Sunday, June 7, 2009

JAC မှ ဒေါက်တာလွဏ်းဆွေသို့ ပေးစာ

ဒေါက်တာလွဏ်းဆွေခင်ဗျား ...

ကျနော်တို့ JAC ရဲ့ ဆန္ဒပြမှုသတင်းတွေကို ကိုယ်တိုင်လာရောက်သတင်းယူ အချိန်နဲ့တပြေးညီ သတင်းတင်ပြ ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပထမပြောချင်ပါတယ်။ နောက်နောင်လည်း ဆက်လက်ဖေါ်ထုတ် တင်ပြပေးပါလို့ ပြောပါရစေ။

အခုအဓိက ပြောပြလိုတာက ကျနော်တို့ JAC အနေနဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းပြီး တူညီတဲ့လုပ်ဆောင် မှုတွေလုပ်ဖို့ အမြဲဆန္ဒရှိသလို ဖြစ်နိုင်သမျှလည်း တင်ပြအကြောင်းကြားပါတယ်။ ဒါပေမယ့် JAC အနေနဲ့ C BOX တွေထဲမှာ အကောင်းသတင်းပဲဖြစ်ဖြစ် အဆိုးသတင်းကိုပဲဖြစ်ဖြစ်၊ ဝေဖန်တာပဲဖြစ်ဖြစ် ချီးကျူးတာပဲဖြစ် ဖြစ် ရေးသားခြင်းမျိုး မလုပ်ပါဘူးဆိုတာကို ပြောပြချင်တာပါ။

ဒီနေ့ ဒေါက်တာ့ C BOX ထဲမှာ JAC နာမည်နဲ့ ဝင်ရေးသားသူဟာ အကောင်းမြင်တဲ့ ရှုထောင့်က ဝင်ရောက် ရေးသားတာ မှန်ပေမယ့် နောက်နောင်မှာ အခြားသူတွေကလည်း JAC နာမည်ကို အသုံးပြုပြီး ရေးချင်သလို ရေးလာနိုင်တဲ့အတွက် ကြိုတင်အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။

တဆက်တည်းတင်ပြလိုတာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းဟာ ဒီနေ့မှ ရောက်လာတာ မဟုတ်ဘဲ ကျနော်တို့ JAC စတင်ဖွဲ့စည်းဖို့ ပြင်ဆင်ကတည်းကစလို့ ယခုအထိ အကြံဉာဏ်ကောင်းများစွာ ပေး ခဲ့သူ၊ အကူအညီပေးခဲ့သူ ဖြစ်သလို ကိုမိုးကြိုးဟာလည်း ကျနော်တို့ရဲ့ဆန္ဒပြပွဲတိုင်းမှာ လိုအပ်တာတွေကို အမြဲ လို ကူညီခဲ့ပါတယ်။ ဒေါက်တာနိုင်အောင်ကလည်း ကျနော်တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အ ထူးဆုတောင်းပွဲမှာ ကတည်းက လာရောက်ဆုတောင်းစကားတွေ ပြောပေးခဲ့သလို ယခုအချိန်အထိလည်း လို အပ်သလို ဝိုင်းဝန်းကူညီ အကြံဉာဏ်ပေးခဲ့ပါတယ်။ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကလည်း ဒီနေ့မှာ လူအင် အားနဲ့ ဝိုင်းဝန်းကူညီခဲ့တာကို မှတ်တမ်းတင်လိုပါတယ်။ အခြားအဖွဲ့အစည်းက ခေါင်းဆောင်များကိုလည်း လိုအပ်သလို ဝိုင်းဝန်းအကြံပေးဖို့ JAC က ဖိတ်ခေါ်ပါတယ်။

JAC ရဲ့ သတင်းတွေ၊ ထုတ်ပြန်ချက်တွေကို လက်ရှိဖေါ်ပြနေတဲ့ http://cacburma.blogspot.com မှာပဲ အမြဲ ဖေါ်ပြသွားမှာဖြစ်သလို JAC ရဲ့ သတင်းပေးပို့ချက်တွေကိုလည်း cacburma@gmail.com နဲ့ cacburma1@ gmail.com တို့ကသာ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။

ခင်မင်ရင်းနှီးစွာဖြင့် ...

1.Aung Khine
2.Htet Aung
3.Nai Oausai
4.Saw Moshew
5.Aung Kyaw Naing

Leading Group
Joint Action Committee

No comments:

Post a Comment