

“အာဇာနည်နေ့အဓိဌာန်”
◊အာဇာနည်ဆိုတာ
ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့
ပုခုံးဒေါက်က ကြယ်ပွင့်များမဟုတ်။
◊ဖေါ်ရှိုးပြထားတဲ့
ရင်ဘတ်က တံဆိပ်များလဲမဟုတ်။
◊ကိုယ့်ကိုယ်ကို အစွံထုတ်တဲ့
ဗိုလ်ချုပ်မှူးကြီး ရာထူးလဲမဟုတ်။
◊ဘယ်သူမှ အတုလုပ်မရတဲ့
အနှိုင်းမဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။
◊အာဇာနည်ဆိုတာ
တုပြိုင်ဘက်ကင်းတဲ့
စွန့်လွှတ် အနစ်နာခံခြင်းရဲ့သရုပ်။
◊ရယူလိုမှုကင်းတဲ့
အဆုံးမဲ့ ပေးဆပ်ခြင်းရဲ့ပြရုပ်။
◊လူသား ဖြစ်တည်မှုရဲ့
ကြီးမြတ်တဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။
◊လူတဦးရဲ့ လုပ်ရပ်ကို
သမိုင်းက အဖြေထုတ်သလို
အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ကို
လူထုရဲ့ နှလုံးသားက ထုလုပ်တယ်။
◊ အဲဒီဂုဏ်ပုဒ်ကို
ဦးညွတ် အလေးပြုကြ။
အာဇာနည် စိတ်ဓါတ်ကို
လက်ဆင့်ကမ်း သယ်ဆောင်ကြ။
သူတို့ ရည်မှန်းတဲ့
ဒီမိုကရေစီ ပန်းတိုင်ဆီ
တိုက်ပွဲဝင် ချီတက်ကြ။
အမျိုးသားရေး အောင်လံကို
အမြင့်မားဆုံး လွှင့်ထူကြ။
No comments:
Post a Comment