Sunday, February 7, 2010

သံဃာ့တပ်ပေါင်းစု အဖွဲကြီးက ABMA ဂျာနယ်ကို ၂ ပါတ်တကြိမ် ထုတ်ဝေသွားမည်ဟုပြော


သံဃာ့တပ်ပေါင်းစု၏ ABMA ဂျာနယ်ကို ယနေ့ ၇ ရက်နေ့နေ့စွဲဖြင့် ထုတ်ဝေလိုက်ပါသည်။ ထိုဂျာနယ်ကို လွယ်ကူစွာ ဖတ်ရှုနိုင်သည့် အွန်လိုင်းဂျာနယ် အနေဖြင့်လည်းကောင်း ဒေါင်းလုပ်ရယူပြီး အဆင်ပြေ လွယ်ကူစွာ ပရင့် ထုတ်နိုင်သည့် ဂျာနယ် အဖြစ် လည်းကောင်း ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။
သံဃာ့တပ်ပေါင်းစု၏ စည်းရုံးရေးတာဝန်ခံနှင့် ABMA ဂျာနယ်၏ အုပ်ချုပ်ရေးမှူး အရှင်ဇနက က ABMA ဂျာနယ်ကို ထုတ်ဝေရခြင်းနှင့်ပါတ်သက်၍ သံဃာ့တပ်ပေါင်းစု လုပ်ဆောင်ချက်များကို အများပြည်သူ ပိုမို ရှင်းလင်းစွာ သိရှိစေရန်၊ သံဃာတော်များ၏ အတွေးအမြင် ရေးသားချက်များကို ဖေါ်ပြပေးရန်၊ ပြည်သူများ မရှင်းလင်းသည့် သာသနာရေး ဆိုင်ရာကိစ္စ မေးမြန်းချက်များကို ဖြေကြားပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေ အနေများနှင့် အတွေးအမြင် ဗဟုသုတများကို ဖြန့်ဝေပေးရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့ကြောင်း ရှင်းလင်း ပြောပြခဲ့ပါသည်။
ABMA ဂျာနယ်၏ သံဃာ့ တပ်ပေါင်းစု အာဘော်တွင် ဦးအောင်ဆန်းဦးကို ဘာ့ကြောင့် သပိတ်မှောက် ကံဆောင်ရသည် အကြောင်းကို ရှင်းလင်းပြောပြထားသလို၊ သံဃာ့တပ်ပေါင်းစုကြီး ဖြစ်ပေါ်လာသည့် သမိုင်းကိုလဲ အခန်းဆက်ဆောင်းပါးဖြင့် ဖေါ်ပြထားပြီး ဝတ္ထု၊ ဆောင်းပါးနှင့် မြန်မာပြည်ဆိုင်ရာ နောက်ဆုံး သတင်းများနှင့် အားကစား သတင်းများကိုလည်း စုံလင်စွာဖေါ်ပြထားပါသည်။
ABMA Journal 07-02-2010 ကို အွန်လိုင်းတွင်ဖတ်ရှုရန် ဤနေရာတွင်နှိပ်ပါ။ဤနေရာတွင်နှိပ်၍ လွယ်ကူစွာ ဒေါင်းလုပ်ရယူနိုင်ပါသည်။

၈ နှစ်ကြာသော်လည်း ဦးအောင်ဆန်းဦး နေအိမ် မပြီးပြတ်နိုင်သေး

By abma | February 5, 2010

သိန်း ၃ဝဝဝ လောက် ကုန်နေပြီဖြစ်သော ဆောက်လုပ်မှု ကုန်ကျစရိတ် ကျပ်သိန်း ၆ဝဝဝ လောက် မှန်းထားသည့် ဥရောပစတိုင် ၂ ထပ်တိုက်ခေါင်မိုး သုံးခုနဲ့ မြေအောက်ခန်း၊ ဓာတ်လှေကားပါ တဲ့ အောင်ဆန်းဦးရဲ့အိမ်

အပြည့်အစုံသို့

အောင်ဆန်းဦးရဲ့ လုပ်ရပ်နဲ့ လဲ့လဲ့နွယ်သိန်း စိတ်ဓာတ်

အပြည့်အစုံ

No comments:

Post a Comment