Saturday, February 28, 2009

ONLINE PETITION FOR POLITICAL PRISONERS OF BURMA

Your browser may not support display of this image.

trsdK;om;'Drdkua&pDtzGJ@csKyf(vGwfajrmufe,fajr)tar&dum;XmecGJ

NATIONAL LEAGUE FOR DEMOCRACY (LIBERATED AREA) USA BRANCH


Mr. Ban Ki-Moon

Secretary-General, United Nations

Subject: Release of Daw Aung San Suu Kyi & all Political Prisoners in Burma/Myanmar


You’re Excellencies,

We are writing to you today to urge you to call Burmese Regime for the unconditional release of Burma's political prisoners your top priority.

Burma's most well known political prisoner, democracy leader and Nobel Laureate, Aung San Suu Kyi, has now spent over 13 years (for 13 of the past 19 years) under house arrest without being committed any crime. She earned the respect and support of people across Burma and throughout the world for her peaceful resistance in the face of oppression.

Aung San Suu Kyi is just one of 2,137 political prisoners under arrest in Burma today. These prisoners have committed no crime; they are imprisoned for peacefully calling for democracy and human rights in Burma. There can be no political progress in Burma even though Aung San Suu Kyi and 2,137 other political prisoners are not free.

In 2007, following the brutal suppression of peaceful Saffron Monks protests in Burma, your own special adviser Ibrahim Gambari was given assurances that arrests of political activists would end. Despite this there are now almost double the numbers of political prisoners that there were before the uprising. Torture and mistreatment are endemic in Burma's jails, where many inmates are kept in their cells 24 hours a day, given inadequate food, and the International Committee of the Red Cross is denied access. We are deeply concerned that political prisoners are increasingly being denied access to medical treatment.

The Regime has claimed repeatedly that there are no political prisoners in Burma and that courts convicted all those arrested and imprisoned for criminal acts. Even so, the Burmese Military Regime at times purports to bow the international community's demands in order to avoid international pressure. The Regime claims that it has released tens of thousands of prisoners from various prisons as a special gesture to the United Nations. In reality, only a small number of political prisoners were included among those released.

The military junta even cynically released 9,002 criminal prisoners on 23 September 2008 – but only ten political prisoners were included. Most recently, the military junta even disdainfully released 6,313 criminal prisoners on 21 February 2009 - but only 23 political prisoners were included. Among the fewer than 20 political prisoners so far released is Dr. Zaw Myint Maung, who was elected to parliament in the annulled 1990 elections but was given a 20-year sentence in 1991. A number of monks were also given their freedom after being imprisoned in 2003 by having rejected a donation for their monasteries from General Khin Nyunt, who was Burma's prime minister until he was arrested in 2004.

While the regime released only a small number of political prisoners, a large number of democracy activists have been arrested and imprisoned. Therefore, despite repeated requests from the international community, the number of political prisoners in Burma has steadily increased in the last six years, from about 1,300, over 2,123 in September 2008 and in February 2009 to over 2,130.

The immediate and unconditional release of all political prisoners in Burma/Myanmar is an important benchmark for positive development and is necessary for a genuine national reconciliation process. Dramatic increases in the number of political prisoners show the junta's defiance of the United Nations and the international community, as well as its own people. This is a clear indication that the military junta continues forcing entire population and country to live under permanent military dictatorship.

Dr Gambari returned from his visit to Burma in January 2009 having failed to secure the release of any political prisoners. Higher level engagement is urgently needed to secure the release of all the political prisoners.

Thank you and we look forward to hearing from you.

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးလိုသူများ အောက်ပါလင့်တွင် သွားရောက်လက်မှတ်ရေးထိုး နိုင်ပါသည်။

If you want to sign for the political prisoners of Burma you can read & sign at (http://petitionspot.com/petitions/assk)

Regards,

နာဂစ်အပြီး မြစ်ဝကျွန်းပေါ်ကအသံများ

After the storm voices from the Delta

ExecSum After the Storm Final 23Feb09

စစ်အစိုးရအား နိုင်ငံတကာ ခုံရုံးတင်နိုင်ရန် နာဂစ်မုန်တိုင်း အစီအရင်ခံစာ ထုတ်ပြန်





နာဂစ်ဆိုင်ကလုန်းဒဏ်ခံရတဲ့ မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်တွေ အပေါ် မြန်မာစစ်အစိုးရ ပြုမူခဲ့ခြင်းနဲ့ ပတ်က်ပြီး လူသားချင်း စာနာထောက်ထားထောက်မှု ကင်းမဲ့ခြင်း လုပ်ရပ်တွေကို စာတမ်းပြုစုပြီး ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ထုတ်ပြန် ခဲ့ပါတယ်။

နာဂစ်အပြီး မြစ်ဝကျွန်းပေါ်ကအသံများဟု အမည်ပေးထားသော (After the storm: Voices from the Delta) စာမျက်နှာ ရ၈ မျက်နှာစာတမ်းကို ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာနနှင့် ထိုင်းမြန်မာ နယ်စပ် အခြေစိုက် အရေးပေါ် ကူညီပေးရေး အဖွဲ့ (မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် သဘာဝဘေးအန္တရယ်ကို ပြည်သူများသိအောင် အသိမပေးခဲ့ခြင်း။ ပြည်တွင်း၊ပြည်ပမှ အလှူရှင်များ ပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်တို့ အလွဲ သုံးစားလုပ်ခြင်း။ လယ်ယာမြေများအား သိမ်းယူခြင်းများနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ အပါအ၀င် ပြည် တွင်းမှာ ကယ်ဆယ်ရေးလုပ်နေကြသော စေတနာ့ဝန်ထမ်းများအား မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းများကို သက်သေ ထွက်ဆိုချက် အမြောက်အများတို့ဖြင့် ရေးသား ဖေါ်ပြထားသည်။

ထိုင်းမြန်မာနယ်စပ်အခြေစိုက် အရေးပေါ်ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ)မှ ဥက္ကဌ ဆရာမဒေါက်တာစင်သီယာ မောင်က “နာဂစ်ကြောင့်ရယ်လို့ သီးခြားရောဂါ တစ်မျိုးမျိုးနဲ့ နယ်စပ်ကို ရောက်လာတာမရှိပေမယ့် အထူးသဖြင့် ကလေးတွေရဲ့  စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိပ်လန့်မှုတွေ၊ အထူးသဖြင့် မိဘတွေမရှိတော့တဲ့ ကလေးတွေရဲ့  ကျမ္မာ ရေး၊ ပညာရေး၊ အနာဂတ်အရေးတွေဟာ အထူးစိုးရိမ်ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ထူထောင် ရေးဟာလည်း ခုထိ နာလန်မထူနိုင်သေးတော့ အတော့်ကိုစိုးရိမ်စရာကောင်းပါတယ်။ ပြီးတော့ စေတနာ့ ၀န်ထမ်းတွေ မတရားသဖြင့် ဖမ်းဆီးထောင်ချ လိုက်တာတွေဟာ အလွန်ရက်စက်တဲ့ အပြုအမူတွေပါ။ ကျမတို့ အခု ထုတ်ပြန်တဲ့ စာတမ်းဟာ နာဂစ်ဒုက္ခသယ်တွေကို တိုက်ရိုက်မေးမြန်းပြီး တိကျတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ထုတ်ဝေတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဂျာမနီနိုင်ငံမှ ခေတ္တကြွရောက်လာသော ငြိမ်းချမ်းရေးလမ်းလျှောက် ကိုယ် တော် အရှင်သောပါက ကနိုင်ငံခြားသတင်းထောက်များ၏ အမေးကို ဖြေကြားတော်မူရာတွင် ”ဦးဇင်းနှစ်ချက် ထောက်ပြချင်ပါတယ်။ ပထမအချက်က အာဆီယံက မှားယွင်းနေတဲ့အချက်၊ ပြည်တွင်းရေးကို ၀င်ရောက် မ စွက်ဖက်ရဆိုတဲ့ မူဟာ မှားယွင်းတဲ့မူဖြစ်တယ်။ ဥပမာ မိဘတွေက ကိုယ့်သားသမီး တွေကို သတ်ချင်သလို သတ်မယ် ဆိုလို့ရှိရင်၊ အစိုးရတရပ်က ကိုယ့်ပြည်သူတွေကို သတ်ချင်သလို သတ်နေမယ်ဆိုလို့ရှိရင် ပြည်တွင်း ရေး မဟုတ်တော့ဘူး။ လူသားများအားလုံး အေ၇းဖြစ်လာပြီ။ Human affairs ဖြစ်လာပြီ။ နာဂစ်ဒေသ ဒုက္ခသယ် တွေအရေးကို လူသားအားလုံး ၀ိုင်းဝန်းလုပ်ကြဖို့။ နောက်တစ်ချက်က ကုလ၊ အာဆီယံနဲ့ မြန်မာပေါင်းထားတဲ့ အဖွဲ့ကပေါင်းပြီး အောင်မြင်တယ်လို့ ရေးတဲ့ ထုတ်ပြန်ကြေညာချက်ပေါ့၊ ဦဇင်းတို့ မြန်မာတွေဟာနအဖ ပြောတာ တွေကို အမြဲတန်း ပြောင်းပြန်နားလည်းရတယ်။ Upside down လို့ပြောပြတယ်။ သူတို့က အောင်မြင်တယ် ဆိုရင်၊ မအောင်မြင်ဘူးပေါ့”ဟု မိန့်တော်မူသည်။

ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်ဘေယာက “မြန်မာ အာဏာ ပိုင်တွေဟာ ဒုက္ခသယ်တွေအတွက် ဘာမှအဆင်သင့်မဖြစ်လာသေးပဲ အတင်းအဓမ္ထ နေရာရွှေ့ ပြောင်းတာ၊ မောင်းထုတ်တာတွေဟာ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တယ်။ ပိုဆိုးတဲ့ အချက် တစ်ခုက နာဂစ်ဒုက္ခသည်တွေကို လုပ်အားပေး စေခိုင်းတာပဲဖြစ်တယ်”ဟုပြောသည်။

အရေးပေါ် ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ) အဖွဲ့မှ ဦးမန်မန်းက “နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ဒေသက လူ(၉၀) အပါ အ၀င် စေတနာ့ ၀န်ထမ်းတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်’’ ပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသကို ၂၀၀၈ ခုနှစ်မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀ ခန့် သေကြေခဲ့ရပြီး လူလေးသန်း ၀န်းကျင်ခန့် အတိဒုက္ခ ရောက်ခဲ့ကြရကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

Wednesday, February 25, 2009

Media Statement – for immediate release


24 February 2009

Very few political prisoners released from Burma’s prisons on Friday, Burma’s ruling State Peace and Development Council (SPDC) announced that they would release 6,313 prisoners from 21 February 2009. The Assistance Association for Political Prisoners (Burma) can today confirm that so far only 24 political prisoners have been released.

Those released included National League for Democracy (NLD) Member of Parliament Dr Zaw Myint Maung, who spent almost 19 years in prison. Khin Khin Leah, who has been in prison since 1999, was also released.

When the authorities were unable to locate and arrest her husband Kyaw Wanna for his role in planning a peaceful demonstration, they instead arrested his wife and daughter. Although her daughter was later released, Khin Khin Leah was sentenced to life imprisonment. Daw Ponena Mee, the oldest nun in prison at the age of almost 80, was amongst those released. Others included U Thet Wai, who was sentenced to 2 years imprisonment for making a complaint to the International Labour Organisation (ILO) about labour rights violations, and U Tin Htay and U Than Htay, who were arrested for distributing DVDs of the lavish wedding of Senior General Than Shwe’s daughter. And 9 monks, who have been detained since 2003, were also released.
Tate Naing, Secretary of the Assistance Association for Political Prisoners (Burma), said, “We cannot expect the political situation in Burma to improve just because a few political prisoners were released.

This is just a ploy to try and ease international pressure. Actually Daw Aung San Suu Kyi, U Tin Oo, ethnic nationality leaders, 88 Generation leaders and all other political prisoners must be released in order to make progress towards democracy and national reconciliation. We urge the international community to pressurise the SPDC more effectively for their release.”
-ENDS-

Notes to editors:

The released are:

Myintkyina prison

1. Dr. Zaw Myint Maung, Member of Parliament from the National
League for Democracy party. He has been in jail since 1991.
2. U Pe Sein, Township organizer, Mohnyin, Kachin State
3. U Naw Naw

Insein prison

4. U Kaythara (a) U Kyaw Min Thet
5. U Ingura (a) U Aye Tun Thar
6. U Thireina (a) U Kyaw Moe
7. U Marlaina (a) U Min Zaw Aung
8. U Ardatesa (a) U Aung Ko
9. U Takekanateya (a) U Maung Zaw
10. U Damitika (a) U Tun Tun
11. U Tun Zaw Htay (a) Tun Tun
12. U Khaing Ba Myint
13. U Soe
14. U Nandathiri (a) U Htay Ye Tun
15. U Sandima (a) U Zaw Min Htet
16. Ma Hmwe (a) Ma Kyin Haw
17. Ma Khin Khin Leah
18. U Tin Hlaing
19. U Thet Wai
20. Ma Htay
21. Ponena Mee

Kale Prison

22. U Tin Htay
23. U Than Htay

Four Mile Labour Camp, Taungoo

24. Zaw Naing Htwe aka Ket Net

The Photos infront of Insein Prision








Saturday, February 21, 2009

အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ညနေတွင် စတင်လွှတ် နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ

infornt of Insein prison

အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် သတင်းစာများတွင် လူသားချင်း စာနာ ထောက်ထားမှု အပါအ၀င် အကျဉ်းသားများ၏ မိသားစုများကို ငဲ့ညှာသည့် အနေနှင့်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် အတွင်းကျင်းပမည့် တရားမျှတသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့်အတူ၊ နိုင်ငံတော်အကျိုး ကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက် လည်းကောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံသား အကျဉ်း သား အကျဉ်းသူ ၆၃၁၃ ဦးတို့အား ပြစ်ဒဏ်ကျခံနေရ ခြင်းမှ ရပ်စဲ၍ လွမ်းငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။

ယနေ့ ပြန်လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ ပါဝင်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။

“အခုလေးတင်ပဲ သူအပါအ၀င် ကားပေါ်မှာ ၁၁ ဦးလို့ ကားပေါ်ကနေ ဦးသက်ဝေ လှမ်းအော်ပြောသွားတယ်”ဟု အင်းစိန် ထောင်ဝန်ထမ်းတဦးက ပြောသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“ဦးသက်ဝေနဲ့ အမှုတတွဲတည်းက လူတွေအားလုံးလွတ် တယ်လို့ကြားတယ်၊ ဒီနေ့ အင်းစိန်ထောင်က လူ ၄၀ ၀န်းကျင်လောက် ထွက်တယ်”ဟု ပြောသည်။

ဦးသက်ဝေကို ၂၀၀၈ ခု စက်တင်ဘာလအတွင်းက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနှင့် ရန်ကုန်တိုင်း ပန်းပဲတန်း မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးသက်ဝေ အသက်(၅၄)နှစ်သည် လောင်စာဆီဈေးနှုန်းကျဆင်းရေး တကိုယ်တော်ဆန္ဒပြသောကြောင့် နိုင်ငံရေး မှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတားတရားရုံးတွင်ရုံးထုတ်ရာသို့ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၉ ရက် နေ့ က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်းဆည်းထားသည့် ကွန်ပျူ တာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ အရေး ယူခံခဲ့ရခြင်းဖြစ်သည်။

ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်း သန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေးအခင်း မှာ တကြိမ် ၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အာဏာပိုင်များ၏ အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရ သူဖြစ်သည်။

မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အန်အယ်လ်ဒီ မန္တလေးတိုင်း အမရပူရ မြို့နယ် အမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အန်အယ်လ်ဒီ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဖေသိန်းတို့ ပြန်လွတ် သည်ဟု သတင်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အချို့ လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။

လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။

အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)

၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၎။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)

၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)

၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)

၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)

ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ညိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။မန္တလေး အိုးဘိုထောင် မှလွှတ်ပေးသောအကျဉ်းသား ၄၇ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂ဦး ပါဝင်ပြီး မြစ်ကြီးနားထောင်မှ လွှတ်ပေးသော အကျဉ်းသား ၃၁ဦးတွင် အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဦးဖေစိန်တို့ ပါဝင်သည်ဟု သိရပါသည်။

နောက်ဆက်တွဲ လွတ်မြောက်သူများ စာရင်းကို ဆက်လက်ထုတ်ပြန်ကြေငြာသွားပါမည်။

Monday, February 16, 2009

CAC(BURMA)၏ ထုတ်ပြန်ကြေငြာချက် ၀၄/၀၉



“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုအပေါ် သဘောထား ထုတ်ပြန်ကြေငြာချက်”


စာအမှတ်- စကလ/လစဖ/၀၄/၀၉

နေ့စွဲ - ၁၈-၂-၀၉


ကျွန်ုပ်တို့ ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီကို နအဖ ကျင်းပမည့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို အပြီးတိုင် ရိုက်ချိုးဖျက်ဆီး နှိုင်ရေးအတွက် ဖွဲ့စည်း လှုပ်ရှား ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။


ကျွန်ုပ်တို့ ကော်မတီအနေနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသား များအားလုံး ချွင်းချက်မရှိ မလွတ်မြောက်သေးသမျှ ကာလပတ်လုံး ယခုဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းကို ညှိနှိုင်း ဖြေရှင်းနှိုင်လိမ့်မည် မဟုတ်ဟု အလေးအနက် ယုံကြည်သည်။


ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှုပ်ရှားဆောင်ရွက်နေသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး လှုပ်ရှားမှုကို မိမိတို့အနေနှင့် အပြည့်အ၀ ထောက်ခံကြောင်း ဆန္ဒပြုပါသည်။


ကျွန်ုပ်တို့ ကော်မတီ အနေဖြင့် မိမိတို့ချမှတ်ထားသည့် မူအတိုင်း နအဖ စစ်အုပ်စုထံမှ မည်သည့် တောင်းဆိုမှုကိုမျှ ပြုလုပ်မည်မဟုတ်သဖြင့် ကျွန်ုပ်တို့အဖွဲ့ဝင်များသည် တိုင်းရင်းသား ပြည်သူလူထု အားလုံးနှင့် လက်တွဲ၍ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် အစွမ်းကုန် ဖိအားပေး လှုပ်ရှား တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ အပ်ပါသည်။


ပြည်သူလူထု အားလုံးမှလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုတွင် တခဲနက် ပူးပေါင်း ပါဝင်ကြပါရန် ထပ်ဆင့်၍ အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။


၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ


2009 Collective Action Committee (Burma)

Thursday, February 12, 2009

၆၂နှစ်မြောက် ပြည်ထောင်စုနေ့


စာအမှတ်- စကလ/လစဖ/၀၃/၀၉
နေ့စွဲ -၁၂-၂-၀၉

လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့သည် ကျွန်ုပ်တို့ မြန်မာပြည်၏ ၆၂နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ ဖြစ်ပေသည်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့က အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင် များသည် အမျှော်အမြင် ကြီးမားစွာဖြင့် တောင်တန်းနှင့် ပြည်မ ဒေသအားလုံး တပေါင်းတည်း လွတ်လပ်ရေးကို ရယူကြရန် စည်းလုံးညီညွတ်သည့် သဘောထားကို ပြခဲ့သော စာချုပ်လည်း ဖြစ်သည်။

ထိုအခြေခံပေါ်တွင်မူတည်၍ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံသည် တပေါင်းတစည်းတည်း အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတော်အဖြစ် ရောက်ရှိခဲ့ ပေသည်။သို့ရာတွင် မြန်မာတမျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရန်နှင့် တိုင်းရင်းသား များ စည်းလုံး ညီညွတ်မှု ရရှိရန် မနားမနေ ကြိုးစားခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် အမျိုးသား သစ္စာဖောက်များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပြီး လွတ်လပ်ရေး ရသည်ကိုပင် မြင်မသွား ခဲ့ရရှာပေ။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် အာဇာနည် ခေါင်းဆောင် (၈)ဦးတို့သည်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ ကြရ ပေသည်။

ယနေ့လွတ်လပ်ရေးရရှိပြီးသည်မှာ ၆၁ နှစ်ကြာရှိခဲ့သော်လည်း ကျွန်ုပ်တို့ တမျိုးသားလုံးမှာ လွတ်လပ်ခွင့် အရသာကို ခံစားနေရခြင်း မရှိသေးပေ။ လွတ်လပ်ရေး ရပြီးချိန်တွင်လည်း ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရပြီး ၊ လွတ်လပ်ရေး ရပြီးစက ပါလီမန်ဒီမိုကရေစီ စနစ်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့၌ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီမှ နိုင်ငံတော် အာဏာကို မတရား သိမ်းပိုက်၍ စစ်အာဏာရှင်စနစ် ထူထောင်ခဲ့သဖြင့် ချုပ်ငြိမ်းသွား ခဲ့ရပေသည်။

၁၉၈၈ခုနှစ်၌ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပြီး တပါတီစနစ်ကို ဖြိုချဖျက်ဆီး နှိုင်ခဲ့သော်လည်း ၁၉၈၈ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၌ စစ်တပ်မှ နောက်တကြိမ် စစ်အာဏာ သိမ်းပိုက်ခဲ့ပြန်သည်။ ၁၉၆၂ခုနှစ်မှစ၍ တပါတီအာဏာရှင်စနစ် န ဝ တ ၊ န အ ဖ စစ်အာဏာရှင်တို့သည် မြန်မာပြည်၏ အခြေအနေအရပ်ရပ်ကို ဖျက်ဆီးတိုက်စား ခဲ့ကြပေသည်။ ထိုစစ်အာဏာရှင်များသည် တိုင်းရင်သားလူမျိုးများ၏ ဘဝများကို အငြိုးကြီးစွာဖြင့် စနစ်တကျ ဖျက်ဆီး နေခဲ့ရာ တိုင်ရင်းသား လူမျိုးစုများ၏ ဘဝများသည် အလွန်ပင်စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ကျွန်ုပ်တို့သည် တိုင်းရင်းသားလူမျိုးစုများ၏ ဘဝအခြေအနေ များကို အထူးအလေးထားရမည်ဖြစ်သည်။ အမျိုးသားပြည်လည်စည်းလုံး ညီညွတ်ရေး ပြန်လည်ရရှိရန် မဖြစ်မနေကြိုးပမ်းသွားရမည် ဖြစ်ပေသည်။အမျိုးသား ပြန်လည်ညီညွတ်ရေးအတွက် ကြိုးပမ်းကြချိန်တွင် တိုင်းရင်းသား လူမျိုးစုများ၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီး နေပေသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ အင်အားများနှင့် အတူ စုစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုချဖျက်ဆီးပစ်ပြီး ဒီမိုကရေစီရေး ၊ တရားမျှတမှုရှိရေး၊ တန်းတူညီမျှရေး ဆိုသည့် အနှစ်သာရများကို အတူတကွခံစားခွင့်ရရှိစေရန် စည်းလုံး ညီညွတ်စွာဖြင့် အတူတကွ တိုက်ပွဲ ဝင်ကြပါရန် လူထု လူတန်းစား အားလုံးသို့ တိုက်တွန်း နှိုးဆော်အပ်ပါသည်။


၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ

2009 Collective Action committee(Burma)

Monday, February 9, 2009

A Letter to President Mr.Barack Obama

To:

Mr. Barack Obama

President of the United States of America


Dear Mr. President,


We watched your inauguration and were inspired by the words you spoke. We, the peoples of Burma, are an oppressed people and we long and yearn for freedom. We feel very deeply that those inspiring words of hope, determination and resolve that you uttered with such conviction will help us in our epic struggle. We know that, with you help, someday soon the very values you emphasized during you inauguration will be a reality for all our people.


Today our nation as a whole is suffering from the whims and pangs of a cruel, brazen and ruthless military regime. This regime does not respect the will of the people nor does it protect the citizens of the nation. In fact, they have repeatedly violated those principles you so emphatically espoused during your inauguration and they have relentlessly eroded the very core of human dignity. Their actions are a direct dismissal of those articles enshrined in the Universal Declaration of Human Rights. They continually reveal their obstinacy, arrogance and blatant disregard toward these principles, and toward freedom loving democratic nations. This is evident in their outright refusal to engage in meaningful dialogue with the democratic forces of the nation, who were excluded from the drafting of the constitution, and confirms their agenda to hold on to power. In this regard, this so-called referendum on the constitution, which they have exclusively designed, is bogus and is only intended to further entrench their power position. This was further revealed in their persistence with this bogus referendum in the midst of one of the worst humanitarian disasters the world has seen. This only confirms their inhumaneness, and their inhumanity toward their fellow country people.


This then is evidence of a regime whose policies are nothing more than self-preservation at the cost of a nation’s wellbeing. They can never be the de jure government as they do not represent the will of the people, nor are they willing to protect the people, which is the very core of responsibility that comes with authority as a government. How then can this brutal and brazen regime be tolerated by democratic nations? This is one of the crucial questions of our age, Mr. President. If we, should we, and must we defeat tyranny and restore democratic values, that which is for the people, by the people and of the people, then we must act with resolve and determination.


Although we know that you are faced with a Herculean task to cleanse the Augean stables, we entrust that you will guide the rivers of truth and integrity to wash away this quagmire that you have inherited. We hope inter alia you will cast your attention to the peoples of Burma who now face a critical year in their struggle to dislodge this fraudulent election that has been planned by the military junta to further enslave the nation.



We thank you for the hope you have given us and we are quietly confident that you will help us in this epic struggle. May God bless and guide you in all that you are about to face.



Yours gratefully,


The 2009 Collective Action Committee(BURMA)

on behalf of all the oppressed peoples of Burma

More information;

http://cacburma.blogspot.com

cacburm@gmail.com

+660897062329

+66 0800293350

Monday, February 2, 2009

ရွေးကောက်ပွဲ ဥပဒေကို စောင့်ကြည့်ရန် လိုအပ်ပါသလော

လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေကြသော သူအားလုံးနှင့် ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစု အားလုံး တို့သည် ရွေးကောက်ပွဲ ဥပဒေကို စောင့်ကြည့်ရန် လိုအပ် ပါသလော(သို့) စောင့်ကြည့်ရန်မလိုအပ်ပါ ဆိုသည့် အကြောင်း နှစ်ရပ်အပေါ် စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ ၂၀၀၉ CAC အနေဖြင့် စတင် ဖွဲ့စည်း ကတည်းကပင် ရွေးကောက်ပွဲကို လက်မခံ ခြေဖျက် သွားမည်ဟု အတိအလင်း ကြေငြာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲဥပဒေကိုစောင့်ကြည့်ရန် လုံးဝ မလိုအပ်ဟု ယုံကြည်သည်။

ဤသို့ ကျွန်ုပ်တို့ မယုံကြည်ရခြင်းမှာ ပြီးခဲ့သော စစ်အာဏာရှင်တို့ရဲ့ လုပ်ရပ်များက သက်သေခံ နေခဲ့ပါသည်။ ၎င်းတို့ရဲ့ တရားမမျှတမှု၊ စာနာမှုကင်းမဲ့ခြင်း လုပ်ရပ် အခြေအနေများကို သုံးသပ်ကြည့်လျှင် အောက်ပါ အချက်များကို ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။

(၁) ၈၈၈၈ ပြည်သူ့အရေးတော်ပုံကြီးကို ရက်စက်မှု ကမ်းကုန်စွာဖြင့် ဖြိုခွဲခဲ့ခြင်း။

(၂) ၁၉၈၈၊ စက်တင်ဘာ ၁၈ ရက်၌ ပြည်သူတရပ်လုံး၏ ဆန္ဒကိုဆန့်ကျင်ပြီး နိုင်ငံတော်အာဏာကို လက်နက် အားကိုးဖြင့် မတရား သိမ်းပိုက်ခဲ့ခြင်း။

(၃) အာဏာသိမ်းပိုက်ပြီးလျှင်ပြီးချင်း သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများကိုအစွမ်းကုန်ပြုလုပ်ခဲ့ခြင်း။ (ထိုဖမ်းဆီးမှု များထဲတွင် အချုပ်ကားထဲ၌ မွန်းကြပ်၍ သေဆုံးသူများ၊ ဒါဏ်ရာသာ ရရှိထားပြီး အသက်ရှင် နေသေးသူ များ ကိုပါ သဂြိုလ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသူများစွာ ပါဝင်သည်။)

(၄) ၎င်းတို့ ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး ထိုစဉ်ကဗိုလ်ချုပ်မှုးကြီးစောမောင်မှ “ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ စစ်တပ်က စစ်တမ်းလျားကို ပြန်ပါမယ်” လို့ပြောကြားခဲ့တဲ့ ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲ ရလာဒ်ကို ငြင်းပယ်ခဲ့ပြီး ၁/၉၀ ဥပဒေ ထုတ်ပြန်ခဲ့ခြင်း။

(၅) နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့ပြီး(လူထုရွေးကောက်ထားသော) NLD ပါတီရဲ့ လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ် ပိတ်ပင်ထားခဲ့ခြင်း။

(၆) ၅/၉၆ ဥပဒေကိုထုတ်ပြန်ပြီး ၎င်းတို့ကိုဆန့်ကျင်သူ ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် ဖိနှိပ်ရန် အနှိမ့်ဆုံး ထောင်ဒါဏ်အဖြစ်(၇ နှစ်) ချမှတ်ခဲ့ခြင်း။ (၁၉၉၆ကျောင်းသားလှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နှင်းခဲ့ပြီး ကြမ်းခင်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ ပါသည်။)

(၇) ၁၉၉၈ ခုနှစ်၌ ပေါ်ပေါက်လာသော CRPP(ပြည်သူ့လွှတ်တော်ကိုယ်စားပြုကောင်စီ) ၀င်များ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသား ခေါင်းဆောင်များအပေါ် နှစ်ရှည် ထောင်ဒါဏ်များ ချမှတ်ခဲ့ခြင်း။

(၈) ၂၀၀၃ ခုနှစ်၏ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမြို့နယ်(မန္တလေးတိုင်း)တွင် လုပ်ကြံသတ်ဖြတ်မှုကြီးကို နအဖ ထိပ်တန်း ခေါင်းဆောင်များမှ ကြီးကြပ်၍ စနစ်တကျ ကြိုးပမ်းခဲ့ခြင်း။

(၉) ၂၀၀၇ ခုနှစ်မေလထဲ၌ ၎င်းတို့တဖက်သက်ရေးဆွဲထားသော အခြေခံဥပဒေကိုအတည်ပြုရန် မဲပေးပွဲကို နာဂစ်မုန်တိုင်းမေ ၂ ရက် တိုက်ခိုက်မှုကြောင့် အဓိက ဧရာဝတီတိုင်း အပါအ၀င် တခြားဒေသများ၌ အလုံးစုံ ပျက်စီးမှုများ လူပေါင်းသိန်းချီ သေဆုံးသူများရဲ့ ပူဆွေးဝမ်းနည်းမှုများကို စာနာမှုကင်းမဲ့စွာ သေဆုံးသူများရဲ့ ၇ ရက်ပြည့် ရက်လည်အပြီးတွင် ပြုလုပ်ခဲ့ပြီး အရှက်တရားကင်းမဲ့စွာ မဲလိမ်ပြီး အောင်မြင်ကြောင်း ထုတ်ပြန်ခဲ့ခြင်း။

(၁၀)မုန်တိုင်းဒါဏ်သင့်သူများကို ပေးအပ်လာမည့် နိုင်ငံတကာအကူအညီများကို ငြင်းပယ်ခြင်း ထိုသို့ ငြင်းပယ်မှုကြောင့် နောက်ထပ်ပြည်သူများ သောင်းနှင့် သိန်းနှင့်ချီ၍ သေဆုံးခဲ့ရပါသည်။ နိုင်ငံတကာ အကူအညီ များကို နအဖ နှင့်အပေါင်းအပါများက ကိုယ်ကျိုးအဖြစ် အမြတ်ထုတ် အသုံးပြုခဲ့ခြင်း။

(၁၁)၂၀၀၇ စက်တင်ဘာအတွင်းဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာမေတ္တာပို့ ဆုတောင်း ချီတက် လမ်းလျှောက်လာ ကြသော ရဟန်းသံဃာတော်များ၊ ပြည်သူများကို မိစ္ဆာလုပ်ရပ်များဖြင့် ရက်စက်စွာ ဖြိုခွဲခဲ့ခြင်း။

(၁၂)သြဂုတ်လနှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူများ၊ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေးကို ဆောင်ရွက်ခဲ့သူများဖြစ်သော အရှင်ဂမ္ဘီရ အပါအ၀င် ရဟန်းသံဃာတော်များ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ကြီးလေးသော ထောင်ဒါဏ်များ ချမှတ်ပြီး သွားလာရန် ခက်ခဲသည့် နေရာများသို့ အငြိုးကြီးစွာ ပို့ဆောင်ခဲ့ခြင်း။

(၁၃)မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားလုမျိုးစုများအပေါ် အဓမ္မ စစ်ပေါ်တာလုပ်အားပေး လုပ်ခိုင်းခြင်း၊ အပြစ်မဲ့ တိုင်းရင်းသား/သူများကို အဓမ္မပြုကျင့်ခြင်း၊ အဓမ္မရွှေ့ပြောင်းခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ စစ်ပွဲများဖြစ်ခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်သွားအောင်ပြုလုပ်ခြင်း စသော လူ့အခွင့်အရေး ချိုးဖောက်မှု များကို မရေတွက်နိုင်အောင် ပြုလုပ်ခဲ့ခြင်း။

(၁၄)လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း၌ လုပ်ကြံသတ်ဖြတ် ကြိုးပမ်းမှုအပြီး ၂၀၀၄ ခုနှစ်၌ ဗိုလ်ချုပ်ကြီးခင်ညွှန့်မှ ထုတ်ပြန်ခဲ့သောလမ်းညွှန်မြေပုံခုနှစ်ရပ်တွင် စစ်တပ်မှ ကျွန်ုပ်တို့မြန်မာနိုင်ငံတော်ကြီးကို စစ်ကျွန်ဖြစ်ထားရှိပြီုး ရာသက်ပန်အုပ်ချုပ် သွားမည်ဟု အတိအလင်းကြေငြာခဲ့ခြင်း သာဖြစ်၍ ပြည်သူလူထု အကျိုးကို ရှေးရှုသည့် အချက်အလက် တစုံတရာ မပါရှိခဲ့ခြင်း။

- စသည့် အခြေအနေများက ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများအနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို စောင့်ကြည့်ရန် မလိုအပ်ကြောင်း သက်သေပြုခဲ့ပြီးဖြစ်၍ ပြည်သူလူထုကို ရာသက်ပန် စစ်ကျွန်ပြုမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးပစ်ရန် အပြင်းအထန် ကြိုးစားကြ သင့်ကြောင်းနှင့် ထိုရွေးကောက်ပွဲကို အထောက်အပံ့ ပြုမည့် ရွေးကောက်ပွဲ ဥပဒေဆိုသည့် သူတို့စိတ်တိုင်းကျ ရေးဆွဲထားသည့် အလိမ်အညာ ဥပဒေကို စောင့်ကြည့်နေရန် မလိုဟု ကျွန်ုပ်တို့ ၂၀၀၉ CAC မှ အလေးအနက် ယုံကြည်ပေသည်။

အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး

၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ

ငါသာလျှင် ငါ့ကံ၏အရှင်သခင်

၁၉၈၈ တွင် ကျောင်းသားလူငယ်များဦးဆောင်၍ ဗမာ့လူထုအသိုင်း အ၀ိုင်းထဲက မှားယွင်းပျက်စီးမှုများကို ထုတ်ဖေါ် စည်းရုံးတိုက်ပွဲဝင်ခဲ့သည့် "ရှစ်လေးလုံးအရေးတော်ပုံ" ပေါ်ပေါက်လာခဲ့သည်။ ၎င်းအရေးတော်ပုံက ဗိုလ်နေ၀င်း ဦးဆောင်ခဲ့သည့် တိုင်းပြည်တွင်ရှိနေသော အာဏာရှင်စနစ်ကို တိုက်ထုတ်ပစ်ရန်နှင့် လူထုနှင့် တိုင်းပြည် အတွက် ကိုက်ညီသော လူထုအားအကာအကွယ်ပြုမည့် အနာဂတ်ကောင်း တခု ပေါ်ထွန်းရေး အတွက်ဖြစ်သည်။ တရား မျှတမှုသည် အခြေခံတောင်းဆိုမှုဖြစ်ပြီး လူတဦးစီ၏ကိုယ်ပိုင်အခွင့်အရေးဖြစ်သော လွတ်လပ်ခွင့်ကို စတင်တိုက်ပွဲ ၀င်ခဲ့ကြခြင်းလည်း ဖြစ်ပေသည်။

လူထု၏ဆန္ဒနှင့် မျှော်လင့်ချက်များအား တဆင့်ပြီးတဆင့်နှောက်ယှက် ဖျက်ဆီးရေးအတွက် တပ်မတော်မှာ အသုံးချခံ သက်သက်ဖြစ်နေခဲ့ပြီး ၁၉၈၈ ကစပြီး တပ်မတော်ပါဝင်ပတ်သက်လာခဲ့သည့် ကဏ္ဍများအရ တပ်မတော် သည်လည်း ပြည်သူလူထုယုံကြည်မှုနှင့် အကြည်ညိုကင်းမဲ့မှုကို ထိပ်တိုက် ရင်ဆိုင်လာ ရသည်ကို တွေ့ရသည်။ ထိုကာလများထဲတွင် လူထုထဲမှပေါက်ဖွားလာသည့် စစ်သည်တို့နှင့် စုဖွဲ့ထားသော တပ်မတော်၏ မှားယွင်းမှုများကို ထောက်ပြရန် လိုအပ်မည်ဟုယူဆသည်။ သို့မှသာလျှင် လက်ရှိတပ်မတော်တွင် ရှိနေကြသည့် တပ်မတော်သား များ(အရာရှိ စစ်သည်များ) အနေနှင့် ရှင်းလင်းစွာ သိမြင်နှိုင်မည်ဖြစ်သည်။

၁။ ၁၉၈၈ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တပါတီစနစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်ခဲ့သည့် ကိုယ့်နည်းကိုယ့်ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြုတ်ချရေးတိုက်ပွဲဝင်လူထုအား တပ်မတော်က ပစ်ခတ် သတ် ဖြတ်ပြီး လူထုလက်ထဲမှ အာဏာဝင်လုသွားသည့်ကိစ္စ။

(မျိုးဆက်သစ်လူငယ်တွေအပါအ၀င် လူထုအားလုံးက လူထုကိုအကာအကွယ်ပေးလိမ့်မည်ဟု ယုံကြည် မျှော်လင့်ထားခဲ့သည့် တပ်မတော်အနေနှင့် နိုင်ငံတ၀ှမ်း ပြည်သူလူထုကို ထောင်နှင့်ချီ၍ သတ်ဖြတ် နှိပ်ကွပ်မှုအပြီး လူထု၏ ရွံရှာမှုကိုခံရပေသည်။ မိတ်ဆွေသူငယ်ချင်းမှအစ၊ မိသားစုဝင်များအပါအ၀င် လူထုအား အကြမ်းဖက် အနိုင်ကျင့်ခဲ့သည့်လုပ်ရပ်အပေါ်တွင် ပဋိပက္ခများစွာ ဖြစ်လာသည်။ ထို့ကြောင့် န.၀.တ က ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲစည်းလုံးမည် အစရှိသည့် ဆောင်ပုဒ်များနှင့် စစ်တပ်ကို ပြည်သူလူထုထဲက ဆွဲထုတ်ပြီး အခွင့်ထူးခံ အတန်းအစားယောင်ယောင် ဘာယောင်ယောင် လုပ်ကြပြန်သည်။ အမှန်တကယ်မှာမူ တပ်မတော်ကို လူထုနှင့် သွေးခွဲလိုက်ခြင်းသာဖြစ်သည်။)

၂။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ လူထုကြည်ညိုချစ်ခင်သည့် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ၀င်ရောက် ယှဉ်ပြိုင်မှု မပြုနှိုင်စေရေး အတွက် အကျယ်ချုပ်ချထားခဲ့သည့်ကိစ္စ။


(မတရားမှုတွေလုပ်နေသည့် အတင်းလုယူထားသောဗိုလ်ချုပ်ဆိုသူတို့က တပ်မတော်၏ဖခင်ရင်း ဗိုလ်ချုပ် အောင်ဆန်း၏ သမီးငယ် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီးတဦးဖြစ်သော်လည်း အလွန်ကြောက်ကြ၏။ မတရားတဲ့အမိန့်အာဏာမှန်သမျှ ဖီဆန်ကြဟူသော သူမ၏ မှန်ကန်သည့်ရပ်တည်မှုနှင့် လူထု အားပေးမှု စကား များကို သူမပြောသလို တညီတည်း အစိုးရရုံးများ၊ စက်ရုံများအပါအ၀င် ယန္တရားအားလုံးရပ်သွားစေမည့် ၀ိုင်းဝန်း ဆန့်ကျင်မှုမျိုးဖြစ်မည်ကိုစိုးရိမ်ပြီး လူအုပ်နှင့်ဝိုင်းရိုက်သည့်နည်းအပါအ၀င် အမျိုးမျိုး နှောက်ယှက် ခဲ့ကြသည်။ ထိုဒီပဲရင်းအကြမ်းဖက်မှုနောက်ပိုင်း ယင်းကဲ့သို့ အဆင့်အတန်းမရှိသောသူများအား စုစည်းပေး၍ လူအုပ်နှင့် ၀ိုင်းရိုက်သည့်နည်းအား ကျင့်သုံးနေခြင်းမှာ ယခုတိုင်ပင်ဖြစ်သည်။ လူထု ယုံကြည်သော ခေါင်းဆောင်အား စစ်တပ်ကဒီလောက်ထိ အာဃာတထားနေရလားဟူ၍ လူထုက တပ်မတော်အပေါ် အော်ဂလီ ဆန်လာတော့သည်။)


၃။ ၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲတွင် လူထုဆန္ဒပြုတင်မြှောက်ထားကြသည့် လူထုခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တို့အား အနှောက်အယှက်အမျိုးမျိုးပေး၊ လိုက်လံဖမ်းဆီးထောင်ချသတ်ဖြတ်သည်အထိ အတင့်ရဲ လာကာ အထက်မှ တပ်မတော်ခေါင်းဆောင်များပေးထားခဲ့သည့် ကတိက၀တ်များအားချိုးဖောက်ပြီး တခါပြန်၍ အာဏာသိမ်းသည့်ကိစ္စ။


(၎င်းအဖြစ်အပျက်ကို ဗမာ့သမိုင်းတွင် အာဏာသိမ်းမှုတကြိမ်အဖြစ် ထည့်သွင်းသတ်မှတ်ရမည်ဖြစ်သည်။ ပုံမှန် အနေနှင့် ရွေးကောက်ပွဲပြီးသည်နှင့် အပြတ်အသတ်အနိုင်ရထားသည့်ပါတီအနေနှင့် ပြည်သူ့ လွှတ်တော် ခေါ်ရမည် သာဖြစ်သည်။ လူထုကရွေးချယ်ပေး လိုက်သော်လည်း လူထုဆီက နောက်တဖန်ပြန်၍ အာဏာ သိမ်းမှုပင် မဟုတ် ပါလော။)


၎။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာစီတမ်းလမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသော သံဃာတော် အရှင်သူမြတ်တို့အား စစ်တပ်နှင့် တွင်သာမက ရဲအပါအ၀င် ကြံ့ဖွတ်နှင့် ၎င်းတို့နှင့်ပါတ်သက်သည့် အပေါင်းအပါ စွမ်းအားရှင်တသိုက်တို့ ပစ်ခတ်ရိုက်နှက်၍ ဥပဒေမဲ့ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ကျူးလွန်ခဲ့သည့်ကိစ္စ။


(လမ်းဘေးက ခိုးဆိုးရိုက် လူတို့ကို နေ့စားပေးပြီး ခေါ်ရိုက်ခိုင်းသည့်အပြင် နောက်ပိုင်း အချို့ကို လူနေရပ်ကွက် များထဲတွင်ပါ နေရာချထားပေးသည့်အတွက် ယင်းခွေးဝဲစားများ၏ရမ်းကားမှုကြောင့် ပြည်သူတို့၏ နိစ္စဓူဝ စိတ်ထဲ တွင် စုစည်းအောင့်အဉ်းထားရသော မကြေလည်မှုများဖြစ်လာရသည်။ တိုင်းပြည်၏သမိုင်းတွင် ပထမ ဆုံးသော လူအများကိုယ်းကွယ်အားထားရာ သံဃာတော်တို့အား မိုက်ရိုင်းယုတ်မာစွာ သွေးမြေကျစေမှုပင်။)


၅။ အဆိုးဝါးဆုံးသဘာဝအန္တရာယ်ဖြစ်သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် သိန်းနှင့်ချီ၍သေကြေပျက်စီးကြကာ သန်း နှင့်ချီ ဒုက္ခရောက်ကြရသော ပြည်သူလူထုအပေါ် လူသားချင်းစာနာမှုကင်းမဲ့စွာ ပြည်တွင်း ပြည်ပ အကူအညီတို့ကို ပိတ်ဆို့တားဆီးခြင်းအပြင် ထိုလေဘေးဒုက္ခသည်တို့အတွက်ရရှိထားသည့် အလှူငွေနှင့် ပစ္စည်းများအား မတရား သဖြင့် ကိုယ်ကျိုးအတွက် သိမ်းယူသုံးစွဲူသည့်ကိစ္စ။


(အိမ်နီးချင်းနိုင်ငံများတွင် အဆက်အစပ်ရှိရှိစုစည်းပေးခဲ့သည့် နာဂစ်ကယ်ဆယ်ရေးပစ္စည်းများထဲမှ စစ်တပ် အရာရှိ များအား တိုက်ရိုက်မအပ်သည့်ပစ္စည်းများကို လနှင့်ချီ၍ အချိန်ဆွဲထားခြင်း။ ဥပမာ- ထိုင်းနိုင်ငံဘက်မှ ပို့ပေးလာ သည့် ပစ္စည်းတချို့မှာ တဘက်ကိုရောက်မှ ခွင့်ပြုချက်မကျသေးသည့်အတွက် ဂိုထောင်များငှားကာ လနှင့်ချီ၍ ထိမ်းသိမ်းထားခဲ့ရသည်။ အချို့ရိက္ခာများ ပျက်စီးဆုံးရှုံးမှုဖြစ်ကုန်ခြင်း၊ လက်တွေ့ ဖြစ်နှိုင်သည့်နည်းဖြင့် ၀ိုင်းဝန်း ကူညီကြသည့် ပုဂ္ဂိုလ်တချို့အား ထောင်ချခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ချိန်းခြောက်ခြင်းတို့ ပြုခဲ့ကြသဖြင့် တနိုင်ငံလုံးသာမက တကမ္ဘာလုံးကပါ ၀ိုင်းဝန်းရွံရှာခြင်းကို တပ်မတော်ခံနေရခြင်း။)


၆။ နာဂစ်မုန်တိုင်းဒဏ်မှနလံမထူခင် လူထုထောက်ခံမှုမပါဘဲ အတင်းအကြပ် လူထုဆန္ဒကောက်ခံမှုလုပ်ပြီး စစ်အာဏာရှင်တစု၏စိတ်ကြိုက် ရေးဆွဲထားသော စစ်အာဏာရှင် လက်ဝါးကြီးအုပ် အခြေခံဥပဒေကို အသက် သွင်းရန် ကြိုးစားရုံသာမက ၁၉၉၀ မေလက လူထုပေးထားခဲ့ပြီးသားမဲဆန္ဒကို မျက်ကွယ်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ အသစ် ထပ်လုပ်ရန်ကြိုးစားနေသည့်ကိစ္စ။ (လှို့ဝှက်မဲပေးမယ့်သူတို့အား အတင်းအဓမ္မဘေးမှ ကူညီ ပါရစေဟု ဆိုကာ မဲပုံးရှေ့ရောက်သည်အထိ လိုက်ကပ်နေကြသည့် ကြံ့ဖွတ်များ ထိုးထည့်ထားပေးသည့် လူထုဆန္ဒခံယူပွဲက မည်သို့မျှ တရားသဖြင့်မဖြစ်ကြောင်း မဲထည့်သည့်လူထုသာမက တကမ္ဘာလုံးအသိ ဖြစ်ခဲ့ သည်သာ။)


မိမိတို့မြန်မာ့အသိုင်းအ၀ိုင်းတခုလုံးကို စစ်အာဏာရူးလူတစုအနေနှင့် အနိုင်ကျင့်အုပ်ချုပ်မှုများ လုပ်ဆောင်လာ ခြင်းမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာ ကျဆင်းသည်သာမက တာဝန်ယူတာဝန်ခံမှုမရှိသည့် စနစ်ဖြစ်သဖြင့် ကမ္ဘာ့ အလည်တွင် ဗမာနိုင်ငံသားတို့ မျက်နှာငယ်ကြရတော့သည်။ ယင်းစနစ်အနေနှင့် စစ်ဗိုလ်ချုပ် ဆိုသူများ အပါအ၀င် မည်သူတဦးတယောက်၏ လုံခြုံမှုကိုမျှ ပေးအပ်နှိုင်ခြင်းမရှိသည်ကို သက်သေပြနေပေသည်။ နအဖ၀န်ကြီးချုပ် ဟောင်း ဗိုလ်ခင်ညွန့်၏အဖြစ်က သက်သေဖြစ်သည်။ ထိုစနစ်ကို မျက်စေ့မှိတ် ဆုတ်ကိုင် သွားနေသော အတွေး အခေါ်ကင်းမဲ့သည့် ဗိုလ်ချုပ်ဆိုသူများအပါအ၀င် အပေါင်းအပါများ၊ အုပ်ချုပ်ခံ ဗမာနိုင်ငံသား အားလုံးတို့အနေနှင့် အချိန်နှင့်အမျှ အန္တရာယ်ရှိနေသည့် လုံခြုံမှုကင်းမဲ့သည့် အနေအထား တွင်သာ ရုန်းကန်ရှင်သန်ရတော့မည် ဖြစ်သည်။

လက်ရှိအနေအထားက ဗမာပြည်သားတို့အား တသက်လုံး ခေတ်နောက်ပြန်ဆွဲ သက်ဦးဆံပိုင်စနစ်အောက်တွင် ကျွန်ခံမလား၊ ခံချမလားဆိုသည့် စိန်ခေါ်မှုတရပ်ကို သမိုင်းတွင် မည်သည့်အခါကမျှ ကတိမတည် ခဲ့ကြဘူးသေး သော နအဖမိစ္ဆာခေါင်းဆောင်တို့လုပ်မည့် (နောက်တခါလာပြန်ချည်သေးဟူသည့်) ၂၀၁၀ ရွေးကောက်ပွဲ ကြေငြာမှု က ပေးထားပေသည်။ ဤအချက်မှာ ပြည်သူလူထုအား စစ်အုပ်စုက တိုက်ပွဲခေါ်သံ ပေးထားခြင်းဖြစ်သည်ကို နားလည်သင့်သည်။ မိမိတို့အားလုံး၏ အဆိုးအကောင်းကံကြမ္မာမှာ တနှစ်သာ ရှိတော့သည်ကို ပြဆိုထားသည်။ ထိုစစ်ခေါင်းဆောင်တို့အနေနှင့် ယခင်အတိုင်း အမျှော်အမြင်မရှိ၊ အပေးအယူမရှိ၊ အာဃာတတရားကို ဆုတ်ကိုင်၍ ဆက်လက်ချီတက်ကြပေဦးမည်။ ထိုအခါ ဖိနှိပ်မှုများကို မခံနှိုင်တော့သော သေမထူးနေမထူးအခြေအနေရှိ အခြေခံလူထုလူတန်းစားတို့က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော ရရင်ရမရရင်ချ ဆိုသည့်အတိုင်း စိမ်ခေါ်ကြ ပေဦးမည်။ တိုင်းပြည်တွင် သွေးမြေကျရပေဦးမည်။

လက်ရှိအကျဉ်းအကြပ်တွင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးမည့် တပ်မတော်အရာရှိ အရာခံတပ်သားတို့မှ ၂၀၁၀ မတိုင်မီ တိုင်းပြည်နှင့် ပြည်သူလူထုအနာဂတ်အတွက် အမှန်တရားဘက်မှ မားမားမတ်မတ်ရပ်တည်၍ အမြန်ဆုံး အခြေအနေကို ပြောင်းလည်းပစ်ရန် နောက်ဆုံး အကြိမ်အဖြစ် ဗမာပြည်သားတဦးအနေနှင့် မျှော်လင့်မိပါသည်။ တောင်းလည်း တောင်းဆိုအပ်ပါသည်။ လူထုအုံကြွမှု ထပ်မံပေါ်ပေါက်လာပါကလည်း လူထုနှင့်အတူ အကာအကွယ်ပေးနှိုင်မည့် မိမိလက်နက်နှင့်မိမိ တပါတည်း တပ်ဖွဲ့လိုက် ပူးပေါင်းကြစေချင်ပါသည်။ သို့မဟုတ်ပါက ကာလ၀ိဘက် နောက်ပိုး တက် ဟူသည့်စကားအတိုင်း မဆုံးနှိုင်သည့် သံသရာလည်ပေတော့မည်။ လူထုမထောက်ခံသည့် အစိုးရအနေနှင့် တရားဝင်ရွေးကောက်တင်မြှောက်ခြင်းခံရသည်ဖြစ်စေကာမူ တချိန်တွင် ကျဆုံးရသည်သာ ဖြစ်သည်။


လက်ရှိအချိန်သည် ဗမာ့တပ်မတော်သားတို့အပါအ၀င် တိုင်းရင်းသား အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ၀န်ထမ်း၊ ရဟန်းသံဃာနှင့် အခြားဘာသာဝင်အားလုံးဖြစ်သည့် ဗမာနိုင်ငံသားအားလုံး ကိုယ့်ကြမ္မာကိုကိုယ် ဖန်တည်းကြရမည့်အချိန်ဖြစ်သည်။ အမှန်တရားအတွက် အနာဂတ်အတွက် အစွမ်းကုန်ရုန်းကန်တိုက်ပွဲဝင် ကြရမည်။ တဦးချင်း ပူးပေါင်းပါဝင် ကြရမည်။ ကိုယ်တတ်နှိုင်သော ဆန့်ကျင်မှုကို လက်ဝယ်ရရှိပိုင်ဆိုင်ထား သည့် အခွင့်အရေးအတိုင်း ကိုယ်တိုင်ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမည်သာဖြစ်သည်။ လူထုတိုက်ပွဲခေါ်သံကို ကြားသည် နှင့် တပြိုင်နက် ချက်ခြင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပူးပေါင်း တိုက်ပွဲဝင် သွားကြပါစို့။

မတရားမိစ္ဆာစနစ် ကျဆုံးပါစေ။

"အတ္ထာဟိအတ္တနောနာထော"

ရာဇ (မဟာသား)
၂၈၊ ၁၊ ၂၀၀၉