်တွဲရာ ကြင်ယာ သက်သူသက်ထား သမီးရည်စား ချစ်မက်နှစ်သက်သူများအား စွန့် လွှတ်ကာ ထွက်ခွာလာခဲ့ကြသော ကျောင်းသား ပြည်သူများဟာ နုနယ်ပျိုရွယ်လှသော တန်ဖိုးရှိလှသည့် တစ်ဆယ်ကျော် အသက်အရွယ် နှစ်ဆယ်ကျော် အသက်အရွယ် အများစု ဖြစ်ကြပါတယ်။

အမိမြန်မာပြည်မှ ခြေတစ်လှမ်း စတင်ထွက်ခွာရာမှ စကာ ခရီးလမ်းတစ်လျှောက် သဘာဝဘေးအန္တရာယ် အခက်အခဲပေါင်း မြောက်မြားစွာကို ရင်ဆိုင် ကြံ့ ကြံ့ ခိုင်ပြီး နယ်စပ်ဒေသအသီးသီးသို့ ရောက်ရှိ၍ တော်လှန်ရေးဘ၀အသစ်အား စလုံးရေမှ စကာ ကြိုးစား တည်ဆောက်ကြပါတယ်။

နယ်စပ်ဒေသအသီးသီးကို ရောက်ရှိလာခဲ့ကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူ အသီးသီးဟာ တိုင်းရင်းသားပြည်သူအပေါင်း၏ ကြိုဆိုအားပေးမှုဖြင့် မိမိတို့  လုံ့ လ၀ိရိယအားထုတ်မှုကို အခြေခံ စွမ်းဆောင် ကြိုးပမ်းကြပြီး ကျောင်းသားစခန်းများ တည်ဆောက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) အား တည်ထောင်ဖွဲ့ စည်းပြီးနောက် စစ်ရေးပညာများ အသိပညာ အတတ်ပညာများကို လေ့လာသင်ယူခဲ့ကြပါတယ်။ မပြီးဆုံးသေးတဲ့ အာဏာရှင်ဆန့် ကျင်ရေး တော်လှန်ရေးတိုက်ပွဲအား ဆက်လက်ဆင်နွဲရန်အတွက် ဆောင်ရွက်ကြပါတယ်။

ထိုသို့  မိမိတို့  ရည်မှန်းချက် ယုံကြည်ချက်ဖြစ်သည့် အာဏာရှင်စနစ်ဆန့် ကျင်ရေး အမိမြန်မာပြည် ဒီမိုကရေစီ စနစ် ပေါ်ပေါက်ထွန်းကားရေးနဲ့  ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်ပြီး ငြိမ်းချမ်း သာယာရေး အတွက် မိမိတို့  ဘ၀များကို အနစ်နာခံ စွန့် လွှတ်ကာ တောတောင်ထူထပ်ကာ သဘာဝဘေး အန္တရာယ်ပေါများလှတဲ့ နေရာဒေသများတွင် နေထိုင်ရင်း မပြည့်စုံသော စားဝတ်နေရေး အခက်အခဲ၊ မလုံလောက်သော ဆေးဝါးကုသမှု အခက်အခဲ၊ ကြီးမားလှသော သဘာဝအန္တရာယ် အသွယ်သွယ်၊ ဆိုးရွား လှသော ဘေးရောဂါအမျိုးမျိုးအား ရင်ဆိုင်ကြရပါတယ်။

ဤကဲ့သို့  စားဝတ်နေရေးခက်ခဲမှု၊ သဘာဝအန္တရာယ် ရင်ဆိုင်ရမှု၊ ဆိုးရွားသော ဘေးရောဂါများ ကြုံတွေ့ ခံစားရမှုတို့ အား လက်တွေ့ ရင်ဆိုင်ရင်း အသက်ဆုံးရှုံးခဲ့ကြရသော တော်လှန်တိုက်ပွဲဝင်နေကြသည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) တပ်ဖွဲ့ ဝင် ရဲဘော် ရဲမေအချို့  ဘ၀တွေကို စွန့် လွှတ်ခဲ့ကြရပါတယ်။

ထိုကဲ့သို့  ဘ၀ကြမ်းတမ်းမှုအား စိတ်ဓါတ်ကြံ့ ခိုင်စွာဖြင့် ဆက်လက်ရပ်တည်ကြသော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) တပ်ဖွဲ့ ဝင် ရဲဘော်ရဲမေများဟာ မိမိတို့  အခက်အခဲများ ရှိသည့်ကြားမှ နယ်စပ်ဒေသတစ်လျှောက်ရှိ ကျေးလက် ဒေသများတွင် နေထိုင်ကြသော အခြေခံပြည်သူလူထုများ၏ ကျန်းမာရေး ပညာရေး တိုးတက်မြင့်မားရေးတို့ အတွက် ၀ိုင်းဝန်း ကြိုးပမ်းပေးကြကာ ဘ၀တွေကို မျှဝေခံစား ရိုင်းပင်းကူညီခဲ့ကြပါတယ်။

ထို့ အပြင် ယုတ်မာရမ်းကားသော အာဏာရှင်တို့ ၏ လက်နက်အားကိုး သောင်းကျန်းမှုများဖြစ်သည့် တိုင်းရင်းသား ပြည်သူများ၏ နေရာဒေသ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ အိုးအိမ်စည်းစိမ်များအား တောင်းရမ်း လုယူခြင်း၊ အိမ်ရာထိုင်ခင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ တိုင်းရင်းသားပြည်သူ အအိုအပျို အရွယ်ရောက် မရောက်သူများအား အဓမ္မကျင့်ခြင်း အစရှိသည့် လူမဆန်သည့်လုပ်ရပ်များအား လုပ်ဆောင်နေကြသည့် အာဏာရှင်လက်ပါးစေများအား ဒေသခံပြည်သူများဘက်မှ ရပ်တည်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) တပ်ဖွဲ့ ဝင်များသည် ရဲဝန့် စွာ ရှေ့ တန်းမှ စိတ်ဓါတ်မြင့်မားစွာ ယုံကြည်ချက်ခိုင်မာစွာဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါတယ်။

ထိုကဲ့သို့  တော်လှန်ရေးဘ၀လမ်းကြောင်းကို ခက်ခဲပင်ပန်းဆင်းရဲစွာဖြင့် ဖြတ်သန်းကျော်လှမ်းရင်း ခရီးဆက် နေကြသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) တပ်ဖွဲ့ ဝင်များအနက်မှ အသက်ပေးဆပ်စွန့် လွှတ်သွားသူများ၊ ထိခိုက်ဒဏ်ရာ ရရှိကြသူများ၊ ရောဂါဘေးအန္တရာယ်ဒဏ် ခံစားကြရသူများ၊ ဘ၀အခက်အခဲရင်ဆိုင်နေကြရသူများ အစရှိသဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတို့  ဘ၀များကို အနစ်နာခံ စတေးခံကြဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) တပ်ဖွဲ့ ဝင်များဟာ ယခုလက်ရှိတိုင် နယ်စပ်ဒေသအသီးသီးမှာ ပြည်သူလူထု အတွက် ဆက်လက်ရပ်တည်ကာ အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ထို့ အတူ နိုင်ငံ တကာသို့  ရောက်ရှိနေကြသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) တပ်ဖွဲ့ ဝင်ဖြစ်ခဲ့သူများဟာလည်း နည်းလမ်း အသွယ်သွယ်ဖြင့် ဆက်လက်ပြီး အာဏာရှင်စနစ်အား ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။

ယခုအချိန်အခါတွင် ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) ၏ (၂၁) နှစ်မြောက် တပ်ဦးနှစ်ပတ်လည်နေ့ မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘ၀စွန့် လွှတ်ကာ အသက်ပေးဆပ်ခဲ့ကြသော မ.က.ဒ.တ (ABSDF) ရဲဘော်ရဲမေ များ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများ၊ အာဏာရှင်ဆန့် ကျင်ရေး ဆက်လက်တော်လှန်တိုက်ပွဲဝင်နေကြစဲ တပ်ဖွဲ့ ဝင်များအား ဂုဏ်ယူလေးစားအပ်ပါကြောင်းနဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) All Burma Students’ Democratic Front (ABSDF) ၏ ရည်မှန်းချက် ပန်းတိုင်ပြည့်ဝစေရန် ဖြစ်သည့် အမိမြန်မာပြည်တွင် အာဏာရှင်စနစ် လျင်မြန်စွာ ချူပ်ငြိမ်းပြီး ရဟန်းရှင်လူပြည်သူလူထုဘ၀ သာယာငြိမ်းချမ်းပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


နစ်နေမန်း

(နိုဝင်ဘာလ ၁ ရက်၊ ၂၀၀၉ ခုနှစ်)။

ABSDF ၂၁နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်နှင့် Chair Persion's Message for 21th Annversity of ABSDF

Absdf Stm 21st Anniversary
Cm Message to Absdf 21st Anni
Posted by ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ at Sunday, November 01, 2009 No comments:
Labels: အမှတ်တရ

Saturday, August 8, 2009

ရှစ်လေးလုံး အမှတ်တရ စုစည်းမှုများ

ဆောင်းပါး၊ ကဗျာ နှင့် ထုတ်ပြန်ကြေငြာချက်များ၊ လှုပ်ရှားမှု ဓါတ်ပုံများ

“အနှစ်နှစ်ဆယ်မှသည်”
ဤဆောင်းပါးကို ပြီးခဲ့သည့် အနှစ်နှစ်ဆယ်ပြည့် ၈၈၈၈ အမှတ်တရ အဖြစ် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ယခု နှစ်ဆယ့်တစ်နှစ် ပြည့်ချိန်သည်အထိ ဆီလျှော်နေသေးသဖြင့် ပြန်လည် တင်ဆက်ပေး လိုက်ပါသည်။ သတင်း အချက်အလက်များ အနေဖြင့်မူ လွန်ခဲ့သော ၁နှစ်ကျော်က ရေးသားခဲ့ခြင်းဖြစ်၍ ယခု အချိန်တွင် ပြောင်းလဲမှု အနည်းငယ် ရှိမည်ဖြစ်ပါသည်။)



အနှစ်နှစ်ဆယ်ဆီသို့
“အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျွန်တော်သည် ကိုယ့်ကိုယ်ပြန်၍ ကြည့်လိုက်သော အခါ ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်။”

အထက်ပါစာပိုဒ်မှာ ဗိုလ်မှုးချစ်ကောင်းရေးခဲ့သည့် အနှစ်နှစ်ဆယ်စာအုပ်၏ အဖွင့်စာပိုဒ်ပင် ဖြစ်ပါသည်။ ၁၉၈၈ခုနှစ် လူထုအုံကြွမှုကြီးမှ စခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှု၏ ကာလသည်လည်း လာမည့် ဩဂုတ်လ (၈)ရက်နေ့တွင် အနှစ်နှစ်ဆယ်တင်းတင်း ပြည့်တော့မည် ဖြစ်ပါသည်။

အနှစ်နှစ်ဆယ်ကြာ တိုက်ပွဲ ခရီးရှည်ကြီးထဲမှာ ကျဆုံးသူတွေလဲ ကျဆုံးကုန်ကြရပါပြီ။ ကိုဖုန်းမော်တို့လို သမိုင်းဝင်ခဲ့သူတွေ ရှိသလို၊ နအဖ မီးသဂြိုလ်စက်တွေထဲမှာ လူမသိသူမသိ ပြာကျခဲ့ရသူတွေ၊ တောတောင် တွေထဲမှာ တိုက်ပွဲ ဖြစ်ရင်း ငှက်ဖျား နှိပ်စက်ရင်းဖြင့် ခေါင်းချခဲ့ရသူတေ၊ွ နအဖရဲ့ စစ်အကျဉ်းထောင်ထဲမှာ နှိပ်စက် ညှင်းပန်းမှုတွေကို အံတု ကြံ့ကြံ့ခံရင်း ကျဆုံးခဲ့ရသူတွေ အခုတိုင် အကျဉ်းထောင်များ ထဲတွင် ဒူးထောက် အညံ့မခံပဲ ဆက်လက် တိုက်ပွဲဝင် နေသူတွေ ရှိနေသလို အချို့လဲ လူသားချင်းစာနာတဲ့ ကမ္ဘာ့ နိုင်ငံ အနှံ့ အပြားကို ရောက်ရှိနေကြပြီး အချို့ကလည်း နယ်စပ်ဒေသတွေမှာပဲ အားခဲလို့ ရပ်တည် ရုန်းကန်နေ ကြဆဲ တိုက်ပွဲဝင် နေကြဆဲပင်၊ ပြည်တွင်းရှိ ရဲဘော်များကလည်း ဟိုပုန်းဒီခိုနဲ့ အလံမလှဲ စတမ်း တိုက်ပွဲဝင် နေကြဆဲပင်။ ထိုအင်အားစု များကြောင့်လဲ ဒီမိုကရေစီတိုက်ပွဲရဲ့ အရှိန်အဟုန်ဟာ အဆက်မပြတ် ဆက်လက် ဖြစ်ပေါ်နေတယ်လို့လဲ ဆိုနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်သည်ပင် နှစ်နှစ်ဆယ်အတွင်း ဘဝပေါင်းစုံ ကျင်လည်ရင်းမှ Migrant ကျောင်းလေး တခုမှာ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ပညာသင်ပေးရင်း ဘဝကို ရုန်းကန်နေရဆဲပါ။ နေ့စဉ်နံနက် ကျောင်း တက်ချိန်တိုင်း ကျောင်းရှေ့အလံတိုင်မှာ ထိုင်းအလံကိုတင်၊ ထိုင်းနိုင်ငံတော်သီချင်းကို သီဆို နေကြရတဲ့ ခလေးငယ်တွေကို ကြည့်ရင်းပင် “ဩော်ဘယ်တော့များမှ ငါတို့ခလေးတွေ ကိုယ့်အမိမြေပေါ်မှာ ခြေချ လို့အမိနိုင်ငံတော် အလံကို အလေးပြုခွင့်ရကြမှာလဲ”လို့ တွေးရင်း အမြဲကြေကွဲခဲ့ရပါတယ်။ တကယ် တွေးကြည့်တော့လဲ ဒီကလေးတွေကမှ အေးချမ်းစွာ ပညာသင်ခွင့် ရနေပါသေးတယ်။

နာဂစ်မုန်တိုင်းကြောင့် ကျောင်းပါပျောက်ခဲ့ရတဲ့ ကလေးတွေ၊ မတရားကြီးမြင့်နေတဲ့ ကုန်ဈေးနှူန်းနဲ့ အလှူငွေ အမျိုးမျိုးတွေကြောင့် ကျောင်းတောင် မတက်နိုင်တော့တဲ့ ကလေးတွေက ပြည်တွင်းမှာ အများကြီးပါ်။ ဒီလို ဘဝတွေ မပြီှးဆုံးနိုင်သေးတဲ့ တာဝန်တွေနဲ့အတူ ကျွန်တော်တို့ (၈၈)မျိုးဆက် ကျောင်းသားတွေ ဟာလည်းအသက် လေးဆယ်တန်းတွေ ရောက်လာခဲ့လို့ နောက်မျိုးဆက် ကျောင်းသား လူငယ်တွေက မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက် ယူနေကြရပါပြီ ။

ကျွန်တော်တို့တွေ ဘယ်အထိ ခရီးပေါက်ခဲ့ပါပြီလဲ?
အမြင်မှာတော့ တပြည်လုံးမှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒ ပြမှုတွေဖြစ်လို့ တကမ္ဘာလုံးက ဝိုင်းဝန်း ကန့်ကွက် ရှုံ့ချကြလို့ နအဖဟာ အကျဉ်းအကျပ်မျိုးစုံနဲ့ ကြုံတွေ့ နေရတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းပြောရရင် အခြေစိုက်စခန်းတွေကို တခုပြီးတခု လက်လွတ်ရပြီး နောက်ဆုံး ခံကတုတ်ကနေ မီးကုန်ယမ်းကုန် ခုခံနေရတဲ့ပုံပါပဲ။

တကယ်ကော ကျွန်တော်တို့ အနိုင်ရနေတယ်လို့ယူဆနိုင်ပါသလား ?

အဆင့်ဆင့် အလျော့ပေးလာခဲ့တယ်လို့ ယူဆတယ်ဆိုရင် နအဖရဲ့ ရိုးဖြောင့်တဲ့ လိုက်လျောမှု တခုတ လေမျုား တွေ့ကြပါသလား၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ အာဏာသိမ်းပြီးတဲ့ အချိန်က နိုင်ငံရေးပါတီ ဖွဲ့ခွင့် ပေးမယ် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ အနိုင်ရမယ့်လူကို အာဏာလွှဲပေးပြီး စစ်တပ်ဟာ စစ်တန်းလျား ပြန်ရုံပဲလို့ ဦးစောမောင်ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။

တကယ်တန်းကျတော့ ရှိသမျှ နိုင်ငံရေးပါတီတွေကို အမျိုးမျိုးသပ်ရှိုဖြိုခွဲ၊ နိုင်ငံရေး ပါတီတွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဖမ်းပြီးမှ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာပါ။ ချည်ပြီးတုတ်ပြီး အပိုင်တွက်ထားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု တရပ်လုံးက NLDကို တခဲနက် ထောက်ခံလိုက်တဲ့အခါ ကျမှ ပြူးတူး ပြဲတဲဖြစ်ပြီး ဦးစောမောင်ကို ဖြုတ်ချလို့ ဦးသန်းရွှေနဲ့ အစားထိုးတာပါ။

တနည်းဆိုရင် ဦးစောမောင်ပြောချင်တာ ပြောခဲ့တာတွေဟာ နောက်လူတွေ တာဝန်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါ။ ကိုယ်ပြောတဲ့စကားတောင် ကိုယ်တာဝန်မယူနိုင်တဲ့ လူတွေက သူတို့ကိုယ် သူတို့အစိုးရလို့ ဆိုချင်ကြပါသေးတယ်။ နောက်တခါ ROAD MAP (၇)ချက်ဆိုတာကို ဦးခင်ညွန့်က ရေးဆွဲပြီး အမျိုးသား ညီလာခံကို ကျင်းပလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲကြပြန်ပါတယ်။ ရပ်လိုက် သွားလိုက်နဲ့ အချိန်ဆွဲ လုပ်လာတဲ့ အဲဒီညီလာခံတောင် မပြီးသေးဘူး အချင်းချင်း စားခွက်လုရင်း ဦးခင်ညွန့် ပြုတ်သွားပြန်ပါတယ်။ သူလုပ်ခဲ့တာတွေ အားလုံးထဲက သူတို့အကျိုးရှိနိုင်တဲ့ ဟာတွေကလွဲရင် ကျန်တာတွေ အားလုံး လှစ်လျှူရှုလိုက် ပြန်ပါတယ်။

အမျိုးသားညီလာခံကို (၁၅) နှစ်ကြာကျင်းပပြုလုပ် အားရအောင် အချိန်ဆွဲပြီးမှ သူတို့ အလိုကျ ရေးဆွဲ ထားတဲ့ အခြေခံ ဥပဒေကို အတည်ပြုဖို့ ရွေးကောက်ပွဲလုပ်ဖို့ ဆိုပြီး ကြေငြာချက်တွေ ထုတ်ပြန်တဲ့အခါ အဲဒါဟာ ကောင်းတဲ့ဘက်ကို ရှေ့ရှုတဲ့ အပြောင်းအလဲလို့ ဘယ်လိုမှ ယူဆစရာမရှိပါဘူး။
(၁) ရွေးကောက်ပွဲလုပ်ခဲ့တယ် “၁၉၈၈ မှ ၁၉၉၀ အထိ ”
(၂) အခြေခံဥပဒေရေးဆွဲ “ ၁၉၉၂ မှ ၂၀၀၇ အထိ” ပြီးမှ
(၃) လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲ “၂၀၀၇ မှ ၂၀၁၀ အထိ”ဆိုပြီး
န အ ဖ ကတော့ ၂၀၁၀ အထိ အချိန်ဆွဲဖို့ အဆင်သင့်ပြင်ထားပြီးပါပြီ ။

၂၀၁၀ ရွေးကောက်ပွဲပြီးရင်ရော ဘာဖြစ်လာမှာပါလဲ ? အခုလူတွေထဲက အချို့ကို ယူနီဖောင်းချွတ်ပြီး လွှတ်တော်တက်ခိုင်း၊ နောက်က ကာကွယ်ရေး ဦးစီးချုပ်က လိုသလို ကြိုးဆွဲသွားမယ့် စစ်အာဏာရှင် အလိုကျ အစိုးရကိုပဲ ကျွန်တော်တို့ ရကြမှာပါ။ ကုလားကြီးနဲ့ အရာကြီး အခေါ်ဝေါ်သာပြောင်းသွားမယ် ဒါကဒါပါဘဲ ။

ကျွန်တော်တို့ဖက်က လက်ရှိအခြေအနေကရောဘယ်လိုပါလဲ ?

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ၊ အပါအဝင် NLD ခေါင်းဆောင်တွေ၊ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာစတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ အရှင်ဂမ္မီရ တို့လို သံဃာတော်တွေ ၊ လူမျိုးစု ခေါင်းဆောင်တွေ၊ ဒီမိုကရေစီလှုပ်ရှား တက်ကြွသူတွေ အားလုံး ဖမ်းဆီး ချုပ်နှောင်ခံနေရဆဲပါ။ ဥပဒေမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် တနှစ်သက်တမ်း တိုးလိုက်ပြန်ပါပြီ။ ဘာများ တုံ့ပြန်နိုင်ပါသလဲ?

ဒီပဲယင်းမှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့သူတွေ ၊ လူမိုက် မွေးပြီး ရိုက်သတ်ခံရတဲ့ ရဲဘော်တွေ ၊ ထောင်ထဲမှာ မတရားနှိပ်စက်ခံရရင်း လက်လွန် သေဆုံးသွားသူတွေ ၊ အခုပြီးခဲ့တဲ့ စက်တင်ဘာမှာ ရိုက်နှက် သတ်ဖြတ် ၊ ဖမ်း ဆီင်္းခံရ သူတွေအတွက်၊ တရားမျှတမှုတွေ ဘယ်မှာပါလဲ ? ပြီးခဲ့တဲ့ REFERNDUM မှာထည့်သမျှ ကန့်ကွက် မဲတွေ အားလုံးကို မဲလိမ်ပြီး ဘယ်နိုင်ငံမှာမှ မကြုံစဖူး ရာခိုင်နှုန်း(၉၀)ကျော် နိုင်ပါတယ်လို့ ကြေငြာသွားခဲ့ ပြီးပြီ ။ အမှန်တရား ဘယ်မှာပါလဲ ?

နာဂစ်မုန်တိုင်းမွှေလို့ သိန်းချီသေပြီး သန်းချီဒုက္ခရောက်နေရတဲ့ ပြည်သူတွေကို ကူညီချင်ကြသူတွေ အပေါ် အမျိုးမျိုး ကန့်သတ်မှုတွေ လုပ်လို့ ဒုက္ခသည်တွေကို ကူညီတဲ့ ပစ္စည်းတွေကို အမျိုးမျိုး အမြတ်ထုတ် နေကြတာ ကျွန်တော်တို့ ဘာများ လုပ်နိုင်ကြ ပါသလဲ? ကန့်ကွက်ရှုံ့ချရုံမှ တပါး အခြားဘာမှ မလုပ်နိုင်ခဲ့ပါ။

ထိုအခြေအနေ အားလုံးအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း?

စီးပွားရေး နယ်ပယ်တွင်တော့ ရှင်းပါသည်။ ကုမ္မဏီကြီးတခုတွင် စီးပွားရေး ပေါ်လစီမှား၍ အရှုံးပေါ် လာခဲ့ပါလျှင် စီမံခန့်ခွဲကြသော CEO နှင့်တကွ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်ကြရုံသာ ရှိပါသည်။ ဥပမာတခု ဆိုရလျှင် ယခုပြုခဲ့သော REFERENDUM တွင် ကျွန်တော်တို့ ပြည်သူလူထုကို မဲရုံကိုသွား၍ ကန့်ကွက်မဲ ပေးကြပါဟု ဦးဆောင်မှုပေးခဲ့သည်။ ထိုပေးခဲ့သော ကန့်ကွက်မဲ အားလုံးကို နအဖတို့က မဲလိမ်၍ ထောက်ခံမဲ လုပ်လိုက်ပါသည်။

၉၂ရာခိုင်နှုန်းကျော် ဆိုသည်မှာ မဲရုံသို့ သွားရောက်သူ အားလုံးနီးပါးဖြစ်ပါသည်။ ထိုပြည်သူလူထု မဲများ အလိမ်ခံရမှုတွင် မဲရုံသွားခိုင်းသူနှင့် မဲလိမ်သူနှစ်ဦးတွင် မည်သူ ပိုတာဝန်ရှိပါသလဲ?

သူခိုးကို ခေါင်းပေါင်းပေါင်း၍ တိုက်ပုံနှင့် ချိတ်ပုဆိုးဝတ်ရုံမျှနှင့်လူကြီးလူကောင်းဟု မည်သူက ယူဆကြ ပါမည်လဲ? သူတိုက်ပုံတွေ ဘာတွေ ဝတ်ထားတာပဲ စိတ်ချရပါတယ်ဟု ပြောသဖြင့် ဂေါပကလူကြီး ခန့်မိသော အခါကျမှ ဘုရားအလှူငွေများ ခိုးပြေးသွားသည့်အခါ သူခိုးကို စိတ်ဆိုးရ မည်လား၊ ဒါမှမဟုတ် ယုံကြည်စွာ အပ်နှံခိုင်းသူကို အပြစ်တင်ရ ပါမည်လား? သို့သော် တိုက်ပွဲဝင်နေကြသော ယခုအခြေ အနေမှာတော့ ဘယ်သူကိုမှ အပြစ်မပုံချနိုင်ပါ၊ ဖြစ်လာသော အခြေအနေပေါ်တွင် အကောင်းဆုံး မည်သို့ ဆက်လက် လုပ်ဆောင်မည်ကှို စဉ်းစားရန်သာ ရှိပါသည်။

လူထုလှုပ်ရှားမှူများနှင့် တာဝန်ခံမှူ

လူထုတိုက်ပွဲများ အရှိန်မြှင့် တင်ကြသည့်အခါ အထိအခိုက် အရှအနာများစွာ ရှိပါသည်။ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးခံ ရသူများ အတွက် တရားမျှတမှု ဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပေးရန် လှုံ့ဆော်သူတို့မှာ တာဝန်ရှိသလို၊ လှုပ်ရှားမှုများကြောင့် နေမရသဖြင့် ထွက်ပြေး တိမ်းရှောင်လာရသူများ အတွက် တာဝန်ယူရန်မှာလည်း လှုံ့ဆော်သူတို့ တာဝန်ပင် ဖြစ်ပါသည်။

ပေးဆပ်ခဲ့ရသော အသက်များ၊ ဘဝများစသည့် အရင်းအနှီးများ အတွက် တိုက်ပွဲကို ဆက်လက် အရှိန်အဟုန်မြှင့်ပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရန် မှာလည်း လှုံ့ဆော်သူများ၏ တာဝန်ပဲ ဖြစ်ပါသည်။ သို့မှသာ ယုံကြည်စွာ အသက်ပေး၊ ဘဝပေး တိုက်ပွဲဝင်ခဲ့သူ တို့အတွက် တာဝန် ကျေပါလိမ့်မည်။ ဤနေရာတွင် နိုင်ငံရေး ခေါင်းဆောင်များကို အလေးအနက် တင်ပြချင်ပါသည်။

နိုင်ငံခြားသွားချင်သဖြင့် ဆန္ဒဝင်ပြခဲ့သူဟူ၍ မရှိပါဟု ကျွန်တော်ရဲရဲကြီး ဆိုရဲပါသည်။ နိုင်ငံခြားသွားချင် သဖြင့် ဒီရောက်မှ ဆန္ဒပြခဲ့ဖူးသူလိုလို ရောယောင်ဟန်ဆောင်သူတို့တော့ရှိချင် ရှိပါလိမ့်မည်။ ပြည်တွင်း၌ နေကြသူများသည် ထိုကိစ္စများကို မသိကြပါ။

လွတ်ရာ နယ်မြေရောက်မှ ဘာနိုင်ငံရေး လှုပ်ရှားမှုမှ လုပ်ခွင့်မရကြပဲ တတိယနိုင်ငံ သွားသည့် တံခါး တပေါက်သာ ဖွင့်ထားပေးသည့် အနေထားမျိုးသည် မဖြစ်သင့်ဟု ဆိုချင်ပါသည်။ သွားချင်သူတွေ သွားကြ သလို နိုင်ငံရေး ဆက်လုပ်ချင်သူတွေလည်း ရှိကြပါသည်။

သို့သော် ဒီနေရာတွင် ဘာရွေးချယ်ခွင့်မှ မရပါ။ လုအမျိုးမျိုး အထွေထွေကို စီစစ် ဆောင်ရွက်ရန်၊ ထိမ်းသိမ်း စောင့်ရှောက်ရန် အတွက် ကြီးမားသော အခက်အခဲများ ရှိခဲ့မည် ဆိုသည်မှာ အသေအချာပင် ဖြစ်ပါသည်။ သို့သော် ထိုအကြောင်းပြချက် တခုတည်းဖြင့် လက်ပိုက် ကြည့်မနေသင့်ပါ။ ရှေ့ဆက်တိုက်ပွဲများတွင် ထိုသို့သော အခြေအနေများ ဆက်လက် ကြုံတွေ့ရန် ရှိပါဦးမည်။ အလေးအနက်ထား စဉ်းစားရမည့် အချက် ဖြစ်ပါသည်။

ကျွန်တော်တို့ ဘာလုပ်နိုင်ပါသလဲ?တိုက်ပွဲကာလ နှစ်သက်တမ်း ရှည်လာတာနှင့် အမျှ အထိအခိုက် အရှအနာ အဆုံးအရှုံး တွေက များလာ ပါသည်။ အခြေအနေ ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးတိုက်ပွဲ၊ လူထုတိုက်ပွဲများကို ပြင်ဆင်တဲ့အခါ ပြီးခဲ့တဲ့ အမှား တွေကို ပြန်သုံးသပ်ေ ရှာင်ရှားရင်း အဆုံးသတ် တိုက်ပွဲကို ဘယ်လိုပြင်မလဲ ဆိုတာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ယူထားသူများမှာ ကြီးလေးတဲ့ တာဝန် ရှိနေပါတယ်လို့ ဆိုချင်ပါတယ်။

ရန်သူတွင် လက်နက်အာဏာ ငွေကြေး လူအင်အား စသည်ဖြင့် ပြည့်စုံသည်မှာ မှန်ပါသည်။ နောက်တခါ နာဇီလို၊ ဖက်ဆစ်လို မိမိအမျိုးသားရေးကို ရှေ့တန်း တင်သူမျိုးပင် မဟုတ်ပဲ မိမိကိုယ်ကျိုး စီးပွားမှလွဲ၍ ဘာမှမစဉ်းစားသည့် လိုအပ်လျှင် ဇတ်တူသားစားရန်ပင် ဝန်မလေးသည့် အာဏာရှုး စစ်အာဏာရှင် ဖြစ် ပါသည်။

ထိုအာဏာရှင်မျိးကို ခေါင်းလေး ဝင်ပါရစေဦး ဆိုသည့် ကုလားအုတ်ပုံပြင် ဇာတ်လမ်းမျိုးဖြင့် ချဉ်းကပ်လျှင် ခေတ်သစ် ကုလားအုတ်ပုံပြင် ထဲကလို အသားပေါ်ခံရရုံ သာရှိပါသည်။ ထိုလူ အမျိုးအစားတွေကို ခဏ တဖြုတ် အသုံးကျချိန်တွင် သုံး၍ မလိုချိန်မှာ ချနင်းပစ်လိုက်မှာ အသေအချာပါ။ ရှေ့က ကြိုးစားခဲ့ဘူး သူများကို ကြည့်ပါ။ ဇတ်တူသား စားသည့် သာဓကများကို ကြည့်ပါ။ လက်ရှိ ဝံသာနုNLDလို လူမျိုးတွေ၊ အေး လွင်တို့လို လူမျိုးတွေ၊ ငါးမင်းဆွေတို့လို လူမျိုးတွေ စသည့် ဖော်လံဖား လူတန်းစားများပင် ဘယ်လောက် ခံမည်လဲ ဆိုတာကို စောင့်ကြည့်ပါဦး။

သို့သော် အင်အားကြီးမားသည် ဆိုသည်တိုင်း ကြောက်စရာမဟုတ်ပါ။ လူထု ထောက်ခံမှူ မရသော ဘယ်လို မတရား အစိုးရများမှ ရေရှည် မတည်တံ့နိုင်ပါ။ ခိုင်မာသော နိုင်ငံရေး ဦးဆောင်မှူ နောက်တွင် ပြည်သူ လူထုများ ညီညွတ်စွာ လိုက်ပါ ဆောင်ရွက်ကြရန်သာ လိုပါသည်။

ဥပမာတခု တင်ပြလိုပါသေးသည်။ တောထဲတွင် အင်အားကြီးမား လှပါသည် ဆိုသော တောဆင်ရိုင်း အုပ်လိုက်ကြီးပင် တောခွေး ကျင်ငယ်ရည်နံ့ ရသည်နှင့် တဆတ်ဆတ် တုန်အောင် ကြောက်ကြရှာပါသည်။ ဆင်နှင့်တောခွေးများ အကောင်ချင်း ယှဉ်လျှင် နှိုင်းစရာပင် မရှိပါ။

သို့သော် တောခွေးများ၏ ညီညွတ်ခြင်းကို ကြောက်ကြခြင်း ဖြစ်ပါသည်။ ဆင်ဖြစ်စေ၊ ကျားဖြစ်စေ ၊ မည်သည့် သတ္တဝါဖြစ်စေ သူတို့ တိုက်ခိုက် သတ်ဖြတ်ရန် ဝန်လေးခြင်းမရှိပါ။ သူတို့ သတ်ကွင်းအတွင်း ဝင်လာသည့် အခါ ကျင်ငယ်ရည် ပန်းသည့် အကောင်က ပန်း၊ ရှေ့ကဝင်သည့် အကောင်ကဝင်၊ နောက်ကဆွဲသည့် အကောင်ကဆွဲ၊ အပေါ်မှ ခုန်ချသည့် အကောင်ကချ၊ ရေဆီမရောက်အောင် လမ်းလွှဲသည့် အကောင်က လွှဲဖြင့်နောက်ဆုံး ဆင်ကြီး ဘုန်းဘုန်းလဲကျမှ အောင်သေအောင်သား စားကြပါသည်။

သူတို့တွင် မတိုက်ခိုက်ခင်မှာ ဆင်သေရင် ဘယ်အပိုင်းကိုမှ ငါကယူမယ် ဆိုပြီး ကြိုတင် ဝေပုံချထားခြင်းလဲ မရှိပါ။ ငါက အုပ်စု ခေါင်းဆောင်မို့ ဝမ်းတွင်းသားတွေကို ငါ့သားသမီးတွေ အတွက် ယူသွားမယ်ဆိုတဲ့ ခေါင်းဆောင်မျိုးလဲ မရှိပါ။ ငါကတော့အန္တရယ်များတဲ့ နှာမောင်းနေရာမှာ နေရလို့ သူကတော့ အနောက် ကပဲ ဝင်ဆွဲလို့ စသည်ဖြင့် လဲမကွဲပါ။ ဆင်ကောင်ကြီးမှ မသေသေးခင် စားအိုးစားခွက်တွေ ကြိုပြင်ထားတဲ့ အကောင်တွေလဲ မရှိပါ။ တိုက်ပွဲမှာ အချောင်ခိုနေပြီး ဆင်သေချိန် ကျမှ ခေါင်းပေါ်တက်ထိုင်တတ်တဲ့ အကောင်မျိုးလဲ မရှိပါ။ ဒီတိုက်ပွဲမှာ ဆင်ကြီးမသေလို့ စိတ်ဆိုးသွားရင် ငါတော့မလွယ်ဘူး ဆိုပြီး စိတ်ဆိုးအောင် မလုပ်ပဲ နေတဲ့ အကောင်လဲ မရှိပါ။သူတို့သိသည်မှာ သူတို့ သတ်ကွင်းပြင် ထားသည့် နေရာသို့ ဝင်လာသည့် မည်သည့် သားကောင်မဆို အပြီးအပြတ် ချေမှုန်း စားသောက်ပြီး မျိုးဆက်ကို ထိန်းသိမ်းရန်သာ ဖြစ်ပါသည်။
အရိုင်းဥပဒေမှာ တောခွေးတွေကို သူတို့ရဲ့ စုစည်း ညီညွတ်မှုကြောင့် တောဘုရင်ဆိုတဲ့ အကောင်ကြီး တွေတောင် ဖိန့်ဖိန်တုန်အောင် ကြောက်ကြရပါသည်။

ကျွန်တော်တို့ဟာ တောခွေးတွေထက် အဆပေါင်းများစွာ အသိဥာဏ် မြင့်မားသော လူသားများ ဖြစ်ကြပါသည်။ မြန်မာပြည်ရဲ့ များစွာသော ပြည်သူလူထုက နအဖကို လက်မခံဘူး ဆိုတာ ၁၉၉၀ပြည့် ရွေးကောက်ပွဲနဲ့ သက်သေပြပြီးပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ နည်းလမ်းများစွာနဲ့ သက်သေပြခဲ့ ပြီးပါပြီ။ ၂၀၀၇ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များနဲ့ ကျောင်းသား ပြည်သူများရဲ့ ရွေဝါရောင် တော်လှန်ရေးကြီးဟာ ကမ္ဘာသိပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အကြောင်းဆန္ဒတွေ ထုတ်ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။

မဖြစ်လာနိုင်သေးတဲ့ ကုလသမဂ္ဂတပ်ကြီးတွေ၊ အမေရိကန် တပ်ကြီးတွေ ဝင်လာဖို့ကို စိတ်ကူးမယဉ်တာ ပိုကောင်းပါတယ်။ ကိုယ့်အား ကိုယ်ကိုးပြီး ကျွန်တော်တို့ တကယ် ညီညွတ်ဖို့သာ လိုပါသည်။

အနှစ်နှစ်ဆယ်မှသည်
အနှစ်နှစ်ဆယ်ပြည့်တော့မယ့် အချိန်မှာ ပြည်သူလူထုအတွက် အလိုအပ်ဆုံး အရာကို ပြောရမယ် ဆိုရင် အရည်အသွေး ပြည့်ဝတဲ့ ခေါင်းဆောင်မှုနဲ့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုဟာ အရေးတကြီး လိုအပ်နေပါတယ်။ အဲဒီနောက်က ဒီမိုကရေစီအရေး လှူပ်ရှားသူအားလုံးရဲ့ ညီညွတ်မှုနဲ့ လူထုအင်အား ပေါင်းစပ်လိုက်မယ် ဆိုရင် မအောင်မြင်စရာ မရှိဘူးလို့ ဆိုချင်ပါတယ်။

အတွေ့အကြုံ၊ အတွေးအခေါ်ကြီးမားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဦးဆောင် ပုဂ္ဂိုလ်များဟာ ပိုပြီး မြင်နိုင် ဦးဆောင်နိုင်မယ် ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာသိ ကမ္ဘာသိ လူထုခေါင်းဆောင်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ လူထု ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ နိုင်ငံရေး ဦးဆောင်မှူ လမ်းကြောင်းအတိုင်း သူတို့ ဖမ်းဆီးခံနေရချိန်မှာ ဆက်လက်အကောင်အထည် ဖေါ်ပေးမယ့်၊ ဦးဆောင်မှူ ပေးမယ့် ခေါင်းဆောင်ကောင်းတွေ လိုပါတယ်။

စက်တင်ဘာ အရေးအခင်းပြီး ကာစမှာ အမေရိကန် လူမျိုး မိတ်ဆွေတဦးက ကျွန်တော့်ကို မေးဘူးပါတယ်။ စက်တင်ဘာ အရေးတော်ပုံကြီး ဘာလို့ အခြေမှုန်းခံရလဲဆိုတာနဲ့၊ ဘယ်လို အခြေအနေမျိုး ဆိုရင် အနိုင်ရ နိုင်မလဲ ဆိုတာပါ။

သူမေးတဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖေါ်ပြ ပေးချင်ပါတယ်။
(၁) သံဃာ့ နာယကအဖွဲ့ ခေါင်းဆောင်တွေ ပူးပေါင်းလာရင် အနိုင်ရ နိုင်မလား?
(၂) အခြား ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းပါဝင်လာရင် အနိုင်ရနိုင်မလား?
(၃)စစ်တပ်က ပူးပေါင်းလာမယ် ဆိုရင် အနိုင်ရနိုင်မလား? အနိုင်ရနိုင်မယ် ဆိုရင် ဘယ်အဆင့် လောက်ထိ ပူးပေါင်း ဆောင်ရွက်မှု လိုမလဲ၊ ဥပမာ အောက်ခြေ အဆင့်အထိလား၊ စစ်ဗိုလ် အဆင့်လား၊ ဒုဗိုလ်မှုးကြီး အဆင့်လား၊ ဒါမှမဟုတ် လက်ရှိ အုပ်ချုပ်ရေး ပိုင်းထဲက တယောက်ယောက် ပါဝင်ပူးပေါင်းဖို့ လိုလားစတဲ့ မေးခွန်းတွေပါ။

ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တို့တတွေဟာ ဒီထက်မက ကိုယ့်ကိုကိုယ် မေးခွန်းတွေ ထုတ်ဖို့ လိုပါလိမ့်မယ်။ ဘဝတွေ အသက်တွေနဲ့ ရင်းရတဲ့ တိုက်ပွဲတွေအတွက် အပြန်ပြန် အလှန်လှန် သုံးသပ်ဖို့ လိုပါလိမ့်မယ်။

ကျွန်တော့် အနေနဲ့ အချုပ် ပြောရရင်တော့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူထုအင်အား (ဆရာ လူထုဦးစိန်ဝင်း စကားနဲ့ ပြောရရင် PEOPLE POWER)နဲ့ ညီညွတ်မှုသာ အဆုံးသတ် တိုက်ပွဲကို အဆုံး အဖြတ် ပေးလိမ့်မယ် ဆိုတာပါပဲ။

ဘယ်လိုအသွင်မျိုးနဲ့ လူထုတိုက်ပွဲလဲ၊ ဘယ်အတိုင်းအတာအထိ တိုက်ကြမလဲ ဘယ်လိုပုံစံမျိုးနဲ့ ဖေါ်ဆောင် ကြမလဲ ဆိုတာကိုတော့ နိုင်ငံရေး ဦးဆောင်သူတွေ ဆုံးဖြတ်ပေးရ မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူတွေက သူတို့အတွက် ဒီမိုကရေစီ ဖေါ်ဆောင်ပေးနိုင်မယ်လို့ ယူဆသူတွေကို သူတို့ဆန္ဒနဲ့ ရွေးချယ်ထားပြီး သားပါ။ ပြတ်သားတဲ့ မူတရပ်နဲ့ အတူ လူထုကို ဦးဆောင်ကြ စေချင်ပါတယ်။

အနှစ်နှစ်ဆယ်မှသည် အဆုံးသတ်တိုက်ပွဲဆီသို့ ကျွန်တော်တို့ ဦးတည်မလား?

အနှစ်နှစ်ဆယ်မှသည် အင်ဖန်နတီ ဆီသို့ ဦးတည်မလား? ဆိုတာ ရွေးချယ်ကြဖို့ အချိန်ကျရောက် ပါပြီလို့ တင်ပြလိုက်ရပါတယ်။

D-Wave

21st 8888 Anniversary Statement
Golbal action for Burma ၏ Declaration


My 8888 Poems

မယ်တော်ဆေးခန်းတွင် ကျင်းပပြုလုပ်သည့် (၂၁) နှစ်မြောက် ရှစ်လေးလုံးအ ရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနား

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

ဒေါက်တာလွဏ်းဆွေ ဘလာ့မှ

Posted by ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ at Saturday, August 08, 2009 No comments:
Labels: အမှတ်တရ

Monday, July 6, 2009

၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ အမှန်တရားဂျာနယ် အတွဲ(၁) အမှတ်(၅) ကို ဆဲဗင်းဂျူလိုင် အမှတ်တရ ထုတ်ဝေ

Photobucket
Photobucket

အီးမေးမှကြည့်သူများ ဤနေရာတွင်နှိပ်၍ ကြည့်ပါ

View this document on Scribd
Posted by ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ at Monday, July 06, 2009 No comments:
Labels: အမှတ်တရ

Sunday, May 24, 2009

မဲဆောက်ဆန္ဒပြပွဲ ဗီဒီယို

Posted by ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ at Sunday, May 24, 2009 No comments:
Labels: အမှတ်တရ
Older Posts Home
Subscribe to: Posts (Atom)

"Aung San Suu Kyi" (On the road to Mandalay).

Song to Listing


minthukha
Quantcast
၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရန် လက်မှတ် ရေးထိုးပေးကြပါ
Stop 2010 bogus and fraudulent election designed by the military
Eligible signatories:
People of Burma.
World communality who valued Democracy and Human's right.
Click Here To Sign လက်မှတ်ရေးထိုးရန် ဤနေရာတွင်နှိပ်ပါ

View Signatures Without Signing

OUR LOGO

OUR LOGO



ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင် လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။

လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား စံစား ချင်တယ်ဆိုရင်၊ အလုပ် လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခု ကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့် ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ ချင်တယ်။"

(စာပေ ဗိမာန်ထုတ် ပြည်သူ့ လက်စွဲ စာစဉ်ထုတ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်မှ မူရင်း သတ်ပုံ အတိုင်း ကောက်နုတ် ဖော်ပြသည်။)



We do not have much time

To contact us စုံစမ်းရန်နှင့် ဆက်သွယ်ရန်

cacburma@gmail.com +660800293350

လာရောက်ဖတ်ရှုသူများ

hits

ပြောချင်တာလေးတွေ ပြောခဲ့ပါ

စုစည်းသောလက်များ

  • Burma ( The Power of People)
    8 years ago
  • SAFFRON PEOPLE'S MOVEMENT
    ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်း ထုတ်ပြန်ကြေငြာချက်
    14 years ago
  • ပြည်သူ့ဘုန်းဘုန်း
    မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ
    16 years ago
  • မိစ္ဆာပယ်ရှင်း ရန်ပုံခွင်း
    ဇော
    16 years ago
  • မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲကြီး( ABMA )
    သတိ
    16 years ago
  • နစ်နေမန်း
    ရန်ကုန်တိုင်း၊ဒလမြို့နယ်ရှိ ဓနုတ်ဘုရားကြီးပြိုကျ
    17 years ago
  • အတ္တကင်းစင် ဒီမိုကရေစီ လွင်ပြင်
  • ယနေ့ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ်မြဲပါစေ
  • တတိယမျက်လုံး

2009 Collective Action Cammittee

၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ
ကျွန်ုပ်တို့၏ ကော်မတီက အောက်ဖော်ပြပါ သဘောထား(၃)ရပ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ ၁။၂၀၀၉-ခုနှစ်အတွင်း၌ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်မည့် ပြည်သူ့အရေးတော်ပုံကြီး၏ အဆုံးအဖြတ် အဖြေသည် ပြည်သူတို့၏ အောင်ပွဲဖြစ်စေရန်။ ၂။ပြန့်ကျဲနေသော အင်အားများကို စုစည်းပြီး၂၀၀၉အများ သဘောတူညီချက်ဖြင့် စည်းလုံးညီညွတ်မည့်အင်အားစုကြီး ဖြစ်ပေါ်လာစေရန်။ ၃။ဖြစ်ပေါ်လာသော အင်အားစုကြီးဖြင့် အာဏာလက်ရှိ န.အ.ဖ စစ်အာဏာရှင် အုပ်စုအား ဖယ်ရှား၍ စစ်အာဏာရှင် စနစ်လုံးဝချုပ်ငြိမ်းစေရန်။
View my complete profile

Announcements (ထုတ်ပြန် ကြေငြာချက်များ)

  • သတင်း ထုတ်ပြန်ကြေငြာချက်
  • ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ အထူးထုတ်ပြန်ကြေညာချက်
  • A New Year’s Message to all the Peoples of Burma to Rise and be Free from Military Oppression
  • ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ ထုတ်ပြန်ကြေညာချက်နှင့် တိုက်တွန်းနှိုးဆော်ချက်

Blog Archive

  • ▼  2010 (20)
    • ▼  June (1)
      • ညဘက်မှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည်...
    • ►  April (4)
    • ►  March (4)
    • ►  February (3)
    • ►  January (8)
  • ►  2009 (85)
    • ►  December (1)
    • ►  November (4)
    • ►  October (7)
    • ►  September (4)
    • ►  August (4)
    • ►  July (6)
    • ►  June (8)
    • ►  May (16)
    • ►  April (7)
    • ►  March (10)
    • ►  February (9)
    • ►  January (9)
  • ►  2008 (1)
    • ►  December (1)

Followers