

ဒေါက်တာလွဏ်းဆွေခင်ဗျား ...
ကျနော်တို့ JAC ရဲ့ ဆန္ဒပြမှုသတင်းတွေကို ကိုယ်တိုင်လာရောက်သတင်းယူ အချိန်နဲ့တပြေးညီ သတင်းတင်ပြ ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပထမပြောချင်ပါတယ်။ နောက်နောင်လည်း ဆက်လက်ဖေါ်ထုတ် တင်ပြပေးပါလို့ ပြောပါရစေ။
အခုအဓိက ပြောပြလိုတာက ကျနော်တို့ JAC အနေနဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းပြီး တူညီတဲ့လုပ်ဆောင် မှုတွေလုပ်ဖို့ အမြဲဆန္ဒရှိသလို ဖြစ်နိုင်သမျှလည်း တင်ပြအကြောင်းကြားပါတယ်။ ဒါပေမယ့် JAC အနေနဲ့ C BOX တွေထဲမှာ အကောင်းသတင်းပဲဖြစ်ဖြစ် အဆိုးသတင်းကိုပဲဖြစ်ဖြစ်၊ ဝေဖန်တာပဲဖြစ်ဖြစ် ချီးကျူးတာပဲဖြစ် ဖြစ် ရေးသားခြင်းမျိုး မလုပ်ပါဘူးဆိုတာကို ပြောပြချင်တာပါ။
ဒီနေ့ ဒေါက်တာ့ C BOX ထဲမှာ JAC နာမည်နဲ့ ဝင်ရေးသားသူဟာ အကောင်းမြင်တဲ့ ရှုထောင့်က ဝင်ရောက် ရေးသားတာ မှန်ပေမယ့် နောက်နောင်မှာ အခြားသူတွေကလည်း JAC နာမည်ကို အသုံးပြုပြီး ရေးချင်သလို ရေးလာနိုင်တဲ့အတွက် ကြိုတင်အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။
တဆက်တည်းတင်ပြလိုတာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းဟာ ဒီနေ့မှ ရောက်လာတာ မဟုတ်ဘဲ ကျနော်တို့ JAC စတင်ဖွဲ့စည်းဖို့ ပြင်ဆင်ကတည်းကစလို့ ယခုအထိ အကြံဉာဏ်ကောင်းများစွာ ပေး ခဲ့သူ၊ အကူအညီပေးခဲ့သူ ဖြစ်သလို ကိုမိုးကြိုးဟာလည်း ကျနော်တို့ရဲ့ဆန္ဒပြပွဲတိုင်းမှာ လိုအပ်တာတွေကို အမြဲ လို ကူညီခဲ့ပါတယ်။ ဒေါက်တာနိုင်အောင်ကလည်း ကျနော်တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အ ထူးဆုတောင်းပွဲမှာ ကတည်းက လာရောက်ဆုတောင်းစကားတွေ ပြောပေးခဲ့သလို ယခုအချိန်အထိလည်း လို အပ်သလို ဝိုင်းဝန်းကူညီ အကြံဉာဏ်ပေးခဲ့ပါတယ်။ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကလည်း ဒီနေ့မှာ လူအင် အားနဲ့ ဝိုင်းဝန်းကူညီခဲ့တာကို မှတ်တမ်းတင်လိုပါတယ်။ အခြားအဖွဲ့အစည်းက ခေါင်းဆောင်များကိုလည်း လိုအပ်သလို ဝိုင်းဝန်းအကြံပေးဖို့ JAC က ဖိတ်ခေါ်ပါတယ်။
JAC ရဲ့ သတင်းတွေ၊ ထုတ်ပြန်ချက်တွေကို လက်ရှိဖေါ်ပြနေတဲ့ http://cacburma.blogspot.com မှာပဲ အမြဲ ဖေါ်ပြသွားမှာဖြစ်သလို JAC ရဲ့ သတင်းပေးပို့ချက်တွေကိုလည်း cacburma@gmail.com နဲ့ cacburma1@ gmail.com တို့ကသာ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့် ...
1.Aung Khine
2.Htet Aung
3.Nai Oausai
4.Saw Moshew
5.Aung Kyaw Naing
Leading Group
Joint Action Committee
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ Love God Church တွင် ခရစ်ယာန် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာများ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အထူး ဆုတောင်းပွဲတခုကို ယနေ့ညနေ ၆နာရီ ၃၀ က ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များ ၊တိုင်းရင်သား လူမျိုးစု အဖွဲ့များ၊ စိတ်ပါ ဝင်စားသူ မြန်မာရွှေ့ပြောင်းနေထိုင်သူများ တက်ရောက်ကြပါသည်။
အခမ်းအနား၏ အစီအစဉ်ကြီးကြပ်သူ အဖြစ် JAC ၏ ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ခရစ်ယာန်ဘာသာဝင် စောမွန်ရှီးမှ ဆောင်ရွက်ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များထဲမှ NCGUB ဝန်ကြီး အဖွဲ့ဝင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၊ FDB မှ ဒေါက်တာနိုင်အောင်တို့မှ ဆုတောင်းဆန္ဒပြု စကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် ဆုတောင်းမှု အစီအစဉ်ကို စတင်ရာတွင် Love God Church မှ ဆရာမ ဒေါ်မိမိခိုင်မှ ခရစ်ယာန် ထုံးစံ ဆုတောင်းမှုပြုလုပ်ခဲ့ပြီး၊ မြန်မာဗုဒ္ဓဘာသာ ထုံးစံ မေတ္တာသုတ် ရွတ်ဖတ်ခြင်း နှင့် မေတ္တာပို့သခြင်းကို ဆရာတော် ဦးဥာဏသီဟမှ ဆောင်ရွက်ခဲ့ပါသည်။ JAC ၏ ဦးဆောင် ကော်မတီဝင် တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ခိုင်မှ JAC ၏ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ချက်ကို ဖတ်ကြားခဲ့ပါသည်။
နိဂုံးချုပ် အနေဖြင့် အခမ်းအနားတက်ရောက်လာသူ ခရစ်ယာန် ဘာသာဝင် ဒေါက်တာ ဘသိန်းဝင်းမှ နိဂုံးချုပ် ဆုတောင်းစကားကို ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ထူးခြားချက်တခုအနေဖြင့် ထိုဆုတောင်းပွဲ၏ ခရစ်ယာန်ဘာသာ ထုံးစံ ဖယောင်းတိုင်များ ထွန်းညှိ ဆုတောင်း နေစဉ်တွင် အနီးအနားရှိ ရွှေ့ပြောင်း အလုပ်သမားများ အချို့က ကိုယ်တိုင် ဖယာင်းတိုင်များ ထွန်းညှိ ပါဝင်ခဲ့ကြသလို အချို့ကလည်း မိမိတို့ အိမ်ရှေ့ ဝရံတာများတွင် ဖယောင်းတိုင်များကို စီတန်းထွန်းညှိ ထားကြခြင်းကို ထူးခြားစွာ တွေ့မြင်ခဲ့ရပါသည်။
မေလ (၂၇) ရက်နေ့သည် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) နှစ် မြောက်နေ့ဖြစ်၏။ ထိုစဉ်က ရွေးကောက်ပွဲ ဦးစီးကျင်းပပေးခဲ့သည့် အာဏာသိမ်းစစ်အုပ်စုသာ စစ်သားများပီပီ ရိုးသားဖြောင့်မတ်တည်ကြည်ပြီး ပေးထားသည့် ကတိက၀တ်အတိုင်း ဆောင်ရွက်ပေးခဲ့ မည်ဆိုလျှင် ရွေးကောက်ပွဲ အနိုင်ရသည့် (၁၉) နှစ်မြောက် အချိန်အခါသည် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဒီမိုကရေစီစနစ်၏ အသီးအပွင့် ကောင်းများကို ဆွတ်ယူစားသုံးခွင့်ရရှိသည့် မင်္ဂလာအခါသမယ ဖြစ်နေလောက်ပြီဟု မှန်းဆကြည့်မိပေသည်။
သို့သော် အာဏာသိမ်း န၀တစစ်အုပ်စုဝင်များက သူတို့၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် ကိုယ်တိုင် တိုင်းသိပြည်သိ၊ ကမ္ဘာသိပေးထားသည့် “ရွေးကောက်ပွဲပြီးလျှင် အနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျားပြန်မည်” ဟူသော ကတိက၀တ်ကို ဖောက်ဖျက်ကာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ရာထူးမှ ဖယ်ရှားခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နည်းမျိုးစုံဖြင့် ဖြိုခွဲပြီး ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ မြို့တိုင်း၊ နယ်တိုင်းရှိ အန်အယ်လ်ဒီပါတီရုံးများကို စည်းရုံးလှုပ်ရှားခွင့် မပေးတော့ဘဲ အတင်းအဓမ္မ ပိတ်ပစ်ခဲ့ သည်။
ထို့နောက် အာဏာသိမ်းစစ်အုပ်စု၏ အမည်ကို ‘န၀တ’မှ ‘နအဖ’ သို့ ပြောင်းလဲပြီး လက်နက်အားကိုးဖြင့် တိုင်းပြည်ကို ဆက်လက်ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ် များမပါဝင်ဘဲ နအဖစစ်အုပ်စုမှ စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် အမျိုးသားညီလာခံကို အချိန်ဆွဲ ကျင်းပခဲ့သည်။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုက်ရိုက် အမိန့်ပေး စေခိုင်းမှုဖြင့် ဒီပဲယင်းအရေးအခင်းကို ဖန်တီးပြီး နယ်များသို့ လှည့်လည်စည်းရုံးရေးဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို လုပ်ကြံရန် ကြိုးစားခဲ့သည်။
ကံကောင်းထောက်မ၍ သေကံမရောက် အသက်မပျောက်ခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့အား နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ရန်မှ ကာကွယ်ရန်ဟူသော ဥပဒေပုဒ်မဖြင့် နေအိမ်အကျယ်ချုပ် ချထားခဲ့သည်မှာ ယခုထိတိုင်ဖြစ်၏။ လောင်စာဆီဈေးနှုန် မြင့်တက်မှု ပြဿနာမှစတင်ကာ ဖြစ်ပေါ်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာရွှေဝါရောင်သံဃာ့ တော်လှန်ရေးတွင်လည်း သံဃာများ၊ ကျောင်းသား ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့သည်။
ထို့အပြင် ၂၀၀၇ ခုနှစ် မေလ (၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြန်ဝကျွန်း ပေါ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ ပြည်သူများ ဒုက္ခအကြီးအကျယ် ကျရောက်နေချိန်တွင် မုန်တိုင်းဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကို လျစ်လျူရှု မျက်ကွယ်ပြုပြီး လူထုကို ကိုယ်စားမပြုသည့် ၂၀၀၈ ခုနှစ် ညောင်နှစ်ပင်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိမ်လည်အတည်ပြုခဲ့သည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာ လူမျိုးစုဒေသများတွင်လည်း နအဖစစ်တပ်မှ ဒေသခံတိုင်းရင်းသားများအား အဓမ္မပြုကျင့်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်၏။
နအဖစစ်အုပ်စုအနေဖြင့် အာဏာသိမ်းအုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း ထိုသို့ လူမဆန်သည့် ရာဇ၀တ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်ခဲ့ရုံမက ၂၀၀၉ ခုနှစ် မေလ (၁၄) ရက်နေ့တွင် နေအိမ်အတွင်း အမေရိကန်လူမျိုးတဦးကို လက်ခံတွေ့ဆုံသည်ဟူသော မတရားစွပ်စွဲမှုဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်ကာ ရုံးတင်စစ်ဆေးနေ၏။ နေအိမ်အကျယ်ချုပ် လွတ်ရက်စေ့သည့်တိုင် လူထုခေါင်းဆောင်ကို ထပ်မံထောင်သွင်းအကျဉ်းချရန် အကောက်ကြံနေ၏။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး အမှုစီရင်သည့်အပေါ် မြန်မာပြည်သူများ အထူးစိတ်ဆိုးဒေါသ ထွက်ကြသကဲ့သို့ ကုလသမဂ္ဂ၊ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြ၏။ သို့သော် နအဖစစ်ခေါင်းများက ပြည်တွင်းပြည်ပဖိအားပေါင်းစုံကို ဂရုမစိုက် အလေးမထားဘဲ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ရုံးတင် စစ်ဆေးနေ၏။
ဤအတောအတွင်း အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားစွဲချက်တင် စီရင်နေသည့် နအဖစစ်အုပ်စုကို နိုင်ငံတကာစစ်ခုံရုံးသို့ ပို့ဆောင်ရန် တောင်းဆိုသကဲ့သို့ ဗြိတိန်ပါလီမန်အမတ်များက လည်း စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးသို့ တင်သင့်ကြောင်း ထောက်ခံပြောဆိုလာ၏။ မြန်မာနိုင်ငံရှေ့နေ များကောင်စီမှလည်း စစ်အုပ်စုအား နိုင်ငံတကာရာဇ၀တ် ခုံရုံးတွင် တရားစွဲဆိုနိုင်ရန် စနစ်တကျ ပြင်ဆင်လေ့လာမှုများ ပြုလုပ်နေကြောင်း ကြားသိရ၏။ အနှစ်နှစ်ဆယ်အတွင်း နအဖစစ်အုပ်စု ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများ(War Crimes)၊ လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုကျူးလွန်ထားသည်များ (Crimes against Humanity) ကို အတိုက်အခံ အင်အားစုများက စနစ်တကျ လေ့လာဖော်ထုတ်၍ နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တင်မည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသည်ဟု ယူဆမိပေသည်။
နအဖစစ်ခေါင်းဆောင်များအနေဖြင့် ထိုသို့ နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေး အပြစ်ပေးခံရသည့် အခြေအနေဆိုး နှင့် မကြုံတွေ့လိုလျှင်သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသည့် မြန်မာပြည်သူလူထုကြီး ၏ အုံကြွပေါက်ကွဲမှုနှင့် မရင်ဆိုင်လိုလျှင်သော်လည်းကောင်း၊ အမိမြန်မာပြည်ကို ငရဲတွင်းထဲမှ ဆွဲထုတ်လိုလျှင်သော် လည်းကောင်း၊ ရုံးတင်စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မတရားဖမ်းဆီး အကျဉ်းချထားသည့် နိုင်ငံရေးသမားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံအင်အားစုများနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ခေတ်ပြိုင်က တိုက်တွန်းရေးသားလိုက်ရပေ၏။
၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရန် လက်မှတ် ရေးထိုးပေးကြပါ
Stop 2010 bogus and fraudulent election designed by the military
Eligible signatories:
People of Burma.
World communality who valued Democracy and Human's right.
Click Here To Sign လက်မှတ်ရေးထိုးရန် ဤနေရာတွင်နှိပ်ပါ