Sunday, January 4, 2009

၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ ပြည်သူလွှတ်တော် ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များသို့ လက်မှတ်ရေးထိုး တောင်းဆိုမှု ကမ်ပိန်း




ဒီမိုကရေစီ အရေးလှုပ်ရှားသူများနှင့် မြန်မာနိုင်ငံသားများ ခင်ဗျား

၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ၏ ချမှတ်ထားသောမူ ဖြစ်သည့် အတုအယောင် ရွေးကောက်ပွဲကို တိုက်ဖျက် ရန်အတွက် အဓိကကျသော လုပ်ငန်းစဉ်တရပ်အဖြစ် ၁၉၉၀ခုနှစ်တွင် ရွေးကောက် တင်မြှေက် ထားသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူ ခေါင်းဆောင်များ၏ ညီညွတ် ပြတ်သား သော ဦးဆောင်မှုတရပ် လိုအပ်နေသည်ဟု ကျွန်ုပ်တို့ ကော်မတီမှ အလေးအနက် ယုံကြည်ပါသည်။

သို့ဖြစ်ပါ၍ ယခုလအတွင်း ဒပ်ဗလင်မြို့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ညီလာခံသို့ ပြည်သူများ၏ ညီညွတ်သော သဘောထားဖြင့် လွှတ်တော် ကိုယ်စားလှယ်များကို လက်မှတ်ရေးထိုး တောင်းဆို ကြရန် ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ စတင် ဆောင်ရွက်လျှက်ရှိပါသည်။ ပြည်တွင်း ပြည်ပ နေရာ အသီးသီးရှိ မြန်မာနိုင်ငံသားများ အနေဖြင့် ယခုလက်မှတ်ရေးထိုး တောင်းဆိုမှုတွင် ပူးပေါင်းပါဝင်ကြပါရန် ကျွန်ုပ်တို့ မှ လေးစားစွာ တောင်းဆို ဖိတ်ကြားအပ်ပါသည်။

ပါဝင်လက်မှတ်ရေးထိုး လိုသူများသည် မိမိတို့ နီးစပ်ရာ ယုံကြည်ချက်တူညီသူများ စုစည်း၍ လက်မှတ်ရေးထိုး ပြီးလျှင် ထိုစုစည်း လက်မှတ်ရေးထိုးထားသော စာရွက်များကို စကင်ဖတ်၍ ကျွန်ုပ်တို့၏ အီးမေးလိပ်စာ cacburma@gmail.com သို့ ပေးပို့ကြပါရန်ကိုလည်း လေးစားစွာ အသိပေးတင်ပြ အပ်ပါသည်။

နောက်ပိုင်းတွင်လည်း ထိုကဲ့သို့ လက်မှတ်ရေးထိုး တောင်းဆိုမှုများကို UN နှင့် အခြားနိုင်ငံတကာ အဖွဲ့ အစည်း များသို့ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း ကြိုတင် အသိပေး တင်ပြအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

No comments:

Post a Comment